အွန်လိုင်း ကနေ ဈေးရောင်းသူများ ရဲ့ ပို့စ်တွေကို သူမအကောင့်တွင် အနုပညာကြေး မယူဘဲ အခမဲ့ တင်ပေးသွားဖို့ စီစဉ်နေတဲ့ မိုးယုစံ

Posted on

ပရိသတ်ကြီးရေ မြန်မာနိုင်ငံတွင် ဆိုးဝါးတဲ့အနေအထား ဖြစ်ပေါ်နေတာကြောင့် အခြေခံ လူတန်းစားတွေ စားဝတ်နေရေးတော်တော်ကို ခက်ခဲနေကြပါတယ်နော်။ ဒါတွေကို ကူညီဖြေရှင်းပေးဖို့ မင်းသမီး မိုးယုစံတစ်ယောက်စီစဉ်နေပါတယ်နော်။ မိုးယုစံဟာ အခုမှ စရောင်းမယ့် ဈေးရောင်းသူများနဲ့ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်မယ့်သူများကို သူမရဲ့ Facebook အကောင့်ကနေ ပို့စ်တွေတင်ပြီး ကူညီပေးသွားမယ့် အကြောင်း အသိပေးလာပါတယ်နော်။

” အလုပ်အကိုင်စချင်သူများသာ….အခုချိန် ကျန်းမာရေး စီးပွားရေး နိုင်ငံရေး မကောင်းတဲ့အချိန်မှာ ဝမ်းစာအတွက်လည်း လူတိုင်း အခက်ခဲမျိုးစုံနဲ့ ရုန်းကန်နေရပီးစီးပွားရှာနေရတာပါပဲ မရှာလို့လည်း မရဘူးလေနော် ဒါကြောင့် စိတ်ကူးမိတာလေးက မိုးယုက မိုးယုအကောင့်လေးကနေ

–တစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်နေသူများ

–ခုမှ အကောင့်လေးဖွင့်ပြီး အိမ်စီးပွားရေးတွက် စလုပ်ကိုင်နေသူများ

–ခုမှစရင် ကိုယ့်အကောင့်လူသိဖို့အတွက် ကခက်ခဲအများကြီးရှိပါတယ်

-Boost လုပ်ရင်လည်းပိုက်ဆံမတတ်နိုင်ဘူးဆို ကူညီချင်ပါတယ်

မိုးယု အကောင့်ကနေ တစ်လ ကို ၃ခုလက်ခံပေးပြီးကြော်ငြာတင်ပေးပါမယ်(ကိုဗစ်ကာလမို့ မိုးယုတော့ ပုံမရိုက်ပေးပါဘူးနော် ပစ္စည်းလည်းပေးစရာမလိုပါဘူး တင်ချင်တဲ့ပုံနဲ့ စာသာရေးပေးပါ)

အဲ့တွက် မိုးယုဘက်က ကူညီတဲ့အနေနဲ့ အနုပညာကြေး လုံးဝ လုံးဝ မယူပါဘူးနော် 👍🏻👍🏻👍🏻မိုးယုက like share followနဲ့ရောင်းအားကောင်းအောင်က မိုးယုတာဝန်ယူပေးတာမဟုတ်ဘူးနော် မိုးယုအကောင့်မှာပြန်တင်ကြော်ငြာပေးခြင်းက ခုမှလုပ်ငန်းစသူများအတွက် ကိုယ့်ရောင်းကုန်ကို လူတွေပိုမြင်စေမှာတော့ သေချာပါတယ် 😀😀😀⚡️⚡️⚡️မိုးယုလက်ခံတင်ပေးမှာက ခုမှ လုပ်ငန်းစတဲ့သူ /like follow နည်းသေးတဲ့အကောင့်/တကယ်အဆင်မပြေလို့ အလုပ်လုပ်ကိုင်ချင်တဲ့ သူမျိုးရဲ့အကောင့် ဖြစ်ရပါမယ်

ကြော်ငြာချင်သူများ messenger ကနေပဲလာပြောပေးပါ တခြားကပေးပို့တာများလက်ခံမည်မဟုတ်ပါ you တို့က messager ကနေ ရောင်းမည့်ကုန်ပစ္စည်း ရဲ့ပုံရယ် ရောင်းတင်မည့်အကောင့်ရယ် တကယ်အလုပ်လုပ်ချင်ပြီး တကယ်အဆင်မပြေကြောင်း ကိုယ့်အကောင့်ကရောင်းပေမယ့်လူ မသိသေးကြောင်း ကိုတော့ ပုံနဲ့ စာနဲ့တကွ messenger ကနေ ပေးပို့ပေးရပါမယ်။ အဲ့ကနေ မိုးယုက ရွေးပြီးလက်ခံရင် စာပြန်ပေးပါမယ် စာမပြန်ရင် လက်မခံလို့ပါနော် မိုးယုကလည်းကူညီတာဖြစ်လို့ အများနဲ့တစ်ယောက်မို့လက်မခံဖြစ်တာ မတင်ပေးဖြစ်တာ ရှိရင်လည်း နားလည်ပေးစေချင်ပါတယ် ဒီလမကုန်ခင် စတင်ပေးပါမယ် ဘယ်ချိန်ထိတင်ပေးမှာလည်းတော့ပြောလို့မရသေးပါဘူးနော် ⚡️⚡️⚡️

မိုးယုတွက်ကတော့ ကိုယ်တင်ပီးကြော်ငြာပေးလိုက်လို့ သူ့စီးပွါးရေး အဆင်ပြေ သွားတာ လူပိုသိသွားတာ ဖြစ်ရင်ပဲဝမ်းသာပါတယ် ရောင်းကောင်းရင်တော့အတိုင်းထက်အလွန်ပေါ့ မိုးယုတွက် ကဘာအကျိုးအမြတ်မှမယူတဲ့အတွက် ဒီလို ကူညီတာကို ကိုက်ညီ အပ်ဆက်တဲ့သူပဲလာပါနော် ကိုယ်နဲ့မဆိုင်တဲ့သူတွေရဲ့ negative အမြင်တွေ လာမမန့်ကြပါနဲ့ မိုးယု ကူညီနိုင်တဲ့အရာကိုလိုအပ်တဲ့သူတွေလည်းရှိပါတယ် အဲ့လိုလူတွေတွက်ပဲ ရည်ရွယ်ပါတယ် သူတို့အတွက် ကြည့်ပေးပါ အားလုံးကျန်းမာ ပျော်ရွှင် စီးပွါးတိုးပါစေလို့ဆုတောင်းပေးလိုက်ပါတယ် 🙏🙏🙏

Pls-ဒါလေးကို ကူညီshareပေးနော်

မိုးယု တစ်ယောက်ဆီလိုတာ လိုက်ပြန်နေရလို့အဆင်မပြေလို့ပါ you တို့ဘက်က ပေးရမှာလေးတွေ သေချာရေးပေးပြီး ပို့ပေးပါနော်

၁–ရောင်းမည့်ကုန်ပစ္စည်း

၂–ရောင်းတင်မယ့် အကောင့် link (ဒါမှ မိုးယုက အကောင့်ထဲဝင်ကြည့်ပြီး ဆုံးဖြတ်မှာ မို့လို့ပါ)

၃–တကယ်လုပ်ချင်ပြီး အဆင်မပြေကြောင်းရေးပေးပါ

(ကိုယ်ပို့တာ ဒီ၃ချက်နဲ့ပြည့်စုံလားအရင်ကြည့်ပေးပါတစ်ယောက်ဆီ လိုတာလိုက်ပြောနေတာ အဆင်မပြေလို့ပါ အများနဲ့တစ်ယောက်မို့ပါ )

Pls- အကောင့်က like follow ၅၀၀အထက်ဆို မတင်ပေးပါဘူး နည်းတဲ့သူကိုဦးစားပေးပေးပါမယ်. အများအသုံး ဝင်ပြီးရောင်းကုန် အရေအသွေးကောင်းတဲ့ပစ္စည်းဖြစ်ရပါမယ်” လို့ ရေးထားပါတယ်နော်။ စာဖတ်ပရိသတ်တွေထဲမှ တကယ်ခက်ခဲနေသူများ မိုးယုစံရဲ့ Facebook အကောင့် messenger မှာ ကိုယ်ရောင်းချမယ့် ကုန်ပစ္စည်းအကြောင်း သွားပြောပြ ထားပေးပါနော်။

Leave a Reply

Your email address will not be published. Required fields are marked *