အားလုံးသွား ရမယ့် လမ်းက အတူတူပဲ ဖြစ်တာ ကြောင့် အခုချိန်မှာ အရေးကြီးတဲ့ အချက်တစ်ခုကို ထောက်ပြ အကြံပေးလာတဲ့ နေတိုး

Posted on

ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ အာဏာ သိမ်းလိုက်ကြောင်း စတင်ကြေညာပြီး မကြာခင်မှာပဲ ရန်ကုန်မြို့မှာ သပိတ်ကြောင်းတွေ အများအပြားထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ် ။ မတရားမှုကို တော်လှန်ဖို့အတွက် လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ကြတဲ့ ပြည်သူတွေထဲမှာ အနုပညာ ရှင်တွေလည်း ပါဝင် ခဲ့ကြတာ ဖြစ်ပါတယ် ။ သရုပ်ဆောင်မင်းသားတစ်ဦးဖြစ်တဲ့ နေတိုး ကလည်း ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။

နေတိုးက အနုပညာရှင်များ အဖွဲ့နဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပြီး လူမှုကွန်ယက်စာမျက်နှာတွေက တစ်ဆင့် ပြည်သူတွေကို အားပေးစကားပြောခဲ့တာလည်း ဖြစ်ပါတယ် ။ လက်ရှိမှာဆိုရင် Blue Mark ရထားတဲ့ နေတိုးရဲ့ Facebook Page က ပျက်သွား တာကြောင့် သူ့အနေနဲ့ Page အသစ်တစ်ခု ဖွင့်ပြီး အသုံးပြုနေတာ ဖြစ်ပါတယ် ။ ဒီနေ့မှာတော့ နေတိုးက အကြံပေးစကား တစ်ချို့ကိုရေးသားပြောပြထားတာ တွေ့ရပါတယ်။

နေတိုးက “ခွဲခြားနေသမျှ ကွဲပြားနေဦး မှာပါပဲ မကွဲပြားချင်ရင် မခွဲခြားဖို့က အရေးကြီးတယ်ပေါ့ အားလုံးသွားရမယ့်လမ်း အတူတူပါပဲ NT…” ဆိုပြီး တင်ထားတာ ဖြစ်ပါတယ် ။ အခုချိန်မှာတော့ ပြည်သူတစ်ချို့က နေတိုးနဲ့ပတ်သက်ပြီး ဝေဖန်ပြော ဆိုမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ် ။ နေတိုးကတော့ တစ်ခါတစ်ရံ မှာ သူ့ရဲ့Facebook Story ကတစ်ဆင့် သူရေးသားပြောပြချင်တဲ့ အကြောင်းအရာလေးတွေကို ဖော်ပြလေ့ရှိတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-“Nay Toe 2021 Officially” FB Page

Leave a Reply

Your email address will not be published. Required fields are marked *