“ဥပဒေမဲ့အာဏာ သိမ်းစစ်တပ် အပေါ် FACEBOOK ဘယ်လို အရေးယူမ လဲ ဆိုတာ ပြောပြီ

Posted on

မြန်မာစစ်တပ်က ရေးသားဖြန့်ချိနေတဲ့ အကြောင်းအရာမှန်သမျှဟာ သတင်းအတုတွေဖြစ်တာမို့ သူတို့ဖော်ပြသမျှ လူအများစုဆီမရောက်အောင်၊ လူအများစု မမြင်ရအောင် ကန့်သတ်တော့မယ်လို့ Facebook ကုမ္ပဏီက ပြောလိုက်ပါတယ်။ မြန်မာစစ်တပ်က ထိန်းချုပ်ထားတဲ့ စာမျက်နှာအပါအဝင် အခြားဆက်စပ်တဲ့ စာမျက်နှာတွေမှာ မြန်မာပြည်သူတွေဆီ သတင်းအချက်အလက်အမှားတွေ၊ အတုတွေ မပေးပို့နိုင်အောင် ကန့်သတ်မှာဖြစ်ပြီး ဒါဟာ Facebook ကနေ ဖယ်ရှားတာတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ပိတ်ဆို့အရေးယူမှုဥပဒေပြဌာန်းလိုက်တာကြောင့် အရေးယူဒဏ်ခတ်ခံရတဲ့သူတွေနဲ့ ဆက်စပ်ပတ်သက်နေတဲ့ အရာမှန်သမျှပါ အကြုံးဝင်တာမို့ Facebook အနေနဲ့ မြန်မာစစ်တပ်ဖော်ပြသမျှကို Newsfeed ပေါ် Recommended အဖြစ်လည်း လုပ်မှာမဟုတ်သလို အာဏာသိမ်းစစ်တပ်က တရားမဝင်ထူထောင်ထားတဲ့ ဌာနနဲ့လုပ်ငန်းတွေရဲ့ Facebook စာမျက်နှာတွေပေါ် တင်သမျှ ဖယ်ရှားပစ်ဖို့ လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

“မြန်မာပြည်သူတွေဟာ သူတို့ဆန္ဒသဘောထားတွေကို လွတ်လပ်စွာဖော်ထုတ်နေတာကို ကမ္ဘာကြီးလည်း အင်မတန်အထင်တကြီးရှိလှပါတယ်။ ဒါ့ကြောင့် မြန်မာပြည်သူတွေရဲ့ နိုင်ငံရေးဆိုင်ရာပြောဆိုချက်တွေကိုလည်း အကာအကွယ်ပေးရပါမယ်”လို့ အများပြည်သူ မူဝါဒဆိုင်ရာ ဒါရိုက်တာ ရာဖယ် ဖရန်ကယ်က ဆိုပါတယ်။

kamayut media

zawgyi

ျမန္မာစစ္တပ္က ေရးသားျဖန႔္ခ်ိေနတဲ့ အေၾကာင္းအရာမွန္သမွ်ဟာ သတင္းအတုေတြျဖစ္တာမို႔ သူတို႔ေဖာ္ျပသမွ် လူအမ်ားစုဆီမေရာက္ေအာင္၊ လူအမ်ားစု မျမင္ရေအာင္ ကန႔္သတ္ေတာ့မယ္လို႔ Facebook ကုမၸဏီက ေျပာလိုက္ပါတယ္။ ျမန္မာစစ္တပ္က ထိန္းခ်ဳပ္ထားတဲ့ စာမ်က္ႏွာအပါအဝင္ အျခားဆက္စပ္တဲ့ စာမ်က္ႏွာေတြမွာ ျမန္မာျပည္သူေတြဆီ သတင္းအခ်က္အလက္အမွားေတြ၊ အတုေတြ မေပးပို႔ႏိုင္ေအာင္ ကန႔္သတ္မွာျဖစ္ၿပီး ဒါဟာ Facebook ကေန ဖယ္ရွားတာေတာ့ မဟုတ္ဘူးလို႔ ဆိုပါတယ္။

အေမရိကန္ျပည္ေထာင္စုရဲ႕ ပိတ္ဆို႔အေရးယူမႈဥပေဒျပဌာန္းလိုက္တာေၾကာင့္ အေရးယူဒဏ္ခတ္ခံရတဲ့သူေတြနဲ႔ ဆက္စပ္ပတ္သက္ေနတဲ့ အရာမွန္သမွ်ပါ အႀကဳံးဝင္တာမို႔ Facebook အေနနဲ႔ ျမန္မာစစ္တပ္ေဖာ္ျပသမွ်ကို Newsfeed ေပၚ Recommended အျဖစ္လည္း လုပ္မွာမဟုတ္သလို အာဏာသိမ္းစစ္တပ္က တရားမဝင္ထူေထာင္ထားတဲ့ ဌာနနဲ႔လုပ္ငန္းေတြရဲ႕ Facebook စာမ်က္ႏွာေတြေပၚ တင္သမွ် ဖယ္ရွားပစ္ဖို႔ လုပ္ေဆာင္မယ္လို႔ ဆိုပါတယ္။

“ျမန္မာျပည္သူေတြဟာ သူတို႔ဆႏၵသေဘာထားေတြကို လြတ္လပ္စြာေဖာ္ထုတ္ေနတာကို ကမာၻႀကီးလည္း အင္မတန္အထင္တႀကီးရွိလွပါတယ္။ ဒါ့ေၾကာင့္ ျမန္မာျပည္သူေတြရဲ႕ ႏိုင္ငံေရးဆိုင္ရာေျပာဆိုခ်က္ေတြကိုလည္း အကာအကြယ္ေပးရပါမယ္”လို႔ အမ်ားျပည္သူ မူဝါဒဆိုင္ရာ ဒါ႐ိုက္တာ ရာဖယ္ ဖရန္ကယ္က ဆိုပါတယ္။

kamayut media

Leave a Reply

Your email address will not be published. Required fields are marked *