အ သိမ်း ခံ “က လေး သင်္ကြန်”

Posted on

အရင်နှစ်တွေက ဒီအချိန်ဆိုရင် ထားဝယ်မှာ မောင်စွမ်းထက်အောင် တို့ ကလေးတစ်သိုက် မျက်နှာဖုံးစွပ် တစ်ခုတပ် ရေပြွတ် မဟုတ်ရင် နို့ဆီဗူးခွက် တစ်ခုခုနဲ့ ရေပက်နေကြပြီ။ သူတို့စုရပ်က ထားဝယ်မြို့ အမှတ် ၃အထက် တန်းကျောင်းအရှေ့ အာဇာနည် လမ်းမကြီးပေါ်မှာပါ။..

အခုဆိုရင် သူတို့စုရပ်မှာ မောင်စွမ်းထက်အောင် ရေသွားမပက်ဖြစ်တာ ၂ နှစ်ရှိနေပြီ။ မနှစ်က ကိုဗစ် ကပ်ဘေးကြောင့် မသွားဖြစ်ခဲ့သလို ဒီနှစ်ကြတော့ သူတို့စုရပ် အမှတ် ၃ ကျောင်းထဲမှာ စစ်တပ်က နေရာယူတပ်စွဲထားပါတယ်။

ဒါကြောင့်သူ ‌သူတို့စုရပ်ကိုမသွားရဲတော့ပါဘူး။ စိတ်ထဲမှာတော့ ကလေးသင်္ကြန်မှာ ရေမပက်ရလို့ မပျော်မရွှင်ဖြစ်နေရတယ် လို့ အသက်ကိုးနှစ်အရွယ် မောင်စွမ်းထက်အောင်က ဆိုပါတယ်။“ရေမပက်ရတော့ မပျော်ဘူးခင်ဗျား။အရင်တုန်းက စစ်တပ်လည်းမရှိသေးဘူး။ ကြိုက် သလိုပက်လို့ရတယ်” လို့..

မောင်စွမ်းထက်အောင်က ဆိုသည်။ဧပြီလ ၁၃ ရက် သင်္ကြန်မကျမီ သုံးရက်အလိုကတည်းက ထားဝယ်မှာ ကလေးသင်္ကြန်ဆိုပြီးရှိပါတယ်။၂၀၁၉ ခုနှစ်က တိုင်းအစိုးရဟာ မြို့ပေါ်ရပ်ကွက်တိုင်းမှာ ကလေးသင်္ကြန်မဏ္ဍပ်ဆောက်ပြီး ‌ဘေးကင်းကင်းနဲ့ ရေကစားနိုင်ဖို့..

ငွေကြေးထောက်ပံ့တာတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဆန်းချီရပ်ကွက် ကမြောကင်းလမ်းပေါ်မှာရှိတဲ့ ဆန်ချီမူကြိုကျောင်းမှာ ရေကစားမဏ္ဍပ်ဆောက်ပြီး ဖျော်ဖြေရေးအစီအစဉ်နဲ့ပါ ကလေးတွေ ရေစကားဖို့ စီစဉ်ပေးခဲ့ပါတယ်။

နောက်ပိုင်းနှစ်တွေမှာလည်းကလေးသင်္ကြန်ကို ပိုပြီး အလေးထားဆောင်ရွက်ဖို့ရှိတယ်ဆိုပြီး အဒီအချိန်က တနင်္သာရီတိုင်းအစိုးရဝန်ကြီးတစ်ဦးက ပြောဆိုခဲ့ဖူးပါတယ်။ဒါပေမယ့် ၂၀၂၀ ခုနှစ်မှာ ကိုဗစ်ကပ်ဘေးဆိုက်လာတော့ ကလေးသင်္ကြန်ရော လူကြီးသင်္ကြန်ပါ မရှိတော့ပါဘူး။..

မောင်စွမ်းထက်အောင်တို့ကတော့ ကိုဗစ်တုန်း ကတောင် အိမ်းအနီးအနားမှာ နည်းနည်းပါးပါး သင်္ကြန်ရေပက်ကြပါသေးတယ်။ သူတို့အုပ်စုက ထားဝယ်က အခြားက လေးတွေလိုပဲ ရေပက်ကြမ်းတဲ့သူတွေပါ။သူတို့အုပ်စုထဲမှာ အသက် ၁၁ ရှိပြီဖြစ်တဲ့ မသက်ထားစံလည်း..

ပါဝင်ပါတယ်။မနက်ကိုးနာရီခွဲဆိုရင် မောင်စွမ်းထက်အောင်၊ မသက်ထားစံ၊ မောင်နေမျိုးအောင်၊ မောင်‌ ကောင်းခန့်ကျော်တို့ အမှတ် ၃ ကျောင်းရှေ့မှာစုပြီး ရေပက်ကြပါတယ်။ သူတို့က အိမ်နီးချင်းတွေဖြစ်သလို အသက်လည်း တစ်နှစ်ကြီး တစ်နှစ်ငယ်တွေဖြစ်ကြပါတယ်။..

“လက်ဖဝါးမှာ သနပ်ခါးတွေလိမ်းပြီး ကားမှန်ကို လိုက်သုတ်ကြတယ်” လို့ အရင်က သူတို့အုပ်စု ကလေးသင်္ကြန်မှာ ကဲခဲ့တာကို မသက်ထားစံက ပြန်ပြောင်းပြောပြပါတယ်။ဒီနှစ်ကတော့ မြို့ထဲမှာ စစ်သားတွေရောက်နေကြလို့ သူတို့ရေမပက်ရဲကြဘူးလို့ဆိုကြပါတယ်။..

ပက်ပြန်ရင်လည်း ကြံ့ဖွံ့ဘက်ကလို့ အထင်ခံရမှာ စိုးတယ်လို့ ကလေး တစ်ယောက်က ဆိုပါတယ်။“အခုက ရေလည်းမပက်ရတော့ဘူး။စစ်တပ်တွေ၊ ကိုဗစ်တွေရှုပ်လို့” ဟု မောင်စွမ်းထက်အောင်ကဆိုပါတယ်။ထား ဝယ်မြို့ကအဓိကလမ်းမကြီးတွေကို ကလေးသင်္ကြန်..

နောက်ဆုံးနေ့ဖြစ်တဲ့ ဧပြီလ ၁၂ ရက်မှာ လိုက်လံကြည့်ခဲ့ရာမှာ ရေပက်နေတဲ့ ကလေးတစ်ယောက်မှကို မတွေ့ခဲ့ရပါဘူး။မောင်စွမ်းထက်အောင်တို့ကတော့ ဒီသင်္ကြန်ကို ဘောလုံးကန်ရင်း၊ တူတူပုန်းတမ်းဆော့ရင် ပုံမှန်အတိုင်းပဲ ဖြတ်သန်းကြမယ်လို့ ဆိုပါတယ်။..

လာမယ့်နှစ်သင်္ကြန်ကိုတော့ လွတ်လွတ် လပ်လပ် ရေက စားခွင့် ရဖို့ မောင်စွမ်းထက်အောင်တို့ သူငယ်ချင်းတစ်စု မျှော်လင့်နေကြပါတယ်။“နောက်နှစ်ဆိုရင်တော့ရေပက် ရမယ်လို့ပဲထင်တယ်။ နောက်နှစ်ဆိုရင် စစ်သားတွေ မရှိတော့ဘူးလို့ထင်တယ်” လို့ မောင်စွမ်းထက်ပိုင်က ဆိုပါတယ်။..

အခုလိုအချိန်ပေးပြီး ဖတ်ရှု အားပေး ခဲ့ကြတဲ့ ပရိတ်သတ်ကြီး အားလုံး ဘေးအန္တရာယ် များ ကင်းဝေးကြပြီး မြန်မာပြည်ကြီးလဲ အမြန်ဆုံး ငြိမ်းချမ်းပါစေ လို့ ဆုမွန်ကောင်း တောင်း ပေး လိုက် ရပါတယ်။

Crd-Original Post

Leave a Reply

Your email address will not be published. Required fields are marked *