အားလျော့သွားမှာစိုးရိမ်လို့ ပြန်တင်ပြီး သတိပေးပါရစေ စိတ်ဓာတ်ကျ နေကြပြီလား ၇၆ နှစ်အရွယ် အမေအိုကြီး ရဲ့ မျက်နှာ ကို စူးစူးစိုက်စိုက် ပြန်ကြည့်ပါစိတ်ဓာတ်ကျ နေကြပြီလား သူ တစ်ရက်လေးမှ ငါတို့အတွက် စိတ်ဓာတ်မကျခဲ့တာ ကို သတိရပါ စိတ်ဓာတ်ကျ နေကြပြီလား နိမ့်ကျနေတဲ့ ငါတို့ ဘဝတွေကို အမြဲ စူးစိုက် ကြည့်နေခဲ့တဲ့ မျက်လုံး အစုံကို သတိရပါ
စိတ်ဓာတ်ကျ နေကြပြီလား သူ့ဘဝတစ်ခုလုံး ပစ်ပြီး ငါတို့ ဘဝတွေ အတွက် တိုက်ပွဲဝင်ပေးခဲ့တာတွေ သတိရပါစိတ်ဓာတ်ကျ နေကြပြီလား ငါတို့ အတွက် နိုင်ငံတကာအလယ်မှာ တရားစွဲ ခံထားရမှုကို ရင်ကော့ပြီး ဖြေရှင်းပေးခဲ့တာ သတိရပါ စိတ်ဓာတ်ကျ နေကြပြီလား နေပူပူမှာ ထီးမပါပဲ
တစ်ရွာဝင် တစ်ရွာထွက် ငါတို့ အသံတွေ နားထောင်ပေးခဲ့တာကို သတိရပါစိတ်ဓာတ်ကျ နေကြပြီလား ဘုရား တရား လုပ်ပြီး မြေးမြစ်တွေ နဲ့ ပျော်ရွှင်နေရမယ့် အရွယ်မှာ ငါတို့နဲ့ အတူ ပူလောင် ပေးနေရတာကို သတိရပါစိတ်ဓာတ်ကျ နေကြပြီလား ည ၈ နာရီတိုင်း ” ကျမတို့ ပြည်သူတွေ covid ရန်က ကင်းဝေးပြီး ကျန်းမာ ချမ်းသာကြပါစေ ” ဆိုတဲ့ သူမ ရဲ့ အသံ နဲ့ အပြုံးလေးကို သတိရပေးပါ
crd
zawgyi
crd