အိမ်ဖောက်ထွင်း ခံလိုက် ရတာကြောင့် ငွေသားတွေအပြင် အရေးကြီးတဲ့ ပစ္စည်း တွေ ပါသွားတဲ့ အကြောင်း ပြောပြလာတဲ့ သီဟအောင်

Posted on

လူကြမ်းသရုပ်ဆောင် ကိုကိုဦးရဲ့ သားချောလေး သီဟအောင် ကတော့ အကယ်ဒမီ ရွှေကြိုကနေတဆင့် အနုပညာလောက ထဲက စတင်ဝင် ရောက်လာခဲ့ပြီး ကြော်ငြာတွေရိုက်ကူးကာ အောင်မြင်မှုတွေ အထိုက်အလျောက်ရရှိထားသူပဲ ဖြစ်ပါတယ်..။

သီဟအောင်ကတော့ လက်ရှိအခြေအနေတွေမှာ အားလုံးနဲ့အတူရပ်တည်ကာ လှုပ်ရှားမှုတွေကို ဝေမျှပြောပြတတ်သလို သူ့ရဲ့နေအိမ် ဖော က် ထွင်းခံလိုက်ရတဲ့အကြောင်းတွေကိုလည်း ပြောပြလာပါတယ်..။

နေ့လည်ပိုင်း ၁နာရီ ဝန်းကျင်လောက် အပြင်ခဏ ထွက်နေချိန် မှာပဲ အိမ်ဖောက် ခံလိုက်ရတာဖြစ်ပြီး ငွေသား(၂)သိန်းကျော်၊ အရေးကြီးတဲ့ စာရွက်စာတမ်း၊ ကားစာအုပ်၊ မြေဂရံစာချုပ် နဲ့ အခြားပစ္စည်းတွေ လည်း ပါသွားတယ်လို့ သိရပါတယ်..။မွှေနှောက်ရှာဖွေသွားပြီး ဖောက်ထွင်း ခံလိုက်ရတဲ့ အိမ်အတွင်းပိုင်းပုံတွေ ကိုလည်း သီဟအောင်က ဓာတ်ပုံတွေနဲ့အတူ ဝေမျှရင်း စိတ်မကောင်းစွာ ပြောပြထားတာပဲ ဖြစ်ပါတ ယ်.

“🙏🙏ကျွန်တော့်အိမ် နေ့လည်၁၂နာရီ၁နာရီ ဝန်းကျင် မှာ အပြင် ခဏထွက်နေချိန်မှာပဲ ဖောက်ခံလိုက်ရပါတယ်ဗျာ..

အရေးကြီးသော စာရွက်စာတမ်း မြေဂရံ စာချုပ်များ ကားစာအုပ် (YGN 9E-5677)၊ ငွေသား ၂သိန်းကျော် နှင့် အခြား ပစ္စည်းများ ပါသွား ပါသည်.. ကျွန်တော့် Fans တွေ ပေးထားတဲ့ ပစ္စည်းတွေပါ ပါသွားလို့ပါ.. ကျေးဇူးပြု၍ ဝိုင်းဝန်း Shareပေးကြပါခင်ဗျာ🙏🙏 ပြင်ဦးလွင်..” ဆို ပြီး ရေးသားပြောပြထားတာပါ..။

အဲ့ဒီပို့စ်အောက်မှာတော့ ပရိသတ်တွေအားလုံးကလည်း အခုလိုခက်ခဲနေကြတဲ့အချိန်မှာ အိမ်ဖောက်ထွင်း ခံလိုက်ရတဲ့ သီဟအောင် အတွက် အားပေးစကားတွေနဲ့အတူ ဂရုစိုက်ဖို့ကိုလည်း သတိပေးပြောထားကြတာ တွေ့ရပါတယ်..။

crd

Leave a Reply

Your email address will not be published. Required fields are marked *