ဦးဖိုးအေး တို့ မိသားစု သင်္ချိုင်း ထဲ မှာ ပေါက်တဲ့ မျှစ် ကို ချိုးယူ ပြီး စား လိုက်မိ ကြသော အခါ…

Posted on

*သင်္ချိုင်း ဆိုသည်မှာ* လူ တစ်ယောက် က မေးတယ်… “ကိုဖိုးအေး ခင်ဗျား သင်္ချိုင်းထဲက မျှစ်တွေ ယူစားနေတာ မရွှံဘူးလား…? ဖြေ။ ။”ဘာ ရွှံမလဲကွ လူသေကောင်က ထွက်တဲ့မျှစ်မှ မဟုတ်တာ မြေကြီးထဲက ထွက်တဲ့မျှစ်ပဲ ဘာရွှံစရာရှိ လဲ။ သင်္ချိုင်းဆို တာလဲ မြေကြီး ပါပဲကွာ လူ တွေသမုတ်ထား လို့သာ သင်္ချိုင်း ဖြစ်နေတာပါ ငါဆို ဒီသင်္ချိုင်းက ထွက်တဲ့မျှစ်တွေ စားလာတာ ကြာပါပြီ။

ကြည့်စမ်း ငါ့သားသမီးတွေ ဘယ်လောက်ချောလဲ။ ကျန်းမာရေး ဘယ်လောက်ကောင်းလဲ။ ဖျားနာနေတာ မင်း တို့မြင်ဘူးလာ။ ဉာဏ်ရည်ဆို တာ လည်း ငါ့သားသမီးတွေ ကျူရှင်တောင်မယူနိုင်ဘူး။ ရွာကနေ ကျပ်ပြင်ကျောင်းသွားတတ်နေရတာ။

မင်းတို့စဉ်းစားကြည့် မြတ်စွာဘုရားတောင်မှ သုသာန်တစ်စ သင်္ချိုင်းဝက လူသေလွှမ်းတဲ့အဝတ်တွေ ကောက်ယူတော်မူပြီး ပံ့သုကူသင်္ကန်း ချုပ်ပြီး သုံးဆောင်တော်မူသေးတာ မင်းတို့ငါတို့လို ဘာမှမဟုတ်တဲ့အကောင်တွေက ရှောင်တယ်ဆိုတာ ရယ်စရာကြီးကွ။

ကျောင်းစကိုရှောင် မသာစကို “ဆောင်”ဆိုတဲ့အဆိုလည်းရှိသားပဲကွာ။ကျောင် ပစ္စည်းယူသုံးရင်သာ အပြစ်ရှိမယ် သင်္ချိုင်းပစ္စည်း ယူသုံး ရင် အပြစ်လုံးဝမရှိဘူးကွ။ ဘာလို့လဲဆိုတော့ သင်္ချိုင်းဆိုတာ လူတွေရဲ့စိတ်ထဲမှာ လုံးဝသံယောဇဉ်အတွယ်အတာမရှိပဲစွန့်ပစ် ထားတဲ့ နယ်မြေ အဲ့ဒီနယ်မြေထဲက ပစ္စည်းမှာ ဘာအနှောင်အတွယ်မှ မရှိကြဘူး။

အဲ့ဒီစင်ကြယ်တဲ့ပစ္စည်းကို ငါသုံးတဲ့အခါ ငါလိပ်ပြာလုံတာပေါ့ကွာ။ ဘုန်းကြီးကျောင်းဝင်းထဲက ညောင်ချင်တစ်နပ်စာလောက်ခူးခဲ့ရင်တောင် ငါလိပ်ပြာလုံမှာမဟုတ်ဘူး။ ကျောင်းဆိုတာက သာသနာ့နယ်မြေသံဃာရဲ့ပစ္စည်းလေကွာ။ ယှဉ်ကြည့်ပေါ့။ကျောင်းပစ္စည်းဆိုတာမစားတတ် ရင် သံသရာအဆိပ်ကွ။

သင်္ချိုင်းပစ္စည်းက သံသရာအဆိပ်ကင်းစေတယ်။ဒါ့ကြောင့် ငါအမြဲစားခဲ့တာပေါ့။သင်္ချိုင်းကမျှစ်လည်း မျှစ်ပါပဲ။ အပြင် က မျှစ်လည်း မျှစ်ပါ ပဲ။ အတူတူပါပဲကွာ။အေ သင်္ချိုင်းထဲက မျှစ်က စားမဖြစ်အောင် ခါးနေတယ် ပုတ်စော်နံနေတယ်ဆိုရင်တော့ ငါလဲ လူပဲကွာ ဘယ်စားမှာလဲ။ အလကားပါကွာ လူတွေကိုက အယူသီးနေတာပါ သင်္ချိုင်းတဲ့ မင်း တို့စဉ်းစား ကြည့် သင်္ချိုင်းဆို တာက ကြာကြာ တစ်ခါ လူသေမှ မြှုတ်ကြ တာ။ မင်းတို့ငါတို့ရဲ့ ပါးစပ်တွေကိုကြည့်စမ်း။

ငါးပုပ်ရင် ဆားနဲ့နယ်ပြီး ငါးဆားနယ်ဆိုပြီး စားကြတယ်။ ကြက်သေ/ဝက်သေ/ဘဲသေ/ငါးသေ/နွားသေ/ဆိတ်သေ တွေကွာ။ စဉ်းစားကြည့် ကြ။အဲ့ဒါလည်း #အသုဘ တွေပဲကွာ။ ကြက်မသာ/ဝက်မသာ/နွားမသာ တွေပဲကွာ။ဒါတွေကြတော့ #အသုဘ လို့မမြင်ဘဲ #သုဘလို့ထင်ပြီး ချက်ပြုတ် ကြော်လှော်စားကြတယ်။ မင်းတို့ငါတို့ရဲ့ပါးစပ်သင်္ချိုင်းထဲကဘအဲ့ဒီလိုတိရိစ္ဆာန်အသေကောင်တွေ မနည်းမနောဝင်ပြီးပြီနော်။

ဒါကြတော လောကနိယာမ ကောင်းမွန်တဲ့ အစားအစာ လို့ သတ်မှတ်ကြတယ်။ သူလည်း ခန္ဓာငါးပါးအစု အဝေး အပုပ် ကောင်ပဲ မဟုတ်ဘူး လား။ မသန့်တာက အဲ့ဒီပါးစပ်သင်္ချိုင်းပဲကွ။ ဒါတွေကြတော တဖြောင်းဖြောင်း ဝါးစားနေကြပြီး ငါသင်္ချိုင်းထဲက မျှစ်ချိုးစား တာကြ တော အပြစ်မြင်ပြီး လူရာမသွင်းချင်သလိုလို ဘာလိုလိုနဲ့ လူတွေကွာ

#တရား အလွန်ဝေးတဲ့လူတွေပါလာ။ ကိုယ်ပြောမှ #အမှန် ကိုယ်လုပ်မှ #အဟုတ် ထင်ကြတာလား။ လူဆို တာ သေမျိုး ကွ ဘယ်သူမှ ဒီသ င်္ချိုင်း က ပြေးမလွတ်ဘူး။ မှတ်ထား။” မိုးကုတ်ကျော်ကျော်စိုး သေးခြင်းတရားနှင် သင်္ချိုင်း Credit

Leave a Reply

Your email address will not be published. Required fields are marked *