“လှည်းတန်း လူစုခွဲခံရတော့ မြောက်ဥက္ကလာနဲ့ ဒဂုံပြန်မဲ့ သူတွေ အတွက် Free Ride လိုက်ပို့ပေးဖြစ်ခဲ့တယ်။ နောက်ဖုံး ၃ယောက်နဲ့ အလည် နောက်ခန်း ၄ယောက် ရှေ့မှာ ပိန်တဲ့သူ၂ယောက်။ မြောက်ဥက္ကလာ အဝိုင်းကျ အကုန်ဆင်းသွားတော့ နောက်ဖုံးတံခါးပိတ်ပြီး နောက်ခန်းထဲ ကြည့်လိုက်တာ မြင်တော်မူတဲ့ အတိုင်းဘဲ ” 5000 ” တန်အသစ်လေး ၂ ရွက် ထိုင်ခုန်ကြားလေးထဲ ညပ်ပြီး ထားခဲ့တယ်။
ကျေးဇူတင်စကားတောင် မပြောလိုက်ရဘူး အုပ်စုလိုက် မြောက်ဒဂုံ YBS ပေါ်တက်သွားကြတယ်။ ညီငယ် ညီမငယ်လေးတွေ နိုင်ငံအတွက်တာဝန်ကျေတဲ့ ” မင်းတို့လေးတွေ ကျရူံးလို့ မဖြစ်သလို ကျဆုံးဖို့လဲ မဖြစ်ဘူး။ ” ပြိုင်တူတွန်းတဲ့ ဒီပွဲမှာ အာဏရှင်တွေ အမြစ်ပြုတ် ကိုပြုတ်ရမယ်။ သေချာတာက ရှေ့ဆက် ငါတို့တွေ ပိုပင်ပန်းမယ် ငါတို့တွေ ပိုနာကျဉ်ရမယ်
ငါတို့တွေ ပိုခက်ခဲ တဲ့ အတား အစီးတွေကို ရင်ဆိုင်ရမယ်။ ငါတို့ ရဲ့ ချွေးတွေ ငါတို့ရဲ့ သွေးတွေ စတေးရမယ်နောက်မဆုပ်စတမ်းငါတို့ပြည်သူတွေ ” ညီရဲ့လားဟေ့ ” အောင်ငြိမ်းမောင်
celeupdatenews
zawgyi
celeupdatenews