အိမ်ထောင်စု (၁၃၀) ကျော် အတွက် လိုအပ် သော စားသောက်ကုန် တစ်ချို့ကို ထောက် ပံ့ လှူဒါန်းခဲ့တဲ့ စူးရှထက်

Posted on

မော်ဒယ် စူးရှထက်ကတော့ လူထုလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်နေ တဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ပြည်သူတွေ ကလည်း အနုပညာရှင်များစွာက သူတို့နဲ့အတူ အခုလိုပူးပေါင်းနေတာကြောင့်လည်း ဝမ်းသာအားရဖြစ်နေကြတာပါ။ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့်လည်း လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး Speak Out လုပ်ပေးနေတာကိုလည်း မြင်တွေ့ကြရမှာပါ။

ဒါ့အပြင် သူငယ်ချင်းမိတ်ဆွေများနဲ့အတူ ရန်ကုန်မြို့က စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့ စားသောက်ကုန် များအား လှူဒါန်းပေးနေတာလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ လှူဒါန်းမှုတွေကိုလည်း သာဓုခေါ်ဆိုနိုင်ရန် လူမှုကွန်ယက်စာမျက်နှာထက်တွင် ဝေမျှပေး နေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း စူးရှထက်ရဲ့ Facebook အကောင့်တွင် အိမ်ခြေ(၁၃၀)ကျော်အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာတွေ လှူဒါန်းနေတဲ့ ပုံရိပ်တွေကို တင်ထားတာပဲ ဖြစ်ပါတယ်။

သူမကလညျး ” အျိမျခွေ၁၃၀ကြောျအတှကျ ငါးသ တေ်တာ၊ ဆနျ အလှူလေး ပါ စူးနဲ့အတူပါဝင်လှူတမ်းကျတဲ့ အလှူရှင်များ သာဓုသာဓု သာဓုပါနော်🙏🙏🙏 ” ဆိုပြီး ​ရေးသားထားတာပါ။ ပရိသတ်တွေကလည်း ဒီပို့စ်ရဲ့ အောက်တွင် စူးရှထက်ရဲ့ လှူဒါန်းမှုတွေအတွက် သာဓုခေါ်နေကြတာကိုလည်း ကြည်နူးဖွယ် မြင်တွေ့ကြရမှာပါ။ ပရိသတ်တွေလည်း သိရှိစေရန်အတွက် ဒီသတင်းလေး ကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလို​က် ရပါတယ်နော်။

Source and Photo Crd-Zar Chi’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *