အားလုံး စိတ်မကောင်း မျက်ရည်ကျ ခဲ့ရ တဲ့ ကိုမြအေး သမီး ရဲ့ အဖေ ကို လွမ်းကြောင်း စာလေး

Posted on

အခု အဖေကိုစောင့်မျှော်နေကြတာ ကျွန်မတို့တင် မဟုတ်ပါဘူး။ အိမ်မှာ ရှိနေတဲ့ကြောင်လေးတွေလည်း အကုန်ပါတယ်။

အဖေက ညဘက်တိုင်း လမ်းကကြက်ကြော်လေးကိုရအောင်ဝယ်လာပြီးမှ အိမ်ပေါ်တက်လာ တတ်ပါတယ်။

ဘယ်လိုအကျင့်စဖြစ်သွားလည်းတော့မသိပေမဲ့ ကြောင်တွေအားလုံးနီးပါးကလည်း

အဖေပြန်လာတတ်တဲ့ 9 နာရီ‌လောက်ရောက်ပြီဆိုတာနဲ့ အိမ်ရှေ့ထွက်လာကြပြီး

တံခါးရှေ့မှာအုပ်စုလိုက် ထိုင်စောင့်နေကြတတ်ပါတယ်။

တချို့ဆိုတံခါးလက်ကိုင်ကိုပါ မျက်တောင်မခတ် မော့ကြည့်ပြီးစောင့်နေကြတာပါ။

အဖေကလည်းလှေကားပေါ်က တက်လာရင် ဒီတိုင်းမလာပဲ ကြောင်တွေကြားအောင်

သီချင်းတွေဆိုလို့ဆို ၊ သူတို့နာမည်တွေ အော်ခေါ်လို့ခေါ်နဲ့ တက်လာ တတ်ပါတယ်။

အဖေ့အသံကြားတာ နဲ့လည်း‌ ကြောင်လေးတွေက သူမှန်းသိပြီး အော်တဲ့သူနဲ့ တံခါးကိုခြစ်ကြတဲ့သူနဲ့ ‌ ရောက်ရက်ခတ်ကြတာပါ။

အခုဆို သူတို့လည်းအဲ့လိုမျိုး အဖေပြန်လာတဲ့ အသံကို မကြားရတာလည်း 1လ ‌ကျော်ပါပြီ။

ဒါပေမဲ့ တံခါးရှေ့မှာ 9နာရီဆိုတာနဲ့စောင့်နေကြတုန်းပါ။

သူတို့စိတ်ထဲမှာ အဖေမရှိတာကို ဘယ်လိုမျိူး မှတ်ထားလည်းတော့ ကိုယ်မသိပင်မဲ့

လူတစ်ယောက်‌ရော့သွားတာ ၊ လို‌နေတာကိုတော့ သူတို့လည်း တစ်နည်းတစ်ဖုံနဲ့ စိတ်ထဲမှာသိနေကြပါတယ်။

အခု ကျွန်မတို့ အကုန်လုံး အဖေအိမ်ပြန်လာဖို့ရာ စောင့်မျှော်နေကြဆဲပါ။

celeupdatenews

zawgyi

အခု အေဖကိုေစာင့္ေမွ်ာ္ေနၾကတာ ကြၽန္မတို႔တင္ မဟုတ္ပါဘူး။ အိမ္မွာ ရွိေနတဲ့ေၾကာင္ေလးေတြလည္း အကုန္ပါတယ္။

အေဖက ညဘက္တိုင္း လမ္းကၾကက္ေၾကာ္ေလးကိုရေအာင္ဝယ္လာၿပီးမွ အိမ္ေပၚတက္လာ တတ္ပါတယ္။

ဘယ္လိုအက်င့္စျဖစ္သြားလည္းေတာ့မသိေပမဲ့ ေၾကာင္ေတြအားလုံးနီးပါးကလည္း

အေဖျပန္လာတတ္တဲ့ 9 နာရီ‌ေလာက္ေရာက္ၿပီဆိုတာနဲ႔ အိမ္ေရွ႕ထြက္လာၾကၿပီး

တံခါးေရွ႕မွာအုပ္စုလိုက္ ထိုင္ေစာင့္ေနၾကတတ္ပါတယ္။

တခ်ိဳ႕ဆိုတံခါးလက္ကိုင္ကိုပါ မ်က္ေတာင္မခတ္ ေမာ့ၾကည့္ၿပီးေစာင့္ေနၾကတာပါ။

အေဖကလည္းေလွကားေပၚက တက္လာရင္ ဒီတိုင္းမလာပဲ ေၾကာင္ေတြၾကားေအာင္

သီခ်င္းေတြဆိုလို႔ဆို ၊ သူတို႔နာမည္ေတြ ေအာ္ေခၚလို႔ေခၚနဲ႔ တက္လာ တတ္ပါတယ္။

အေဖ့အသံၾကားတာ နဲ႔လည္း‌ ေၾကာင္ေလးေတြက သူမွန္းသိၿပီး ေအာ္တဲ့သူနဲ႔ တံခါးကိုျခစ္ၾကတဲ့သူနဲ႔ ‌ ေရာက္ရက္ခတ္ၾကတာပါ။

အခုဆို သူတို႔လည္းအဲ့လိုမ်ိဳး အေဖျပန္လာတဲ့ အသံကို မၾကားရတာလည္း 1လ ‌ေက်ာ္ပါၿပီ။

ဒါေပမဲ့ တံခါးေရွ႕မွာ 9နာရီဆိုတာနဲ႔ေစာင့္ေနၾကတုန္းပါ။

သူတို႔စိတ္ထဲမွာ အေဖမရွိတာကို ဘယ္လိုမ်ိဴး မွတ္ထားလည္းေတာ့ ကိုယ္မသိပင္မဲ့

လူတစ္ေယာက္‌ေရာ့သြားတာ ၊ လို‌ေနတာကိုေတာ့ သူတို႔လည္း တစ္နည္းတစ္ဖုံနဲ႔ စိတ္ထဲမွာသိေနၾကပါတယ္။

အခု ကြၽန္မတို႔ အကုန္လုံး အေဖအိမ္ျပန္လာဖို႔ရာ ေစာင့္ေမွ်ာ္ေနၾကဆဲပါ။

celeupdatenews

Leave a Reply

Your email address will not be published. Required fields are marked *