အောင်မြင်စွာ လုပ်ဆောင် နိုင် ခဲ့တဲ့ ၂ ငါးလုံး အရေးတော်ပုံ ကြီး နဲ့ ပက်သက်ပြီး အောင်လအန်ဆန်း သူရဲ့ ရဲရဲ တောက် ရပ်တည်ချက်

Posted on

ဒီကနေ့ ၂၂၂၂၂ လူထုအရေးတော်ပုံကြီး နဲ့ ပတ်သက်ပြီး အောင်လအန်ဆန်ကသူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဒီကနေ့ညပိုင်းက အခုလို ရေးသားဖော်ပြလိုက်ပါတယ် ဒီနေ့မြန်မာနိုင်ငံက ပြည်သူတွေအားလုံးမိမိတို့လိုချင်တဲ့ အရာအတွက်၊ငြိမ်းချမ်းစွာ ဆန္ဒပြနေတာကိုမြင်တွေ့ရတာအရမ်းကိုဝမ်းသာပီတိဖြစ်မိပါတယ်။ မနေ့ညတုန်းကလည်း စစ်တပ်ကနေပြီးတော့ညအချိန်မှာစစ်ကားတွေနဲ့ မြို့တွင်းမှာလက်နက်အပြည့်အစုံနဲ့လှည့်လည်နေတဲ့ ဗီဒီယိုဖိုင်တွေကို လည်းကြည့်လိုက်ရပါတယ်။

ဒါတွေတင်မကပဲအပြစ်မဲ့မြန်မာပြည်သူတွေကို ညဖက်အချိန်တွေမှာ ဥပဒေမဲ့ပစ်ခတ်တာတွေ၊ အတင်းအဓ္ဓမဖမ်းဆီးခေါ်ဆောင်သွားတဲ့ဗီဒီယိုဖိုင်တွေကိုလည်းတွေ့မြင်ရတဲ့အတွက်၊ အရမ်းဝမ်းနည်းမိပြီးဒီလိုလုပ်ဆောင်မှုတွေကိုပြင်းပြင်းထန်ထန်ရှုံ့ချပါတယ်။ ဒီအဖြစ်အပျက်တွေ ကိုတွေ့မြင်ရလို့ ၊နောက်ထပ်ဆက်ပြီးဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတွေ၊အထူးသဖြင့် ဒီနေ့အတွက် စိုးရိမ်စိတ်ဖြစ်မိပါတယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့လက်ရှိရင်ဆိုင်နေရတဲ့အခြေအနေမှာလုပ်ဆောင်သွားတဲ့ အရာတွေကအရမ်းကောင်းမွန်ပါတယ်။ကျွန်တော်လည်းအပြည့်အဝထောက်ခံပြီး၊ပြည်သူတွေနဲ့တသားထဲရပ်တည်ပါတယ်။

အားလုံးပဲကျွန်တော်တို့ ယုံကြည်တဲ့အရာအတွက်စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ ဆက်လက် လုပ်ဆောင်နိုင်ဖို့အမြဲတမ်းဆုတောင်းပေးနေပါတယ်။ ကျွန်တော်တို့အားလုံး၊ အဓိကရည်ရွယ်ချက်ကို အပြည့်အဝအာရုံစိုက်ပြီးတော့၊ကျွန်တော်တို့ရဲ့ပြင်းပြတဲ့ စိတ်ခံစားမှုတွေ၊ဒေါသတွေကိုအကောင်းဆုံး ထိန်းချုပ်ပြီးကျွန်တော်တို့လိုချင်တဲ့ ပန်းတိုင်ဆီရောက်ဖို့အတွက် တစ်ဦးတစ်ယောက်ဆီတိုင်းမှာတာဝန်ရှိပါတယ်။ မြန်မာပြည်သူတွေအားလုံးအတွက်၊ကျွန်တော်အမြဲတမ်း ဆုတောင်းပေးနေပါတယ်။အားလုံးကိုဘုရားသခင်ကောင်းကြီးပေးပါစေ။

crd

zawgyi

ဒီကေန႔ ၂၂၂၂၂ လူထုအေရးေတာ္ပုံႀကီး နဲ႔ ပတ္သက္ၿပီး ေအာင္လအန္ဆန္ကသူ႔ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာမွာ ဒီကေန႔ညပိုင္းက အခုလို ေရးသားေဖာ္ျပလိုက္ပါတယ္ ဒီေန႔ျမန္မာႏိုင္ငံက ျပည္သူေတြအားလုံးမိမိတို႔လိုခ်င္တဲ့ အရာအတြက္၊ၿငိမ္းခ်မ္းစြာ ဆႏၵျပေနတာကိုျမင္ေတြ႕ရတာအရမ္းကိုဝမ္းသာပီတိျဖစ္မိပါတယ္။ မေန႔ညတုန္းကလည္း စစ္တပ္ကေနၿပီးေတာ့ညအခ်ိန္မွာစစ္ကားေတြနဲ႔ ၿမိဳ႕တြင္းမွာလက္နက္အျပည့္အစုံနဲ႔လွည့္လည္ေနတဲ့ ဗီဒီယိုဖိုင္ေတြကို လည္းၾကည့္လိုက္ရပါတယ္။

ဒါေတြတင္မကပဲအျပစ္မဲ့ျမန္မာျပည္သူေတြကို ညဖက္အခ်ိန္ေတြမွာ ဥပေဒမဲ့ပစ္ခတ္တာေတြ၊ အတင္းအဓၶမဖမ္းဆီးေခၚေဆာင္သြားတဲ့ဗီဒီယိုဖိုင္ေတြကိုလည္းေတြ႕ျမင္ရတဲ့အတြက္၊ အရမ္းဝမ္းနည္းမိၿပီးဒီလိုလုပ္ေဆာင္မႈေတြကိုျပင္းျပင္းထန္ထန္ရႈံ႕ခ်ပါတယ္။ ဒီအျဖစ္အပ်က္ေတြ ကိုေတြ႕ျမင္ရလို႔ ၊ေနာက္ထပ္ဆက္ၿပီးျဖစ္ေပၚလာႏိုင္တဲ့အေျခအေနေတြ၊အထူးသျဖင့္ ဒီေန႔အတြက္ စိုးရိမ္စိတ္ျဖစ္မိပါတယ္။ ျမန္မာႏိုင္ငံသားေတြအေနနဲ႔လက္ရွိရင္ဆိုင္ေနရတဲ့အေျခအေနမွာလုပ္ေဆာင္သြားတဲ့ အရာေတြကအရမ္းေကာင္းမြန္ပါတယ္။ကြၽန္ေတာ္လည္းအျပည့္အဝေထာက္ခံၿပီး၊ျပည္သူေတြနဲ႔တသားထဲရပ္တည္ပါတယ္။

အားလုံးပဲကြၽန္ေတာ္တို႔ ယုံၾကည္တဲ့အရာအတြက္စိတ္ဓာတ္ႀကံ့ခိုင္စြာနဲ႔ ဆက္လက္ လုပ္ေဆာင္ႏိုင္ဖို႔အၿမဲတမ္းဆုေတာင္းေပးေနပါတယ္။ ကြၽန္ေတာ္တို႔အားလုံး၊ အဓိကရည္႐ြယ္ခ်က္ကို အျပည့္အဝအာ႐ုံစိုက္ၿပီးေတာ့၊ကြၽန္ေတာ္တို႔ရဲ႕ျပင္းျပတဲ့ စိတ္ခံစားမႈေတြ၊ေဒါသေတြကိုအေကာင္းဆုံး ထိန္းခ်ဳပ္ၿပီးကြၽန္ေတာ္တို႔လိုခ်င္တဲ့ ပန္းတိုင္ဆီေရာက္ဖို႔အတြက္ တစ္ဦးတစ္ေယာက္ဆီတိုင္းမွာတာဝန္ရွိပါတယ္။ ျမန္မာျပည္သူေတြအားလုံးအတြက္၊ကြၽန္ေတာ္အၿမဲတမ္း ဆုေတာင္းေပးေနပါတယ္။အားလုံးကိုဘုရားသခင္ေကာင္းႀကီးေပးပါေစ။

crd

Leave a Reply

Your email address will not be published. Required fields are marked *