ဦးကျော်သူ နဲ့ ဒေါ်ရွှေဇီးကွက် တို့ရဲ့ သမီး ဖြစ်သူ သစ္စာ ဆို ဖွင့်ဟပြီ

Posted on

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ထုတ်ပြန်ချက်

အာဏာသိမ်းစစ်ကောင်စီသည် မိမိတို့ နာရေး ကူညီမှုအသင်း (ရန်ကုန်)သို့ မတ်လ ၃ ရက်နေ့ ည ၁၁ နာရီ မိနစ် ၂၀ ခန့်တွင် အကြမ်းဖက်ဝင်ရောက် စီးနင်းခဲ့ပြီး BOD ရုံးခန်း အမှုဆောင်ရုံးခန်း ပြန်ကြားရေးဌာနနှင့် ဘဏ္ဌာရေး ဆိုင်ရာ ဌာနများရှိ မှန်တံခါးများပစ်ခွင်းရိုက်ခွဲ၍ computer များ၊Laptop များ တန်ဖိုးကြီး ကင်မရာများ ၊ ဗီဒီယို

ကင်မရာများနှင့် စာရွက်စာတမ်း များအား သိမ်းယူခြင်း အလှူငွေများထားရှိရာ မီးခံသေတ္တာတွင်းမှ ငွေသား အလှူငွေ ကျပ် သိန်း ၅၀၀ ခန့်အား ယူဆောင်သွားခဲ့သည့် အပြင် ညတာဝန်ကျ လုပ်အားပေးများ ဝန်ထမ်းများအား ရိုက်နှက်ကာ ဖုန်းနှင့် ငွေကြေးများအား လုယက် ယူဆောင်သွားခဲ့ပါသည်။

7.3.2021 နေ့တွင် အာဏာသိမ်း စစ်ကောင်စီ မှ အသင်းရံပုံငွေ အဖြစ် ထားရှိသော စာရင်းသေ အပ်ငွေ ကျပ် နှစ်ဘီလီယံအား CDM ငွေသားများ ဖြစ်သည် ဆိုသည့် အများပြည်သူ အလှူရှင်များ ထင်ယောင်ထင်မှား ဖော်ပြချက်များ ရေးသားဖော်ပြသည်ကို ၎င်းတို့၏ မီဒီယာများတွင် ကြေငြာ ဖော်ပြထားသည်ကို တွေ့ရှိရပါသည် ။

အမှန်တကယ်မှာ ထို စာရင်းသေ အပ်ငွေ ကျပ် နှစ်ဘီလီယံမှာ လွန်ခဲ့သော လေးနှစ်ခန့်မှ စတင်ကာ အသင်း၏ရံပုံငွေမှ management team ၏ အစည်းအဝေး ဆုံးဖြတ်ချက်များဖြင့် သက်ဆိုင်ရာ ဘဏ်များ၏ လုပ်ထုံးလုပ်နည်းအတိုင်း စနစ်တကျ အပ်နှံ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ကို ပြည်သူလူထု သိရှိ နားလည်စေရန် တင်ပြအပ်ပါသည်။

ကိုယ်ကျိုးအတွက် ငွေတပြားတကျပ်မှ အလွဲသုံးစား မလုပ်ဖူး ကြောင်း ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ရဲ့ သမီးဖြစ်သူ သစ္စာဆိုဖွင့်ဟ

ဦးကျော်သူနဲ့ ဒေါ်မြင့်မြင့်ခင်ဖေ(ခေါ်)ဒေါ်ရွှေဇီးကွက်တို့ဟာ ပြည်သူ လူထုက ယုံကြည် စွာလှူဒါန်းထားတဲ့ငွေနဲ့ ဝတ္ထုပစ္စည်းတွေကို ဘယ်တုန်းကမှ ကိုယ်ရေးကိုယ်တာ ကိုယ်ကျိုးအတွက် ငွေတပြားတကျပ်ကိုမှ အလွဲသုံးစားမလုပ်ခဲ့ကြောင်း ၎င်းတို့ရဲ့သ မီးဖြစ်သူက လူမှုကွန်ရက်စာမျက်နှာမှာ ဒီနေ့မတ်လ ၉ ရက်နေ့မနက်ပိုင်းက အခုလို ရေးသား ထားပါတယ်။

“နာရေးကူညီမှုအသင်း(ရန်ကုန်) ဘဘဦးသုခ တို့နှင့်အတူ ၂၀၀၁ခုနှစ်တွင် စတင် တည်ထောင်တုန်းကလည်း စတင်မတည်ငွေအဖြစ် မိမိ မိဘများမှ ငွေဒါနပြုခဲ့သည်။ နာ/ကူအသင်း သက်တမ်းတလျှောက်လုံးတွင်လည်း မိမိ မိဘများမှ လူအား၊ အချိန်အား၊ငွေအားစိုက်ကာ ငွေတစ်ပြား တစ်ကျပ်မှမယူပဲ စစ်မှန်‌သောပရဟိတ စိတ်ဖြင့်သာ ပြည်သူများအပေါ်တွင် အလုပ်အကျွေးပြုနေခြင်းသာ ဖြစ်ပါသည်။ မိမိ မိဘများသည် သူတပါး၏ ပစ္စည်းဥစ္စာကို အဘယ်သော် အခါကမှ အဓမ္မဖြင့် လိမ်ညာအမြတ်ထုတ်ချင်း မလုပ်ခဲ့ဖူးပါ။ အထက်ပါအချက်များကို မိမိအသက်ဖြင့် သစ္စာ ဆိုရဲသည်”သည် စသဖြင့် ရေးသား ထားတာဖြစ်ပါတယ်။

နာရေးကူညီမှုအသင်းရန်ကုန် ဥက္ကဋ္ဌ ဦးကျော်သူနဲ့ ဘဏ္ဍာရေးမှူး ဒေါ်ရွှေဇီးကွက် တို့ကို စစ်ကောင်စီက မရမ်းကုန်းမြို့နယ်ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ထားပါတယ်။ နာကူအသင်းရန်ကုန်ရုံးကိုလည်း တပ်နဲ့ရဲက ဝင်ရောက်စီးနင်း ရှာဖွေထားပြီး စာရွက်စာတမ်းတွေနဲ့ ပစ္စည်းတွေကို သိမ်းဆည်း ယူဆောင်သွားတယ်လို့ အခင်းဖြစ်စဉ်မှာ ရှိနေတဲ့သူတွေက ပြောကြား ထားပါတယ်။

crd

zawgyi

နာေရးကူညီမႈအသင္း(ရန္ကုန္)မွ ထုတ္ျပန္ခ်က္

အာဏာသိမ္းစစ္ေကာင္စီသည္ မိမိတို႔ နာေရး ကူညီမႈအသင္း (ရန္ကုန္)သို႔ မတ္လ ၃ ရက္ေန႔ ည ၁၁ နာရီ မိနစ္ ၂၀ ခန႔္တြင္ အၾကမ္းဖက္ဝင္ေရာက္ စီးနင္းခဲ့ၿပီး BOD ႐ုံးခန္း အမႈေဆာင္႐ုံးခန္း ျပန္ၾကားေရးဌာနႏွင့္ ဘဏၭာေရး ဆိုင္ရာ ဌာနမ်ားရွိ မွန္တံခါးမ်ားပစ္ခြင္း႐ိုက္ခြဲ၍ computer မ်ား၊Laptop မ်ား တန္ဖိုးႀကီး ကင္မရာမ်ား ၊ ဗီဒီယို

ကင္မရာမ်ားႏွင့္ စာ႐ြက္စာတမ္း မ်ားအား သိမ္းယူျခင္း အလႉေငြမ်ားထားရွိရာ မီးခံေသတၱာတြင္းမွ ေငြသား အလႉေငြ က်ပ္ သိန္း ၅၀၀ ခန႔္အား ယူေဆာင္သြားခဲ့သည့္ အျပင္ ညတာဝန္က် လုပ္အားေပးမ်ား ဝန္ထမ္းမ်ားအား ႐ိုက္ႏွက္ကာ ဖုန္းႏွင့္ ေငြေၾကးမ်ားအား လုယက္ ယူေဆာင္သြားခဲ့ပါသည္။

7.3.2021 ေန႔တြင္ အာဏာသိမ္း စစ္ေကာင္စီ မွ အသင္းရံပုံေငြ အျဖစ္ ထားရွိေသာ စာရင္းေသ အပ္ေငြ က်ပ္ ႏွစ္ဘီလီယံအား CDM ေငြသားမ်ား ျဖစ္သည္ ဆိုသည့္ အမ်ားျပည္သူ အလႉရွင္မ်ား ထင္ေယာင္ထင္မွား ေဖာ္ျပခ်က္မ်ား ေရးသားေဖာ္ျပသည္ကို ၎တို႔၏ မီဒီယာမ်ားတြင္ ေၾကျငာ ေဖာ္ျပထားသည္ကို ေတြ႕ရွိရပါသည္ ။

အမွန္တကယ္မွာ ထို စာရင္းေသ အပ္ေငြ က်ပ္ ႏွစ္ဘီလီယံမွာ လြန္ခဲ့ေသာ ေလးႏွစ္ခန႔္မွ စတင္ကာ အသင္း၏ရံပုံေငြမွ management team ၏ အစည္းအေဝး ဆုံးျဖတ္ခ်က္မ်ားျဖင့္ သက္ဆိုင္ရာ ဘဏ္မ်ား၏ လုပ္ထုံးလုပ္နည္းအတိုင္း စနစ္တက် အပ္ႏွံ ေဆာင္႐ြက္ခဲ့ျခင္း ျဖစ္သည္ကို ျပည္သူလူထု သိရွိ နားလည္ေစရန္ တင္ျပအပ္ပါသည္။

ကိုယ္က်ိဳးအတြက္ ေငြတျပားတက်ပ္မွ အလြဲသုံးစား မလုပ္ဖူး ေၾကာင္း ဦးေက်ာ္သူနဲ႔ ေဒၚေ႐ႊဇီးကြက္တို႔ရဲ႕ သမီးျဖစ္သူ သစၥာဆိုဖြင့္ဟ

ဦးေက်ာ္သူနဲ႔ ေဒၚျမင့္ျမင့္ခင္ေဖ(ေခၚ)ေဒၚေ႐ႊဇီးကြက္တို႔ဟာ ျပည္သူ လူထုက ယုံၾကည္ စြာလႉဒါန္းထားတဲ့ေငြနဲ႔ ဝတၳဳပစၥည္းေတြကို ဘယ္တုန္းကမွ ကိုယ္ေရးကိုယ္တာ ကိုယ္က်ိဳးအတြက္ ေငြတျပားတက်ပ္ကိုမွ အလြဲသုံးစားမလုပ္ခဲ့ေၾကာင္း ၎တို႔ရဲ႕သ မီးျဖစ္သူက လူမႈကြန္ရက္စာမ်က္ႏွာမွာ ဒီေန႔မတ္လ ၉ ရက္ေန႔မနက္ပိုင္းက အခုလို ေရးသား ထားပါတယ္။

“နာေရးကူညီမႈအသင္း(ရန္ကုန္) ဘဘဦးသုခ တို႔ႏွင့္အတူ ၂၀၀၁ခုႏွစ္တြင္ စတင္ တည္ေထာင္တုန္းကလည္း စတင္မတည္ေငြအျဖစ္ မိမိ မိဘမ်ားမွ ေငြဒါနျပဳခဲ့သည္။ နာ/ကူအသင္း သက္တမ္းတေလွ်ာက္လုံးတြင္လည္း မိမိ မိဘမ်ားမွ လူအား၊ အခ်ိန္အား၊ေငြအားစိုက္ကာ ေငြတစ္ျပား တစ္က်ပ္မွမယူပဲ စစ္မွန္‌ေသာပရဟိတ စိတ္ျဖင့္သာ ျပည္သူမ်ားအေပၚတြင္ အလုပ္အေကြၽးျပဳေနျခင္းသာ ျဖစ္ပါသည္။ မိမိ မိဘမ်ားသည္ သူတပါး၏ ပစၥည္းဥစၥာကို အဘယ္ေသာ္ အခါကမွ အဓမၼျဖင့္ လိမ္ညာအျမတ္ထုတ္ခ်င္း မလုပ္ခဲ့ဖူးပါ။ အထက္ပါအခ်က္မ်ားကို မိမိအသက္ျဖင့္ သစၥာ ဆိုရဲသည္”သည္ စသျဖင့္ ေရးသား ထားတာျဖစ္ပါတယ္။

နာေရးကူညီမႈအသင္းရန္ကုန္ ဥကၠ႒ ဦးေက်ာ္သူနဲ႔ ဘ႑ာေရးမႉး ေဒၚေ႐ႊဇီးကြက္ တို႔ကို စစ္ေကာင္စီက မရမ္းကုန္းၿမိဳ႕နယ္ရဲစခန္းမွာ ရာဇသတ္ႀကီးပုဒ္မ ၅၀၅(က) နဲ႔ အမႈဖြင့္ထားပါတယ္။ နာကူအသင္းရန္ကုန္႐ုံးကိုလည္း တပ္နဲ႔ရဲက ဝင္ေရာက္စီးနင္း ရွာေဖြထားၿပီး စာ႐ြက္စာတမ္းေတြနဲ႔ ပစၥည္းေတြကို သိမ္းဆည္း ယူေဆာင္သြားတယ္လို႔ အခင္းျဖစ္စဥ္မွာ ရွိေနတဲ့သူေတြက ေျပာၾကား ထားပါတယ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *