အဲကွန်း မသုံးပဲ သဘာဝ အတိုင်း အပူ ဒဏ် အံတု နိုင် တဲ့ နည်း လမ်း လေးများ

Posted on

(၁) အုပ်ကြွပ်မိုးပါ

တတ်နိုင်ပါက မိမိတို့ရဲ့ အိမ်ခေါင်မိုးကို အုပ်ကြွပ် နှင့်မိုးပါ။ အုပ်ကြွပ် ဟာ အပူချိန် ၁၃၀၀ ဒီဂရီ စင်တီ ဂရိတ် လောက် အထိ ခံနိုင်ရည် ရှိတဲ့ အတွက်

မီးလောင် ဒဏ်ကိုလဲ ခံနိုင်ရည် ရှိပါတယ်။ အိမ်တွင်း အအေးဓာတ်ကို ထိန်းပေး ပြီး နေပူဒဏ် ကိုလည်း သွပ်ထပ် များစွာ ခံနိုင်ရည် ရှိပါတယ် ။

(၂) အပူခံဂွမ်း RadiantBarrier သုံးပါ

အပူခံဂွမ်းလို့ လူသိများပြီး စက်ရုံတွေ မှာ သုံးတာတွေ့ ရပါ တယ် ။ မျက်နှာကျက် ရဲ့ အပေါ်မှာ တပ် ဆင်ရတဲ့ insulation material တစ်မျိုး ဖြစ်ပြီး

အုပ်ကြွပ်နဲ့ တွဲသုံးမယ် ဆိုရင်တော့ တော်တော်က လေးကို အပူဒဏ် သက်သာ သွားမှာ ဖြစ်ပါတယ် Y0u tube မှာ တင်ထားကြတဲ့ video တွေအရ

သွပ်မိုးပြီး Radiant Barrier သုံးထားတာ တော င်အပူချိန် ၇ ဒီဂရီလောက် လျော့ကျ သွားတာကို တွေ့ရ ပါတယ်။ ဒီနှစ်ချက်ဟာ initial cost လို့

ခေါ်တဲ့ ကနဦး ကုန်ကျငွေ များပေမယ့် running cost တော် တော် သက်သာ စေမှာ ဖြစ်ပါတယ်။ ဒါ ပြင် အဲကွန်းဟာ သဘာဝ ပတ်ဝန်းကျင်ကို ဒုက္ခ

ပေးတဲ့ ဇိမ်ခံပစ္စည်း တစ်ခုလည်း ဖြစ်ပါတယ်။

(၃) ရှားစောင်းလက်ပပ် စိုက်ပါ

မိမိ အိမ်ခန်းထဲမှာ ရှားစောင်းလက်ပပ် ပင်တွေကို စိုက်ပျိုး ထားခြင်းအားဖြင့် အိမ်တွင်း အပူချိန်ကို သိသိ သာသာ လျော့ချ နိုင်ပါ တယ်။ ဒါ့အပြင်

ရှားစောင်းလက်ပပ်ဟာ formaldehyde com pounds တွေ ကိုလည်း စုပ်ယူပေးတဲ့ အတွက်ကြောင့် အိမ်တွင်း လေထု အရည်အသွေးကို ပိုမို

ကောင်းမွန် စေမှာ ဖြစ်ပါတယ် ဒီအပင် စိုက်ထား ခြင်းအားဖြင့် အဆိပ်တောက် တွေကို ရှုမိခြင်းစ တဲ့ အန္တရာယ် မှလည်း ကာကွယ်နိုင် ပါတယ်။

အထက်ပါ သုံးချက် ကတော့ အိမ်/ခြံ မကျယ်ပဲ နဲ့လည်း လုပ်လို့ ရနိုင်ပါတယ်။

(၄) အရိပ် ရအပင် စိုက်ပါ

အာဆီယံ နိုင်ငံတွေ နဲ့ အကိုက်ညီဆုံး အမြန်ဆုံးအရိပ် ရ အပင် (Fast Growing Shade Trees)

တွေထဲမှာတေ့ာ ပိတောက်ပင်ကို ညွှန်းဆိုကြပါတယ်။ ဒုတိယ ကတော့ ကုက္ကိုလ် ပင် ပါ။

(၅) နံပါတ်လေး အချက်ကတော့ ခြံကျယ်ကျယ် သမားတွေ အတွက်ပါ

မိမိအိမ်မှာ မြေကွက်လပ် အပိုရှိခဲ့ရင် ကွန်ကရစ် အပြည့် ခင်းခြင်း ကို ရှောင်ကြည် ပါ။ နောက် ပြီး မြက်ခင်းများကို စိုက်ခြင်း အားဖြင့် အပူဒဏ်ကို

လျော့ချ နိုင်သလို မြေအောက် ရေကိုလည်း ပြန် လည် ဖြည့်တင်း ပေးရာ ရောက် ပါတယ် အဲကွန်း လျော့သုံးပါ အပင်စိုက်ပါ အပူဒဏ်ခံ ပစ္စည်းများ

အသုံးပြုပါ ကမ္ဘာမြေကို ကယ်တင်ပါ။ ဒီငါးချက်ကို တတ်နိုင် တဲ့ သူတွေ သဘာဝ ပတ်ဝန်းကျင် ကို ထိန်းသိမ်းလိုစိတ် ရှိတဲ့သူ တွေဟာ အခုက စပြီး

လုပ်ဆောင် ကြမယ်ဆိုရင် နောက်လာမည့် နှစ်တွေမှာ အပူဒဏ် လျော့ကျ သွားနိုင် ပါတယ်။

SI THU ( IC )

Leave a Reply

Your email address will not be published. Required fields are marked *