အိမ်တောင် မပြန်ဘဲ ပြည်သူ တွေ နဲ့အတူ ကြိုးစား ပါဝင်ခဲ့ပေမယ့် ကျည်ထိ မှန်ပြီး ကျဆုံး သွားခဲ့ရတဲ့ မန္တလေးမြို့က သူရဲကောင်းတစ်ဦး

Posted on

ပြီးခဲ့တဲ့ ဧပြီလ (၁) ရက်နေ့မှာတော့ မန္တလေးမြို့၊ စိန်ပန်းရပ် အတွင်းမှာ ကျဆုံးသွားတဲ့ သူနှစ်ဦးရှိခဲ့တာ ဖြစ်ပါတယ် ။ အဲ့ဒီနှစ်ဦးထဲကမှ အသက် (၁၉) နှစ်အရွယ် လူငယ်တစ်ယောက်ဖြစ်တဲ့ ကိုရဲနေမင်းကတော့ ရုပ်အလောင်းပြန်မရခဲ့တာကြောင့် မိသားစုဝင်တွေ ခမျာ သူ့အတွက် စျာပနပွဲကို တောင် မကျင်းပနိုင်သေးတာ ဖြစ်ပါတယ် ။ ကိုရဲနေမင်းက မန္တလေးမြို့၊ စိန်ပန်းရပ် (၄၁× ၉၁) နားမှာ ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့ရတဲ့ သူရဲကောင်းတစ်ဦး ဖြစ်ပါတယ် ။

ကိုရဲနေမင်းက ငယ်ရွယ်တဲ့ လူငယ်တစ်ယောက်ပီပီ တက်တက် ကြွကြွရှိပြီး ရဲရင့်တဲ့စိတ်ဓာတ်နဲ့ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ် ။ အခုဆိုရင်လည်း ကိုရဲနေမင်းနဲ့ ခင်မင်ရင်းနှီးခဲ့တဲ့ မိတ်ဆွေတစ်ဦးက သူတို့နှစ်ယောက်နောက်ဆုံးပြောဖြစ်ခဲ့တဲ့ စကားတွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ ပြန်လည် မျှဝေထားတာ ဖြစ်ပါတယ် ။ စာထဲမှာတော့ ကိုရဲနေမင်းက အိမ်မပြန်တာ တစ်ပတ်ရှိနေပြီဖြစ်ပြီး သူ့ရဲ့သူငယ်ချင်းအိမ်မှာပဲနေထိုင်နေတာဖြစ်ကြောင်း ပြောပြခဲ့တာ ဖြစ်ပါတယ် ။

အိမ်ကဖုန်းဆက်ခေါ်တာတောင် မပြန်ဘဲ ပြည်သူတွေ နဲ့ အတူ လူထုလှုပ်ရှားမှုတွေမှာ အားသွန်ခွန်စိုက် ပါဝင်ခဲ့တဲ့ ကိုရဲနေမင်းရဲ့စိတ်ဓာတ်က တကယ့်ကို လေးစားချင်စရာကောင်းလှပါတယ်။ “မိဘဆိုတော့လည်း တစ်ခုခုဖြစ်မှာတွေးပြီး ပြောတာပါ ဒါပေမဲ့ မဖြစ်အောင် ဂရုစိုက်လုပ်ရင် အောင်မြင်မှာပါ” ဆိုတဲ့ ကိုရဲနေမင်း ရဲ့စကားတွေကတော့ အခုဆိုရင် ပြည်သူတွေကိုပါ စိတ်မကောင်းဖြစ်စေခဲ့တာ ဖြစ်ပါတယ် ။ ဒီစာတွေကို ပြသခဲ့တဲ့ ကိုရဲနေမင်းရဲ့မိတ်ဆွေကလည်း ကတိစကားတစ်ခွန်း ဆိုခဲ့ပါသေးတယ် ။ ကိုရဲနေမင်းတစ်ယောက် ကောင်းရာမွန်ရာဘုံဘဝကို ရောက်ရှိပါစေလို့ ဆုတောင်းပေး လိုက်ရပါတယ်။

Source & Photo Credit-Dan Robert’s FB Acc

zawgyi

ၿပီးခဲ့တဲ့ ဧၿပီလ (၁) ရက္ေန႔မွာေတာ့ မႏၲေလးၿမိဳ႕၊ စိန္ပန္းရပ္ အတြင္းမွာ က်ဆုံးသြားတဲ့ သူႏွစ္ဦးရွိခဲ့တာ ျဖစ္ပါတယ္ ။ အဲ့ဒီႏွစ္ဦးထဲကမွ အသက္ (၁၉) ႏွစ္အ႐ြယ္ လူငယ္တစ္ေယာက္ျဖစ္တဲ့ ကိုရဲေနမင္းကေတာ့ ႐ုပ္အေလာင္းျပန္မရခဲ့တာေၾကာင့္ မိသားစုဝင္ေတြ ခမ်ာ သူ႔အတြက္ စ်ာပနပြဲကို ေတာင္ မက်င္းပႏိုင္ေသးတာ ျဖစ္ပါတယ္ ။ ကိုရဲေနမင္းက မႏၲေလးၿမိဳ႕၊ စိန္ပန္းရပ္ (၄၁× ၉၁) နားမွာ က်ည္ထိမွန္ၿပီး က်ဆုံးသြားခဲ့ရတဲ့ သူရဲေကာင္းတစ္ဦး ျဖစ္ပါတယ္ ။

ကိုရဲေနမင္းက ငယ္႐ြယ္တဲ့ လူငယ္တစ္ေယာက္ပီပီ တက္တက္ ႂကြႂကြရွိၿပီး ရဲရင့္တဲ့စိတ္ဓာတ္နဲ႔ လူထုလႈပ္ရွားမႈေတြမွာ ပါဝင္ခဲ့တာ ျဖစ္ပါတယ္ ။ အခုဆိုရင္လည္း ကိုရဲေနမင္းနဲ႔ ခင္မင္ရင္းႏွီးခဲ့တဲ့ မိတ္ေဆြတစ္ဦးက သူတို႔ႏွစ္ေယာက္ေနာက္ဆုံးေျပာျဖစ္ခဲ့တဲ့ စကားေတြကို လူမႈကြန္ယက္ စာမ်က္ႏွာထက္မွာ ျပန္လည္ မွ်ေဝထားတာ ျဖစ္ပါတယ္ ။ စာထဲမွာေတာ့ ကိုရဲေနမင္းက အိမ္မျပန္တာ တစ္ပတ္ရွိေနၿပီျဖစ္ၿပီး သူ႔ရဲ႕သူငယ္ခ်င္းအိမ္မွာပဲေနထိုင္ေနတာျဖစ္ေၾကာင္း ေျပာျပခဲ့တာ ျဖစ္ပါတယ္ ။

အိမ္ကဖုန္းဆက္ေခၚတာေတာင္ မျပန္ဘဲ ျပည္သူေတြ နဲ႔ အတူ လူထုလႈပ္ရွားမႈေတြမွာ အားသြန္ခြန္စိုက္ ပါဝင္ခဲ့တဲ့ ကိုရဲေနမင္းရဲ႕စိတ္ဓာတ္က တကယ့္ကို ေလးစားခ်င္စရာေကာင္းလွပါတယ္။ “မိဘဆိုေတာ့လည္း တစ္ခုခုျဖစ္မွာေတြးၿပီး ေျပာတာပါ ဒါေပမဲ့ မျဖစ္ေအာင္ ဂ႐ုစိုက္လုပ္ရင္ ေအာင္ျမင္မွာပါ” ဆိုတဲ့ ကိုရဲေနမင္း ရဲ႕စကားေတြကေတာ့ အခုဆိုရင္ ျပည္သူေတြကိုပါ စိတ္မေကာင္းျဖစ္ေစခဲ့တာ ျဖစ္ပါတယ္ ။ ဒီစာေတြကို ျပသခဲ့တဲ့ ကိုရဲေနမင္းရဲ႕မိတ္ေဆြကလည္း ကတိစကားတစ္ခြန္း ဆိုခဲ့ပါေသးတယ္ ။ ကိုရဲေနမင္းတစ္ေယာက္ ေကာင္းရာမြန္ရာဘုံဘဝကို ေရာက္ရွိပါေစလို႔ ဆုေတာင္းေပး လိုက္ရပါတယ္။

Source & Photo Credit-Dan Robert’s FB Acc

Leave a Reply

Your email address will not be published. Required fields are marked *