အိုးလေး ဒိန်ချဉ် ပြုလုပ် နည်း (မျှ‌‌‌ေ၀ပေး ပေးပါအုံး …)

Posted on

ဒိန်ချဉ် လုပ်နည်းကို အတော်များများ သိပြီး သား ဖြစ်မှာပါ။ များသော အားဖြင့် နွားနို့ထဲ ဒိန်ချဉ် အနည်းငယ်ရော ထည့်ရင် ဒိန်ချဉ် ဖြစ်ပါပြီ။ ခုပြောပြချင်တာက ထည့်စရာ ဒိန်ချဉ်မရှိရင် ဘယ်လိုစပြီး လုပ်ရတယ် ဆိုတာလေး ပြောပြပေးပါမယ်။ ပါဝင်ပစ္စည်း – နွားနို့ မြေအိုး ပြုလုပ်နည်း အိုးသစ်တစ်လုံးကို ရေဆေး သန့်စင်ပြီး ခြောက်အောင်ထားပါ။ ခြောက်နေသော အိုးထဲသို့နွားနို့ အနည်းငယ် (ကျိုပြီးသား အအေး သို့နွေးနွေး) စားပွဲတင် ၃ဇွန်းခန့် ကို ထည့်ပြီး အဖုံးဖုံးကာ နေပူတွင် နေ့တပိုင်းခန့် ထားပါ။ အတွင်းပိုင်း မှနို့လေးများ ခဲပြီး ဒိန်ချဉ်နံ့ ထွက်လာလျှင် ဒိန်ချဉ် ပြုလုပ်ရန် အဆင်သင့် ဖြစ်ပါပြီ။

အိုးသန့်သန့် တစ်ခုတွင် ဒိန်ချဉ် ပြုလုပ်မည့်နွားနို့ ကို ထည့်ပြီး ဆူပွက်အောင် ၁၀မိနစ်ခန့် တည်ပေးပါ။ ဆူပွက် ပြီးသောနို့ကို ကြက်သီးနွေး အနေထားထိ အအေးခံ ထားပါ။ လိုအပ်သော အနွေး အနေထား ရောက်ပါက ဒိန်ချဉ် အလျင် အသင့်ပြု လုပ်ထားပြီး သော အိုးထဲသို့ အနည်းငယ် ထည့်ကာ အောက်ခြေမှ ဒိန်ချဉ်ခဲ လေးများကို ကြေအောင် ခြေပေးပါ။ ပြီးလျှင် ဒိန်ချဉ်အိုး တည်ထားမည့် နေရာတွင် ထားပြီး ကျန်နွားနို့ကို လောင်းထည့်ကာ သမအောင် တချက် မွေပေးပြီး အဖုံး လုံအောင် ပိတ်ထားပါ။ အိုးကို ရွေ့ချင်း ပြုချင်း မပြုရ ။နို့ကွဲ တတ်ပါတယ်။

အခန်း၏ ပူနွေးသော နေရာဖြစ်ပါက ၆နာရီခန့်တွင် ဒိန်ချဉ်ကို စတင် သုံးဆော င်နိုင်မှာ ဖြစ်ပါတယ်။အချိန်ပို ထားပါက အချဉ် အရသာ ပိုပြင်းလာမှာ ဖြစ်ပြီး လိုအပ်သော အနေထား ရပါက ရေခဲသေတ္တာတွင် ပြောင်းပြီး သိမ်းဆည်း သုံးဆောင်နိုင် ပါပြီ။ **ကုန်ခါနည်း လျှင် ဒိန်ချဉ် လက်ကျန် ချန်ထားပြီး ဆင့်ပွား ပြုလုပ် သွားနိုင်ပါပြီ။ မြေအိုးကို အသုံးပြုခြင်းက ပိုအဆင်ပြေ ပါတယ်။

Credit: Sofia Food Paradise

zawgyi

ဒိန္ခ်ဥ္ လုပ္နည္းကို အေတာ္မ်ားမ်ား သိၿပီး သား ျဖစ္မွာပါ။ မ်ားေသာ အားျဖင့္ ႏြားႏို႔ထဲ ဒိန္ခ်ဥ္ အနည္းငယ္ေရာ ထည့္ရင္ ဒိန္ခ်ဥ္ ျဖစ္ပါၿပီ။ ခုေျပာျပခ်င္တာက ထည့္စရာ ဒိန္ခ်ဥ္မရွိရင္ ဘယ္လိုစၿပီး လုပ္ရတယ္ ဆိုတာေလး ေျပာျပေပးပါမယ္။ ပါဝင္ပစၥည္း – ႏြားႏို႔ ေျမအိုး ျပဳလုပ္နည္း အိုးသစ္တစ္လုံးကို ေရေဆး သန္႔စင္ၿပီး ေျခာက္ေအာင္ထားပါ။ ေျခာက္ေနေသာ အိုးထဲသို႔ႏြားႏို႔ အနည္းငယ္ (က်ိဳၿပီးသား အေအး သို႔ေႏြးေႏြး) စားပြဲတင္ ၃ဇြန္းခန္႔ ကို ထည့္ၿပီး အဖုံးဖုံးကာ ေနပူတြင္ ေန႔တပိုင္းခန္႔ ထားပါ။ အတြင္းပိုင္း မွႏို႔ေလးမ်ား ခဲၿပီး ဒိန္ခ်ဥ္နံ႔ ထြက္လာလွ်င္ ဒိန္ခ်ဥ္ ျပဳလုပ္ရန္ အဆင္သင့္ ျဖစ္ပါၿပီ။

အိုးသန္႔သန္႔ တစ္ခုတြင္ ဒိန္ခ်ဥ္ ျပဳလုပ္မည့္ႏြားႏို႔ ကို ထည့္ၿပီး ဆူပြက္ေအာင္ ၁၀မိနစ္ခန္႔ တည္ေပးပါ။ ဆူပြက္ ၿပီးေသာႏို႔ကို ၾကက္သီးေႏြး အေနထားထိ အေအးခံ ထားပါ။ လိုအပ္ေသာ အေႏြး အေနထား ေရာက္ပါက ဒိန္ခ်ဥ္ အလ်င္ အသင့္ျပဳ လုပ္ထားၿပီး ေသာ အိုးထဲသို႔ အနည္းငယ္ ထည့္ကာ ေအာက္ေျခမွ ဒိန္ခ်ဥ္ခဲ ေလးမ်ားကို ေၾကေအာင္ ေျခေပးပါ။ ၿပီးလွ်င္ ဒိန္ခ်ဥ္အိုး တည္ထားမည့္ ေနရာတြင္ ထားၿပီး က်န္ႏြားႏို႔ကို ေလာင္းထည့္ကာ သမေအာင္ တခ်က္ ေမြေပးၿပီး အဖုံး လုံေအာင္ ပိတ္ထားပါ။ အိုးကို ေ႐ြ႕ခ်င္း ျပဳခ်င္း မျပဳရ ။ႏို႔ကြဲ တတ္ပါတယ္။

အခန္း၏ ပူေႏြးေသာ ေနရာျဖစ္ပါက ၆နာရီခန္႔တြင္ ဒိန္ခ်ဥ္ကို စတင္ သုံးေဆာ င္ႏိုင္မွာ ျဖစ္ပါတယ္။အခ်ိန္ပို ထားပါက အခ်ဥ္ အရသာ ပိုျပင္းလာမွာ ျဖစ္ၿပီး လိုအပ္ေသာ အေနထား ရပါက ေရခဲေသတၱာတြင္ ေျပာင္းၿပီး သိမ္းဆည္း သုံးေဆာင္ႏိုင္ ပါၿပီ။ **ကုန္ခါနည္း လွ်င္ ဒိန္ခ်ဥ္ လက္က်န္ ခ်န္ထားၿပီး ဆင့္ပြား ျပဳလုပ္ သြားႏိုင္ပါၿပီ။ ေျမအိုးကို အသုံးျပဳျခင္းက ပိုအဆင္ေျပ ပါတယ္။

Credit: Sofia Food Paradise

Leave a Reply

Your email address will not be published. Required fields are marked *