အွန်လိုင်းက ဈေးရောင်း သူများ ရဲ့ ပို့စ်(၅၀)ကျော် ကို သူမရဲ့အကောင့်တွင် မေတ္တာနဲ့ အခမဲ့ တင်ပေးကာ ဖေးမကူညီပေး ခဲ့တဲ့ နွေးနွေးချစ်ဖွယ်

Posted on

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေ များကြောင့် စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေ များစွာ ရှိနေကြတာပါ။အကြောင်းအမျိုးမျိုးကြောင့် ခက်ခဲနေသူများကို ပြည်သူတွေ အချင်းချင်းကပဲ ဖေးမကူညီပေးနေတာကို မြင်တွေ့ရသည်မှာ ကြည်နူးစရာ ကောင်းလွန်းလှပါတယ်။ အဆိုတော် နွေးနွေးချစ်ဖွယ် ကခည်း သူမတတ်နိုင်တဲ့ အခန်း ကဏ္ဍကနေ တတ်နိုင်သလောက် ကူညီပေးနေတာပါ။

ဒါကတော့ ခက်ခဲနေကြတဲ့ ဈေးသည်များရဲ့ ကုန်ပစ္စည်းများ ကို Followers သိန်းကျော်သော သူမ ရဲ့Facebook အကောင့်မှနေပြီး ၁၀ ရက်တိတိ အခမဲ့ကြော်ငြာပေးမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို မေလ (၁) ရက်နေ့မှာ စတင်ခဲ့ပြီးဒီနေ့နဲ့ဆို (၃) ရက်မြောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ အခုလိုဈေးရောင်းပို့စ်တွေတင်တဲ့အတွက် အထင်လွဲနေကြတဲ့ပရိသတ်တစ်ချို့ကိုလည်း သူမ ရဲ့ ရည်ရွယ်ချက်အား ရှင်းရှင်းလင်းလင်းသိသွားအောင် ရှင်းပြ ထားသေးတာပဲ ဖြစ်ပါတယ်။

မနေ့ညကလည်း နွေးနွေးချစ်ဖွယ် ရဲ့ လူမှု ကွန်ယက် စာမျက်နှာတွင် မေတ္တာဖြင့် တင်ပေးနေသော ဈေးရောင်းပို့စ်တွေအား ပြည်သူအချင်းချင်းဖေးမတဲ့အနေနဲ့ အားပေးကြဖို့ တောင်းဆိုလာတာ ဖြစ်ပါတယ်။ ” ဒီနေ့ တစ်နေကုန် Post 50 ကျော်လောက် မေတ္တာဖြင့် အခမဲ့တင်ပေးထားတယ်။

တင်ထားတဲ့ link တွေ မန့်တွေ ဖုန်းတွေကို ဆက်ပြီး ဝယ်ကြပါ။

ပြည်သူအချင်းချင်းဖေးမ

မေတ္တာစိတ်အပြည့်နဲ့ ရှေ့ဆက်ကြမယ် ပိုက်ဆံပေါ နေသူတွေ လိုအပ်ရင် ပိုဝယ်ကြပါ မလိုအပ်လည်း ဝယ်ပါ 😬

လှူတယ်သဘောထားပြီး

ဝယ်ကြပါ ဝယ်ပါ ဘယ်လိုပဲဖြစ်ဖြစ် ဝယ်ပါ နွေးမေတ္တာ ရပ်ခံပါတယ်

တချို့တွေ တအားခက်ခဲပြီး လမ်းပျောက်နေ ကြတယ် ဝိုင်းဝန်းပြီး အချင်းချင်း နိုင်သလောက်ကူညီကြရအောင်နော် 💪” ဆိုပြီး ရေးသားထားတာပါ။ မွန်မြတ်တဲ့စိတ်ထားလေးနဲ့ အခုလိုအခမဲ့ ကူညီပေးနေတဲ့ နွေးနွေးချစ်ဖွယ်တစ်ယောက် ကံကောင်းခြင်းတွေအမြဲတမ်းရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေး လိုက် ရပါတယ်နော်။

Source and Photo Crd-Nway Nway Chit Phwel’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *