အောင်မြင်ကျော်ကြားမှုတွေကို ခေတ္တ ခဏစွန့်ခွာပြီး သာသနာ့ဘောင် မှာ ပျော်မွေ့နေ တဲ့ ဦးဇင်းစန္ဒကုမာရ (ခ) ပိုင်တံခွန်

Posted on

အနုပညာအလုပ်တွေမှာအများကြီးအောင်မြင်နေသလို ကြော်ငြာတွေ လည်း လက်မလည်အောင် ရိုက်ကူးနေရတဲ့ သရုပ်ဆောင် ပိုင်တံခွန်ဟာ (၂၀၂) မကုန်ခင်ကတည်းက သာသနာ့ဘောင်ကို ဝင် ရောက်သွားခဲ့တာဖြစ်ပြီး လက်ရှိမှာ ဆိုရင်တော့ သာသနာ့ဘောင် ဝင်ရောက်တာ (၉) ရက် တိုင် ခဲ့ပါပြီ။ မြန်မာပြည်မှာသာမက ထိုင်းနိုင်ငံထိပါအောင်မြင်သလို စွဲဆောင်မှုအရှိဆုံး အမျိုး သား စာရင်းဝင် တစ်ယောက်လည်းဖြစ်ပါတယ်။

မြဝတီမှာရှိတဲ့ သစ်တံခါးဆရာတော်ကြီးရဲ့ကျောင်းတိုက်ဖြစ်တဲ့ ချမ်းမြေ့ရိပ်မြုံ အဓိဌာန်အောင် တောင်တော်မြတ် တောရကျောင်းမှာ သီတင်းသုံးခဲ့နေခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေကို ဒီနေ့ မှအသိပေးတာဖြစ်ပြီး အားလုံးကလည် ဦးဇင်း ရဲ့ကုသိုလ်ကောင်းမှု အတွက် သာဓုခေါ်ဆိုခဲ့ကြပါ တယ်။

သီတင်းသုံးနေတဲ့ပုံရိပ်တွေကို ” ကမ္ဘာပေါ်မှာ ရှိကြကုန်သော အနန္တသတ္တဝါအားလုံး ကျန်းမာချမ်း သာကြပါစေ ဘုန်းဘုန်း စန္ဒကုမာရ မြဝတီမြို့ ချမ်းမြေ့ရိပ်မြုံ အဓိဌာန်အောင် တောင်တော်မြတ် တောရကျောင်းမှာ သီတင်းသုံးခဲ့တာ ဒီနေ့ (၉) ရက် မြောက်ခဲ့ပြီ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – Paing Takhon

zawgyi




Happy – Cele Zone
Photo – Paing Takhon

Leave a Reply

Your email address will not be published. Required fields are marked *