အိမ်တိုင်း အိမ်တိုင်းမှာ..ကပ်ထားရင် ကပ်ရောဂါ ဘေးကြီးကနေ မြန်မာတစ်ပြည်လုံး ကင်းဝေးလိမ့်မယ်လို့ ယုံကြည် ပါတယ်
ရှေးရှေးတုန်းကလည်း ကျောက်ရောဂါ..ပုလိပ်ရောဂါ.. ဝမ်းရောဂါ အစရှိသဖြင့် ကူးစက်လွယ်တဲ့ ရောဂါဆိုးတွေ ဖြစ်ခဲ့ ကြဘူးတယ်…။
တရွာလုံး ရွာလုံးကျွတ် ကူးကုန်ပြီးလူတွေ အကုန်သေကြသတဲ့.. လူတွေသေတော့ မကောင်း ဆိုးရွားတွေ ပျော်တာပေါ့.. သူတို့တွေ ပျော်မြူးပြီး ရွာတွေထဲ ဝင်လာကြသတဲ့..
ရွာတွေ ထဲက လူတချို့လည်း တခြားလွတ်ရာ ရှောင်တဲ့လူကရှောင်..ပြောင်းတဲ့လူက ပြောင်းပေါ့….အဲလိုနဲ့ ရွာတွေဟာ တစပြင် လို အကုန် လူခြေတိတ်ပြီး ခြောက်ကပ်နေတာပေါ့..
ဒါပေမဲ့….ရွာတစ်ရွာမှာတော့ တဲစုတ်စုတ် အိမ်လေး တစ်အိမ်မှာ ရှိတဲ့လူတွေ ကတော့ ဘာမှမဖြစ်ဘဲ အကောင်းတိုင်း ကျန်နေသတဲ့….
မကောင်းဆိုးရွားတွေလည်း အဲဒိတဲစုတ်လေးထဲ ဝင်ဘို့ အကြိမ်ကြိမ်ကြိုးစားပေမဲ့ ဘယ်လိုမှ ဝင်လို့မရကြဘူး…..။
ကပ်ဘေးကြီး ကင်းသွားတော့မှ ရွာကနေ ရှောင်သွား ကြတဲ့ လူတချို့ ပြန်လာကြတယ်..
ပြန်ရောက်လာတဲ့ လူတွေက ဒီလူဆင်းရဲတွေ အိမ်…..ဘာဖြစ်လို့များ ကပ်ရောဂါက ကွင်းသွားသလဲလို့ စူးစမ်းကြ တာပေါ့..
အဲဒီမှာ ဘာသွားတွေ့သလဲ ဆိုတော့…..တဲလေးရဲ့ တံစက်မြိတ် သက်ကယ်တွေကြားထဲမှာ ပေရွက်ခေါက်လေး တစ်ခု ကို တွေ့ကြရသတဲ့…..
ပေရွက်ပေါ်မှာ.. ရေးထိုးထားတဲ့ ဂါထာတော်ရဲ့ တန်ခိုးကြောင့် ကပ်ရောဂါလည်း မဝင်နိုင်….မကောင်းဆိုးရွားလည်း ရှောင်ပြေး ရတဲ့ အဖြစ်ပေါ့နော်..
ဒီဂါထာလေးကို ရေးကူးပြီး အိမ်တိုင်း အိမ်တိုင်းမှာ..ကပ်ထားရင် ကပ် ရောဂါ ဘေးကြီးကနေ မြန်မာ တစ်ပြည်လုံး ကင်းဝေး လိမ့်မယ်လို့ ယုံကြည်ပါတယ်….
ယုံကြည်သူများ ဒီဂါထာကို ပူဇော်ကြပါ..နန်းကတော့ အကြိမ်ကြိမ် စမ်းသပ် ဘူးပါတယ်….
ညဘက်တွေ ခွေးအူနေရင် ဂါထာကို ရွတ်ပြီး အူနေတဲ့အရပ်ဘက်ကို လက်ငြိုး ထိုးထားလိုက်ပါတယ်….
ထူးဆန်းတာက ခွေးအူသံ တိကနဲ ရပ်သွားတာပါ…..လုံးဝကို တိတ်ဆိတ် သွားတာမျိုး ခဏခဏ ကြုံရပါတယ်…. ။
ဒါကြောင့် ယုံယုံကြည်ကြည်နဲ့ ဗုဒ္ဓဘာသာဝင်တွေ အိမ်မှာ ကပ်လှူပူဇော်ကြပါ လို့ တိုက်တွန်းပါရစေ…..။
သိရသ္မိ ံ ဂါထာတော်
၁။ သိရသ္မိ ံ မေ ဗုဒ္ဓသေဋ္ဌော၊
သာရိပုတ္တောစ ဒက္ခိဏေ ။
ဝါမအံသေ မောဂ္ဂလ္လာနော၊
ပုရေတာ ပိဋကတၱယံ ။
၂။ ပစ္ဆိမေ မမ အာနန္ဒော၊
စတုဒၵိသာ ခီဏာသဝါ ။
သမန္တာ လောကပါလာစ ၊
ဣန္ဒာဒေဝါ သ ဗြဟ္မကာ ။
၃။ ဧတသေံ အာနု ဘာဝနေ၊
သဗ္ဗေဘယာ ဥပဒ္ဒဝါ ။
အနကေ အန်တရာယာပိ ၊
ဝိနဿန္တု အသေသတော ။
၁။ ဗုဒ္ဓသေဋ္ဌော – ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်
မေ – တပည့်တော်၏။သိရသ္မိ ံ – ဦးခေါင်းထက်၌။
တိဋ္ဌတု – ရွှင်ပျော်နှလုံး သီတင်းသုံးတော်မူပါစေသတည်း ။
သာရိပုတ္တောစ – အရှင်သာရိပုတ္တရာ
မထေရ်မြတ်ကြီးသည်လည်း။ မေ – တပည့်တော်၏။
ဒက္ခိဏော – လက်ယာပခုံး၌။ တိဋ္ဌတု- ရပ်တည် သီတင်းသုံးတော်မူပါစေသတည်း။
မောဂ္ဂလ္လာနော – အရှင်မောဂ္ဂလ္လာန်မထေရ်မြတ်ကြီးသည်။ မေ – တပည့်တော်၏။ ဝါမအံသေ – လက်ဝဲပခုံးထက်၌။တိဋ္ဌတု – သီတင်းသုံးတော်မူ ပါစေသတည်း။
ပိဋကတ္တယံ – ပိဋကသုံးတန် ဓမ္မက္ခာန်သည်။ မေ – တပည့်တော်၏။ပုရတော – မျက်နှာမူလတ် အရှေ့အရပ်၌ ။ တိဋ္ဌတ ု- စံပါယ်ကိန်းဝတ် ရပ်တည် ပါစေသတည်း ။
၂။ အာနန္ဒော – အရှင်အာနန္ဒာမထေရ်မြတ်ကြီးသည်။ မေ – တပည့်တော်၏။ ပစ္ဆိမေ – မျက်နှာကွယ်ထား နောက်ရပ်ပါး၌။ တိဋ္ဌတု – ရပ်တည်သီတင်း သုံးတော်မူပါစေသား။
ခီဏာသဝါ – ရဟန္တာမထေရ်မြတ်ကြီးတို့သည်။
မမ – တပည့်တော်၏။စတုဒ္ဒိသာ – ခန္ဓာတည်ရာ အရပ်လေးမျက်နှာတို့၌။ တိဋ္ဌတု- ရပ်တည်နေကြပါစေသား။
သဗြဟ္မကာ – ဗြဟ္မာအပေါင်းတို့နှင့်တကွ ဖြစ်ကုန်သော။ ဣန္ဒာဒေဝါသ – သကြား နတ် အပေါင်းတို့သည်လည်းကောင်း။ လောကပါလာစ – လောကစောင့်ကြပ် နတ်မြတ် အပေါင်းတို့သည်လည်းကောင်း။ မမ – အကျွန်ု ပ်၏ ။
သမန္တာ – ထက်ဝန်းကျင် ပတ်ပတ်လည်တို့၌။
တိဋ္ဌတု- နှလုံးရွှင်ပျ ရပ်တည်နေကြပါစေသား။
၃။ ဧတေသံ – ထိုရတနာသုံးပါး နတ်သိကြားဗြဟ္မာ အပေါင်းတို့၏။ အာနုဘာဝေန – ရှိန်ဝါတန်ခိုး စွမ်းရည်အမျိ ု းမျိ ု းကြောင့်။ သဗ္ဗေ – ကြွင်းမဲ့ဥဿ ုံ အလုံးစုံကုန်သော။ ဘယဥပဒ္ဒဝါ – ဘေးဥပါဒ်တို့သည် လည်းကောင်း။ အနေကအန္တရာယာပိ – တစ်ပါးမက များလှကုန်သော ကပ်အန္တရာယ် အသွယ်သွယ်တို့သည် လည်းကောင်း။ အသေသတော – ကြွင်းကျန်မရှိ ပကတိအားဖြင့်။ ဝိနာသန္တု – ပိန်းကြာဖက်တွင် ရေမတင်သို့ ကင်းစင်လွင့်ပျောက်ကြပါစေသတည်း ။
ကပ်ကြီး သုံးပါးကို ကျော်နင်းနိုင် ကြပါစေ……။ကံကောင်းသူများ ဤ ဂါထာကို တွေ့ကြလိမ့်မည်ဟု ယူဆမိပါသည်.. .။ Credit ;orginal writer