ဦးဗေလုဝ ကွယ်လွန်သည် ဆိုတဲ့ သတင်းအမှား ကို တင်ခဲ့မိလို့ ပရိသတ်ကို တောင်းပန်လိုက် တဲ့ လွင်မိုး

Posted on

မင်းသားကြီး လွင်မိုးကတော့ ပရိသတ်တွေအားလုံးရဲ့ အားပေးဝန်းရံမှုကို တစ်ခေတ် တစ်ခါကတည်းကရရှိခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ် ။ လွင်မိုးက ထူးချွန်ပြောင်မြောက်တဲ့ အနုပညာ အရည်အချင်းတွေကို ပိုင်ဆိုင်ထားသူဖြစ်လို့ သူ့ကို အနုပညာရှင် အချင်းချင်းကပါ လေးစားချစ်ခင်နေရတာ ဖြစ်ပါတယ် ။ လက်ရှိအချိန်မှာတော့ လွင်မိုးက အနုပညာ အလုပ်တွေကို ရပ်နားထားခဲ့တာ အချိန်အတော်ကြာအောင်ရှိနေခဲ့ ပြီလည်း ဖြစ်ပါတယ် ။

ဒီနေ့မှာတော့ လွင်မိုးက ဦးဗေလုဝသေပြီ ဆိုတဲ့ သတင်းကို တင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဦးဗေလုဝသေပြီဆိုတဲ့ သတင်းဟာ လူမှုကွန်ယက်မှာ ပြန့်နှံ့သွားခဲ့တာပဲဖြစ်ပါတယ်။ လွင်မိုးက ဦးဗေလုဝကွယ်လွန်တာမဟုတ်ကြောင်း သတင်းမှားယွင်းတာသာဖြစ်ကြောင်း ပရိသတ်ကို တောင်းပန် လာခဲ့ပါတယ်။ ဦးဗေလုဝကတော့ ကျန်းမာစွာ ရှိနေသေးတာပဲဖြစ်ပါတယ်။

စွယ်စုံမှလဲ ဦးလွင်မိုးတင်ခဲ့သောသတင်းကြောင့် ဦးဗေလုဝကွယ်လွန်ဆိုတဲ့ သတင်းကို တင်ခဲ့တာဖြစ်ပါတယ်။ ဒီသတင်း ဟာ မှားယွင်းနေတဲ့ သတင်းဖြစ်ခဲ့တာကြောင့် ဦးဗေကိုရော ပရိသတ်ကြီးကိုရော တောင်းပန်အပ်ပါတယ်။ ဦးဗေတစ်ယောက် ကျန်းမာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။ အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင်နိင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

crd

zawgyi




crd

Leave a Reply

Your email address will not be published. Required fields are marked *