အိုလံပစ် ပြိုင်ပွဲ မှာ မြန်မာ ကိုယ်စားပြု အနေနဲ့သွားရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တဲ့ သက်ထားသူဇာ

Posted on

ပရိသတ်ကြီးရေ မြန်မာဂုဏ်ဆောင် အားကစားမယ်လေး တစ်ယောက်ဖြစ်တဲ့ သက်ထားသူဇာ ကတော့ နိုင်ငံတကာမှာ မြန်မာကိုယ်စားပြုအနေနဲ့ ကြက်တောင်ပြိုင်ပွဲတွေကို ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်တွေလည်း များစွာ ရရှိထားတဲ့သူ တစ်ယောက်ပါ။ လတ်တလောမှာလည်း မြန်မာဂုဏ်ဆောင် တစ်ယောက်အနေနဲ့ ဂုဏ်ယူနိုင်စရာသတင်းလေးတစ်ခုကို ထပ်မံဆောင်ရွက်နိုင်ခဲ့ပြန်ပါတယ်။

အဲ့တာကတော့ တိုကျို (၂၀၂၀)အိုလံပစ် ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ဝင်ခွင့်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိဖို့ဆိုတာ တကယ်ကို မလွယ်ကူတဲ့ ကိစ္စတစ်ခုဖြစ်ပြီး သက်ထားကိုယ်တိုင်ကလည်း ဒီလိုဝင်ခွင့် ရရှိဖို့ကို နှစ်နဲ့ချီကာမျှော်လင့်ကြိုးစားခဲ့ရတဲ့ အိပ်မက် တစ်ခုပါတဲ့။ အခုလို အိမ်မက်လေးက တကယ်ဖြစ်လာခဲ့တဲ့ အတွက် သက်ထားကိုယ်တိုင်ကလည်း ပျော်ရွှင်နေခဲ့ပြီး မြန်မာကိုယ်စားပြုတစ်ယောက်အနေနဲ့ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားမှာပါလို့လည်း ဆိုထား ပါသေးတယ်။

အားလုံးခက်ခဲပြီး စိတ်တွေ ညစ်ညူးနေတဲ့ ဒီအချိန်မှာ ခဏလေးဖြစ်ဖြစ်ပြုံး ပျော်နိုင်အောင် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားမှာဖြစ်ပြီး သူ့ရဲ့အောင်မြင်မှုဟာ မြန်မာပြည်သူပြည်သားတွေအားလုံးရဲ့ အောင်မြင်မှုတွေပါပဲတဲ့။ ပရိသတ်ကြီးရေ အိုလံပစ်ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့တဲ့ သက်ထားသူဇာအတွက် ဂုဏ်ပြုစကားလေးေ တွပြောပေးခဲ့ကြပါဦးနော်။

Credit ; CeleZone

Source – THET HTAR Thuzar

zawgyi

ပရိသတ္ႀကီးေရ ျမန္မာဂုဏ္ေဆာင္ အားကစားမယ္ေလး တစ္ေယာက္ျဖစ္တဲ့ သက္ထားသူဇာ ကေတာ့ ႏိုင္ငံတကာမွာ ျမန္မာကိုယ္စားျပဳအေနနဲ႔ ၾကက္ေတာင္ၿပိဳင္ပြဲေတြကို ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး ဆုတံဆိပ္ေတြလည္း မ်ားစြာ ရရွိထားတဲ့သူ တစ္ေယာက္ပါ။ လတ္တေလာမွာလည္း ျမန္မာဂုဏ္ေဆာင္ တစ္ေယာက္အေနနဲ႔ ဂုဏ္ယူႏိုင္စရာသတင္းေလးတစ္ခုကို ထပ္မံေဆာင္႐ြက္ႏိုင္ခဲ့ျပန္ပါတယ္။

အဲ့တာကေတာ့ တိုက်ိဳ (၂၀၂၀)အိုလံပစ္ ၿပိဳင္ပြဲႀကီးမွာ ပါဝင္ယွဥ္ၿပိဳင္ႏိုင္ဖို႔ ဝင္ခြင့္ရရွိခဲ့တာပဲ ျဖစ္ပါတယ္။ အိုလံပစ္ၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ရရွိဖို႔ဆိုတာ တကယ္ကို မလြယ္ကူတဲ့ ကိစၥတစ္ခုျဖစ္ၿပီး သက္ထားကိုယ္တိုင္ကလည္း ဒီလိုဝင္ခြင့္ ရရွိဖို႔ကို ႏွစ္နဲ႔ခ်ီကာေမွ်ာ္လင့္ႀကိဳးစားခဲ့ရတဲ့ အိပ္မက္ တစ္ခုပါတဲ့။ အခုလို အိမ္မက္ေလးက တကယ္ျဖစ္လာခဲ့တဲ့ အတြက္ သက္ထားကိုယ္တိုင္ကလည္း ေပ်ာ္႐ႊင္ေနခဲ့ၿပီး ျမန္မာကိုယ္စားျပဳတစ္ေယာက္အေနနဲ႔ အေကာင္းဆုံး ႀကိဳးစားယွဥ္ၿပိဳင္သြားမွာပါလို႔လည္း ဆိုထား ပါေသးတယ္။

အားလုံးခက္ခဲၿပီး စိတ္ေတြ ညစ္ညဴးေနတဲ့ ဒီအခ်ိန္မွာ ခဏေလးျဖစ္ျဖစ္ၿပဳံး ေပ်ာ္ႏိုင္ေအာင္ အေကာင္းဆုံးႀကိဳးစားယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး သူ႔ရဲ႕ေအာင္ျမင္မႈဟာ ျမန္မာျပည္သူျပည္သားေတြအားလုံးရဲ႕ ေအာင္ျမင္မႈေတြပါပဲတဲ့။ ပရိသတ္ႀကီးေရ အိုလံပစ္ၿပိဳင္ပြဲမွာ ျမန္မာကိုယ္စားျပဳ သြားေရာက္ ယွဥ္ၿပိဳင္ခြင့္ရရွိခဲ့တဲ့ သက္ထားသူဇာအတြက္ ဂုဏ္ျပဳစကားေလးေ တြေျပာေပးခဲ့ၾကပါဦးေနာ္။

Credit ; CeleZone

Source – THET HTAR Thuzar

Leave a Reply

Your email address will not be published. Required fields are marked *