အိုးအိမ်စွန့်ခွာ သွားရတဲ့ တိုင်းရင်းသား မောင်နှမများအတွက် တတ်နိုင်သလောက် ဆက်သွယ် လှူဒါန်းသွားမယ့် နော်ဖော်အယ်ထား

Posted on

သရုပ်ဆောင် နော်ဖော်အယ်ထား ကတော့ လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ လူထု လှုပ်ရှားမှုများတွင် ပြည်သူများနဲ့အတူ ပူးပေါင်းကာ တက်ကြွစွာပါဝင်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အမှန်တရားဘက်မှ ရပ်တည်ပေးနေကြသူများကိုလည်း ဂုဏ်ယူနေကြောင်းကိုလည်း သူမရဲ့ လူမှု ကွန်ယက်တွင် ရေးသားနေတာလည်း ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွင် ပါဝင်ပြီး ကျဆုံးသွားခဲ့ရတဲ့ သူရဲကောင်းတွေအတွက်လည်း တတ်နိုင်သလောက် လှူဒါန်းနေတာကိုလည်း မြင်တွေ့ရမှာပါ။ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်လည်း အချိန်နဲ့အမျှ အရေးကြီးတဲ့ သတင်းအချက်အလက်တွေအား ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း အိုးအိမ်စွန့်ခွာသွားရတဲ့ တိုင်းရင်းသား မောင်နှမများအတွက်စိတ်မကောင်းဖြစ်နေပြီး တတ်နိုင်သလောက်လှူဒါန်းသွားမယ့်အကြောင်းကို နော်ဖော် ရဲ့ Facebook Page တွင် အခုလိုပဲ ရေးသားထားတာပဲ ဖြစ်ပါတယ်။

” ခုချိန်မှာအိုးအိမ်ကိုစွန့်ခွာသွားရတဲ့ စစ်ဘေးရှောင် ကရင် ကချင် နှင့် တိုင်းရင်းသား မောင်နှမများ အတွက်လွန်စွာစိတ်မကောင်းဖြစ်မိပါတယ်။ အခုတော့ ကျွန်မချစ်ရတဲ့သူတွေအတွက် နှလုံးသားကျိုးပဲ့ကြေမွပြီး ငိုကြွေးမြည်တမ်းရတဲ့အချိန်ကို ရောက်လာခဲ့ပါပြီ😞 မြန်မာပြည်တစ်ခုလုံး ပူဆွေးဝမ်းနည်းနေရချိန်မှာ ဒေသအသီးသီးက အသက် စွန့်ရသူတွေ နဲ့ ဒုက္ခိတဖြစ်ရသူတွေရဲ့မိသားစုတွေ၊ စစ်ဘေးကိုရှောင်ပုန်းပြေးနေရတဲ့ လူမမယ်ကလေးငယ်တွေ နဲ့ အသက်အရွယ်ကြီးရင့်သူတွေ၊ နာမကျန်းဖြစ်သူတွေနဲ​့ ပြိုကွဲပျက်စီးသွားတဲ့ မိသားစုတွေရဲ့ ဘဝဟာ သိပ်ကိုခါးသီးလွန်းပါတယ်…😞

နှစ်ပေါင်း (၇၀) လောက်ကြာခဲ့ပြီဖြစ်တဲ့ ဒီခါးသီးမှု နဲ့ ဒုက္ခတွေဟာ ဒီတစ်ကြိမ် နောက်ဆုံး ဖြစ်ဖို့ ကျွန်မဆုတောင်းနေမိတယ် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ဆက်သွယ်လှူဒါန်းကူညီစောင့်ရှောက်သွားမှာမို့ လှူဒါန်းလို့တဲ့နေရာတွေရှိရင်ပြောပြပေးပါနော်🙏🏻 ကိုယ်တိုင်သွားရောက် လှူဒါန်းချင်ပေမဲ့ အခြေအနေအရ သွားလာဖို့ အဆင်မပြေတာမို့ သွားလို့ရတဲ့တစ်နေ့ကျရောက်အောင်လာခဲ့ပါ့မယ်လို့ ကတိ ပြုချင်ပါတယ်🙏🏻” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Naw Phaw Eh Htar’s Facebook Page

zawgyi

သ႐ုပ္ေဆာင္ ေနာ္ေဖာ္အယ္ထား ကေတာ့ လက္ရွိျမန္မာႏိုင္ငံတြင္ ျဖစ္ေပၚေနတဲ့ လူထု လႈပ္ရွားမႈမ်ားတြင္ ျပည္သူမ်ားနဲ႔အတူ ပူးေပါင္းကာ တက္ႂကြစြာပါဝင္ေနသူ တစ္ဦးလည္း ျဖစ္ပါတယ္။ အမွန္တရားဘက္မွ ရပ္တည္ေပးေနၾကသူမ်ားကိုလည္း ဂုဏ္ယူေနေၾကာင္းကိုလည္း သူမရဲ႕ လူမႈ ကြန္ယက္တြင္ ေရးသားေနတာလည္း ျဖစ္ပါတယ္။ လူထုလႈပ္ရွားမႈတြင္ ပါဝင္ၿပီး က်ဆုံးသြားခဲ့ရတဲ့ သူရဲေကာင္းေတြအတြက္လည္း တတ္ႏိုင္သေလာက္ လႉဒါန္းေနတာကိုလည္း ျမင္ေတြ႕ရမွာပါ။ သူမရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမွတစ္ဆင့္လည္း အခ်ိန္နဲ႔အမွ် အေရးႀကီးတဲ့ သတင္းအခ်က္အလက္ေတြအား ေဝမွ်ေပးေနတာလည္း ျဖစ္ပါတယ္။ အခုမွာလည္း အိုးအိမ္စြန႔္ခြာသြားရတဲ့ တိုင္းရင္းသား ေမာင္ႏွမမ်ားအတြက္စိတ္မေကာင္းျဖစ္ေနၿပီး တတ္ႏိုင္သေလာက္လႉဒါန္းသြားမယ့္အေၾကာင္းကို ေနာ္ေဖာ္ ရဲ႕ Facebook Page တြင္ အခုလိုပဲ ေရးသားထားတာပဲ ျဖစ္ပါတယ္။

” ခုခ်ိန္မွာအိုးအိမ္ကိုစြန႔္ခြာသြားရတဲ့ စစ္ေဘးေရွာင္ ကရင္ ကခ်င္ ႏွင့္ တိုင္းရင္းသား ေမာင္ႏွမမ်ား အတြက္လြန္စြာစိတ္မေကာင္းျဖစ္မိပါတယ္။ အခုေတာ့ ကြၽန္မခ်စ္ရတဲ့သူေတြအတြက္ ႏွလုံးသားက်ိဳးပဲ့ေၾကမြၿပီး ငိုေႂကြးျမည္တမ္းရတဲ့အခ်ိန္ကို ေရာက္လာခဲ့ပါၿပီ😞 ျမန္မာျပည္တစ္ခုလုံး ပူေဆြးဝမ္းနည္းေနရခ်ိန္မွာ ေဒသအသီးသီးက အသက္ စြန႔္ရသူေတြ နဲ႔ ဒုကၡိတျဖစ္ရသူေတြရဲ႕မိသားစုေတြ၊ စစ္ေဘးကိုေရွာင္ပုန္းေျပးေနရတဲ့ လူမမယ္ကေလးငယ္ေတြ နဲ႔ အသက္အ႐ြယ္ႀကီးရင့္သူေတြ၊ နာမက်န္းျဖစ္သူေတြနဲ​့ ၿပိဳကြဲပ်က္စီးသြားတဲ့ မိသားစုေတြရဲ႕ ဘဝဟာ သိပ္ကိုခါးသီးလြန္းပါတယ္…😞

ႏွစ္ေပါင္း (၇၀) ေလာက္ၾကာခဲ့ၿပီျဖစ္တဲ့ ဒီခါးသီးမႈ နဲ႔ ဒုကၡေတြဟာ ဒီတစ္ႀကိမ္ ေနာက္ဆုံး ျဖစ္ဖို႔ ကြၽန္မဆုေတာင္းေနမိတယ္ ကိုယ္တတ္ႏိုင္တဲ့ဘက္ကေန ဆက္သြယ္လႉဒါန္းကူညီေစာင့္ေရွာက္သြားမွာမို႔ လႉဒါန္းလို႔တဲ့ေနရာေတြရွိရင္ေျပာျပေပးပါေနာ္🙏🏻 ကိုယ္တိုင္သြားေရာက္ လႉဒါန္းခ်င္ေပမဲ့ အေျခအေနအရ သြားလာဖို႔ အဆင္မေျပတာမို႔ သြားလို႔ရတဲ့တစ္ေန႔က်ေရာက္ေအာင္လာခဲ့ပါ့မယ္လို႔ ကတိ ျပဳခ်င္ပါတယ္🙏🏻” ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ၿပီး ပရိသတ္ေတြအတြက္ ဒီသတင္းကို တစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

Source and Photo Crd-Naw Phaw Eh Htar’s Facebook Page

Leave a Reply

Your email address will not be published. Required fields are marked *