အားလုံးက ဒုက္ခတွေ ကိုယ်စီ ဝေနေကြတဲ့ အချိန်မှာ လူစိတ်ဝင်စားခံ ရဖို့အတွက် အခွင့်ကောင်း မယူကြ ပါနဲ့လို့ ပြောလာတဲ့ “မေ”

Posted on

မေကတော့ မြန်မာနိုင်ငံရဲ့ ဒီအရေးတော်ပုံကြီး စတင်ထဲက ပြည်သူတွေ နဲ့အတူ စိတ်ရောကိုယ်ပါနှစ်ပြီး

ပါဝင် ရပ်တည်ခဲ့သူ တစ်ယောက်ပါ။ ဒါ့အပြင် သူရဲ့ Follower များစွာ ရှိတဲ့ အကောင့် ကနေလည်း

မြန်မာနိုင်ငံမှာ နေ့စဉ် ဖြစ်ပျက်သမျှတွေ ကို နိုင်ငံတကာက သတင်းမီဒီယာတွေ သတိထား မိလာအောင်

အချိန်နဲ့ တစ်ပြေးညီ ဖော်ပြပေး ခဲ့သလို အရေးကြီး လိုက်နာသင့် တဲ့ သတင်းအချက်အလက်တွေကိုလည်း

ဒီနေ့ ဒီချိန်အထိ ဝေမျှပေးနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

သူကိုယ်တိုင်လည်း လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှု တွေမှာ မျိုးစုံပါဝင်ခဲ့သူ တစ်ယောက်ပါ ။

ဒါ့အပြင် ဆန္ဒထုတ်ဖော်နေတဲ့ ရှေ့တန်းကပြည်သူတွေ အတွက်လည်း လိုအပ်တဲ့ပစ္စည်းများကို

လှူဒါန်းခဲ့သလို ကျဆုံးသွားတဲ့ ပြည်သူ့ သူရဲကောင်းတွေ အတွက်လည်း လှူဒါန်းမှုတွေ ပြုလုပ် ပေးခဲ့ရာ

တတ်နိုင်သလောက် ရရာနေရာကနေ ပါဝင် အားဖြည့်ခဲ့တာကြောင့် အားလုံးက လေးစားနေရတာပါ။

ဒါကြောင့်လည်း မေအနေနဲ့ ပုဒ်မ- ၅၀၅-က ဖြင့် အမှုဖွင့် အရေးယူခြင်းခံထားရပြီး မိသားစုနဲ့ ခွဲကာ တိမ်းရှောင်နေရပါတယ်။

ဒါပေမယ့်လည့် ဒီနေ့အထိ သူမ လုပ်ပေးနိုင်တာတွေကိုတော့ ပါဝင်ကူညီပေးရင်း ပြည်သူတွေနဲ့ အတူရပ်တည်နေဆဲပါ ။

အခုလည်း ဒီလို ပြည်သူ အားလုံး ဒုက္ခကိုယ်စီဝေနေချိန် မှာ ပေါက်တတ်ကရ ခေါင်းစဉ်တွေနဲ့

လူစိတ်ဝင်စားမှုရအောင် သတင်းတွေ စာတွေကို မရေးကြဖို့ အကြောင်းလေး ဝေမျှလာပါတယ် ။

” တော်လှန်ရေးကာလ လူတွေ သေကြေ တိုင်းပြည်ယောက်ယက်ခက်နေတဲ့ အချိန် အပေါက်တွေ

ပိတ်ပျောက်နေတဲ့ မီဒီယာ တစ်ချို့ဟာ အခုချိန်မှ အလျှိူလျှိူ ပြန်ပေါ်လာပြီး..

လူပိန်းကြိုက် ပေါက်တတ်ကရ ခေါင်းစဉ်တွေ နဲ့ လျှောက်တော့မတင်ကြနဲ့နော်..

အားလုံးက ဒုက္ခကိုယ်စီဝေနေကြတာကို ကိုယ် လူစိတ်ဝင်စားခံရဖို့အတွက်

အခွင့်ကောင်းတော့ မယူချင်ကြပါနဲ့.. နားလည်မှု ရှိကြ ethic ရှိကြပါ..” ဆိုပြီး

ရေးသားဝေမျှထားရာ ပရိသတ်ကြီး အတွက် ဖော်ပြပေးရင်း

မေလည်း ဘေးကင်းပါစေ ဆုတောင်းပေး လိုက်ပါတယ်။

Source & Photo Credit : Candy May Facebook Accountcelethatin

Leave a Reply

Your email address will not be published. Required fields are marked *