ရန်ကုန်မြို့ မနေ့က (၂၂.၁.၂၀၂၁) နေ့ခင်းကြောင်တောင် ၃ နာရီ အချိန် တာမွေယာယီဈေး အရှေ့မှာ အမျိုးသမီးတဦးမှ
လမ်းသွားနေသူ အမျိုးသမီးတဦးကို အရူးမအဖြစ် ရန်ဖြစ်ဟန်ဆောင်၍ တွန်းထိုး ဆွဲရမ်းပြီး ဖုန်းလုယက်မှုဖြစ်ပွားခဲ့ပါသည်။
ဖုန်းဆက် အကြောင်းကြားပေးမှုကြောင့် တာမွေမြို့မ ရဲတပ်ဖွဲ့ နယ်ထိန်း ကိုဇော်မင်းထိုက် နှင့်အဖွဲ့က ချက်ချင်း လာရောက်ပြီး အရေးယူမှု ပြုလုပ်နိုင်ခဲ့ပါတယ်။
တွန်းထိုးရိုက်နှက်ခံရသော အမျိုးသမီးမှာ.. ဗဟန်းမြို့နယ်တွင် နေထိုင်သူ ဖြစ်ပါတယ်။
ကျမက ပြန်လုတော့ ဖုန်းတော့ ပါမသွားပါဘူးဟု အလုခံရသည့် အမျိုးသမီးက ပြောပါတယ်..
ဖုန်းလုတုန်းကတော့ လူကောင်းဘဲ လူတွေဝိုင်း ဖမ်းပြီး မိသွားတော့ အရူးမ ဟန်ဆောင်နေတယ်လို့ အလုခံရသူ အမျိုးသမီး ထပ်ဆင့် ပြောပါတယ်။
တာမွေပြည်သူများ သတိထားနိုင်ရန် တင်ပြပေးလိုက်ပါသည်။
(ရွှေစန်း နယ်မြေသတင်း အဖွဲ့)