စကားသံဝဲဝဲလေး နဲ့ ချစ်စရာကောင်းတဲ့ တိုင်းရင်းသူလေး ကတော့ သရုပ်ဆောင် မင်းသမီး နော်ဖောအယ်ထားပဲ ဖြစ်ပါတယ်။ သူမကတော့ လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပူးပေါင်းပါဝင်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ကျရာအခန်း ကဏ္ဍကနေ အားကြိုးမာန်တက်ပါဝင်ပေးနေတဲ့ အနုပညာရှင်များစွာထဲက တစ်ဦး ဖြစ်တာကြောင့် ပရိသတ်တွေက ပိုပြီးချီး ကျူးနေကြတာပါ။
ကိုယ်တိုင်အပင်ပန်းခံကာ လူထုလှုပ်ရှားမှုတွင် ပါဝင်နေရုံတင်မကဘဲ ကျဆုံး သွားတဲ့ သူရဲကောင်းတွေရဲ့ကျန်ရစ်ခဲ့တဲ့ မိသားစုဝင် များထံသို့ ကိုယ်တိုင်သွားရောက်ပြီး အလှူငွေတွေလည်း လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့်လည်း အချိန်နဲ့အမျှ အရေးကြီးတဲ့ သတင်းအချက်အလက်တွေအား ဝေမျှပေး နေတာလည်း ဖြစ်ပါတယ်။ ညပိုင်းတွင် ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် ပြုလုပ်ပေးတဲ့ ဆုတောင်းပွဲတွေမှာလည်း ဇွဲမလျော့ဘဲ ပူးပေါင်းပါဝင်နေတာလည်း ဖြစ်ပါတယ်။
မကြာသေးခင် နာရီပိုင်းလောက် ကလည်း နော်ဖော် ရဲ့ Facebook Page တွင် အားလုံး ပါဝင်နေကြတဲ့ အသံတိတ်သပိတ်မှာ ပြည်သူတစ်ဦးအနေနဲ့ အားဖြည့်ပူးပေါင်းနေတဲ့ ပုံရိပ်တွေကို တင်ပေးထားတာပဲ ဖြစ်ပါတယ်။ သူမကလည်း ” အသံတိတ်သပိတ် SILENT STRIKE ❗️ ၂၄/၃/၂၀၂၁ #March24Coup #SilentStrike #WhatsHappeningInMyanmar ” ဆိုပြီး ရေးသားကာ ဝေမျှပေးထားတာကြောင့် ပရိသတ်တွေလည်း သိရှိနိုင်စေရန်အတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Photo Crd-Naw Phaw Eh Htar’s Facebook Page
zawgyi
စကားသံဝဲဝဲေလး နဲ႔ ခ်စ္စရာေကာင္းတဲ့ တိုင္းရင္းသူေလး ကေတာ့ သ႐ုပ္ေဆာင္ မင္းသမီး ေနာ္ေဖာအယ္ထားပဲ ျဖစ္ပါတယ္။ သူမကေတာ့ လက္ရွိ ျမန္မာႏိုင္ငံတြင္ ျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈေတြမွာ ျပည္သူေတြနဲ႔အတူ တက္ႂကြစြာ ပူးေပါင္းပါဝင္ေနသူ တစ္ဦးလည္း ျဖစ္ပါတယ္။ က်ရာအခန္း က႑ကေန အားႀကိဳးမာန္တက္ပါဝင္ေပးေနတဲ့ အႏုပညာရွင္မ်ားစြာထဲက တစ္ဦး ျဖစ္တာေၾကာင့္ ပရိသတ္ေတြက ပိုၿပီးခ်ီး က်ဴးေနၾကတာပါ။
ကိုယ္တိုင္အပင္ပန္းခံကာ လူထုလႈပ္ရွားမႈတြင္ ပါဝင္ေန႐ုံတင္မကဘဲ က်ဆုံး သြားတဲ့ သူရဲေကာင္းေတြရဲ႕က်န္ရစ္ခဲ့တဲ့ မိသားစုဝင္ မ်ားထံသို႔ ကိုယ္တိုင္သြားေရာက္ၿပီး အလႉေငြေတြလည္း လႉဒါန္းခဲ့တာလည္း ျဖစ္ပါတယ္။ သူမရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာမွ တစ္ဆင့္လည္း အခ်ိန္နဲ႔အမွ် အေရးႀကီးတဲ့ သတင္းအခ်က္အလက္ေတြအား ေဝမွ်ေပး ေနတာလည္း ျဖစ္ပါတယ္။ ညပိုင္းတြင္ က်ဆုံးသြားတဲ့ သူရဲေကာင္းေတြအတြက္ ျပဳလုပ္ေပးတဲ့ ဆုေတာင္းပြဲေတြမွာလည္း ဇြဲမေလ်ာ့ဘဲ ပူးေပါင္းပါဝင္ေနတာလည္း ျဖစ္ပါတယ္။
မၾကာေသးခင္ နာရီပိုင္းေလာက္ ကလည္း ေနာ္ေဖာ္ ရဲ႕ Facebook Page တြင္ အားလုံး ပါဝင္ေနၾကတဲ့ အသံတိတ္သပိတ္မွာ ျပည္သူတစ္ဦးအေနနဲ႔ အားျဖည့္ပူးေပါင္းေနတဲ့ ပုံရိပ္ေတြကို တင္ေပးထားတာပဲ ျဖစ္ပါတယ္။ သူမကလည္း ” အသံတိတ္သပိတ္ SILENT STRIKE ❗️ ၂၄/၃/၂၀၂၁ #March24Coup #SilentStrike #WhatsHappeningInMyanmar ” ဆိုၿပီး ေရးသားကာ ေဝမွ်ေပးထားတာေၾကာင့္ ပရိသတ္ေတြလည္း သိရွိႏိုင္ေစရန္အတြက္ ဒီသတင္းကို တစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။
Photo Crd-Naw Phaw Eh Htar’s Facebook Page