ရေဘဝလဲ ပျော့တိပျော့ဖက်ကောင်ကြီး တစ်ကောင် ကို ခန္ဓာကိုယ်ပေါ် တင်ပြီး ဓာတ်ပုံရိုက်ဖို့ဆိုတာဟာ လွယ်မယ်ထင်ရပေမယ့် တကယ်တော့မလွယ်လှပါဘူး။ သူ့ရဲ့လက်တံကြီးတွေနဲ့ ခန္ဓာကိုယ်ပေါ်မှာ လျှောက်သွား နေတာကြီးက အသည်းယားစရာကောင်း လှပြီး သာမန်လူတစ်ယောက်သာဆိုရင် လုံးဝရိုက်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဂျပန်က cosplayer တစ်ဦးဖြစ်တဲ့ Namada ကတော့ ပေါင် ၄၀ လောက်အလေးချိန် ရှိတဲ့ ရေဘဝဲကြီး ကို ခန္ဓာကိုယ်ပေါ် တင်ပြီး ဓာတ်ပုံရိုက်ခဲ့ပါတယ်။
သူမက ရေဘဝဲနဲ့ လက်တံတွေကို နှစ်သက်သူ တစ်ယောက်ဖြစ်ပြီး ဒီလိုဓာတ်ပုံရိုက်ဖို့ ရဖို့ကို အရင်ထဲက စိတ်ကူးယဉ် ခဲ့တာပါ။ ဓာတ်ပုံရိုက်တဲ့အချိန်မှာလည်း ရေဘဝဲကြီးက ကြီးမားပြီး အရှင်ကြီး ဖြစ်နေတော့ သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာ လျှောက်သွားနေတဲ့အတွက် တော်တော်လေးခက်ခဲ ခဲ့ပါတယ်။
ဓာတ်ပုံရိုက်ပြီးတဲ့ အချိန်မှာတော့ သူမရဲ့ ဓာတ်ပုံအဖွဲ့သားတွေဟာ ရေဘဝဲကြီး ကို ရေနွေးဖျောပြီး အတူတူ စားသောက်ခဲ့ကြပါတယ်။ ဓာတ်ပုံတွေထွက်လာတဲ့အချိန်မှာတော့ သူမပေးထားတဲ့ post ရယ် ဓာတ်ပုံဆရာနဲ့ ပြောင်မြောက်လှတဲ့ ရိုက်ချက်တွေကြောင့် ဓာတ်ပုံတွေဟာ အွန်လိုင်းပေါ် မှာ တော်တော်လေး ရေပန်းစားသွားခဲ့ပါတယ်။ ပရိသတ်တွေရော Namada ရဲ့ ဒီပုံလေးတွေကို သဘောကျကြရဲ့လား။
photo credit – Namada instagram
zawgyi
ေရဘဝလဲ ေပ်ာ့တိေပ်ာ့ဖက္ေကာင္ႀကီး တစ္ေကာင္ ကို ခႏၶာကိုယ္ေပၚ တင္ၿပီး ဓာတ္ပုံ႐ိုက္ဖို႔ဆိုတာဟာ လြယ္မယ္ထင္ရေပမယ့္ တကယ္ေတာ့မလြယ္လွပါဘူး။ သူ႔ရဲ႕လက္တံႀကီးေတြနဲ႔ ခႏၶာကိုယ္ေပၚမွာ ေလွ်ာက္သြား ေနတာႀကီးက အသည္းယားစရာေကာင္း လွၿပီး သာမန္လူတစ္ေယာက္သာဆိုရင္ လုံးဝ႐ိုက္ႏိုင္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ ဂ်ပန္က cosplayer တစ္ဦးျဖစ္တဲ့ Namada ကေတာ့ ေပါင္ ၄၀ ေလာက္အေလးခ်ိန္ ရွိတဲ့ ေရဘဝဲႀကီး ကို ခႏၶာကိုယ္ေပၚ တင္ၿပီး ဓာတ္ပုံ႐ိုက္ခဲ့ပါတယ္။
သူမက ေရဘဝဲနဲ႔ လက္တံေတြကို ႏွစ္သက္သူ တစ္ေယာက္ျဖစ္ၿပီး ဒီလိုဓာတ္ပုံ႐ိုက္ဖို႔ ရဖို႔ကို အရင္ထဲက စိတ္ကူးယဥ္ ခဲ့တာပါ။ ဓာတ္ပုံ႐ိုက္တဲ့အခ်ိန္မွာလည္း ေရဘဝဲႀကီးက ႀကီးမားၿပီး အရွင္ႀကီး ျဖစ္ေနေတာ့ သူမရဲ႕ ခႏၶာကိုယ္ေပၚမွာ ေလွ်ာက္သြားေနတဲ့အတြက္ ေတာ္ေတာ္ေလးခက္ခဲ ခဲ့ပါတယ္။
ဓာတ္ပုံ႐ိုက္ၿပီးတဲ့ အခ်ိန္မွာေတာ့ သူမရဲ႕ ဓာတ္ပုံအဖြဲ႕သားေတြဟာ ေရဘဝဲႀကီး ကို ေရေႏြးေဖ်ာၿပီး အတူတူ စားေသာက္ခဲ့ၾကပါတယ္။ ဓာတ္ပုံေတြထြက္လာတဲ့အခ်ိန္မွာေတာ့ သူမေပးထားတဲ့ post ရယ္ ဓာတ္ပုံဆရာနဲ႔ ေျပာင္ေျမာက္လွတဲ့ ႐ိုက္ခ်က္ေတြေၾကာင့္ ဓာတ္ပုံေတြဟာ အြန္လိုင္းေပၚ မွာ ေတာ္ေတာ္ေလး ေရပန္းစားသြားခဲ့ပါတယ္။ ပရိသတ္ေတြေရာ Namada ရဲ႕ ဒီပုံေလးေတြကို သေဘာက်ၾကရဲ႕လား။
photo credit – Namada instagram