ကျောက်တည်ရောဂါ
အရွက်စိမ်းသတ္ထုရည်ကို ၂ိ ၄ ပဲသား ဒိန်ရည် ၁ိ ၈ ပဲကိုရောသောက်လျှင်ကျောက်တည်ရောဂါ ပျောက်ကင်း၏။ ၎င်းနောက် ဆန်ပုန်းရည် ၃ိ သားမျှ ဆက်သောက်ပါ၊ ၃ ရက်ဆက် မှီဝဲပြီး နောက် ၃ ရက်နားနေပါ၊
နောက် ၄ ရက် ဆက်သောက်ပါ၊ ၄ ရက်နားနေပါ၊ နောက် ၅ ရက်သောက် ၅ ရက်နား ၊ ၆ ရက် သောက် ၆ ရက်နား ၊ ၇ ရက်ဆက် သောက်သော် ကျောက်တည်ရောဂါစင်ကြယ်စွာပျောက်ကင်းစေသည်။
ပိုးရောဂါ
အူအတွင်းရှိသော ပိုးများ ၎င်းသတ္ထုရည်သောက်လျှင် ပျောက်ကင်းသည်။
ပါးစပ်ကွဲလောင်ခြင်း
၎င်းသတ္ထုရည်ကိုမြေဖြူမှုန့်နှင့်ရောပွတ်ပေးလျှင်ပျောက်သည်။
ယားနာ…
အပင်၏ ပဉ္စငါးပါးကို သစ်ကြပိုးခေါက် ပိတ်ချင်း၊ဆန်၊ဗာဒံစေ့၊ရောပြီးလူးပေးပါကယားနာလို အရေပြားရောဂါပျောက်၏။
ကိုယ်ရေဝါရောဂါ
အရွက်သတ္ထုရည်နှင့်ဖန်ခါးသီးသွေးသောက်သော်ပျောက်ကင်းစေသည်။
အဆစ်ယောင်
အသီးနုများ၏ သတ္ထုရည်ကို မီးပေါ်မှာ နွှေးပြီး လိမ်းသော် အဆစ်ယောင်ရောဂါ ပျောက်ကင်းစေသည်။
သရက်ရွက်ကြီးသောရောဂါ
အသီးသတ္ထုရည်ကို မုန်ညှင်းစေ့ ထည့်ထောင်း ရောသောက်လျှင် ပျောက်စေသည်။
ရေဖျဉ်းရောဂါ
အသီး သတ္ထုရည် ၁ိ ၈ ပဲသား တွင် ပျား ရည် အနည်းငယ် ထည့်သောက်ပါက ဝမ်းသက်ပြီး ရေဖျဉ်းရောဂါ ပျောက်ကင်း၏
ကာလဝမ်းရောဂါ
အသီးသတ္ထုရည်ကို ဆီနှင့်ရောသောက်ကပျောက်ကင်း၏ လည်ချောင်းနာ အသီးခြောက်ကိုသွေးပြီးလူးသော်လည်ခြောင်းရောင်သောရောဂါပျောက်စေ၏။
ခရစ်ဒစ်