မြန်မာနိုင်ငံမှာ နိုင်ငံတော် အာဏာကို လက်နက်ကိုင် ပုန်ကန်ပြီး လုယူထားတဲ့
မြန်မာစစ်တပ်ကို ဆန့်ကျင်တဲ့ ဒီကနေ့ (၂)ငါးလုံးပြည့် ပြည်လုံးကျွတ်အထွေ ထွေသပိတ်ကြီး
ဆင်နွှဲနေချိန်မှာ မြန်မာပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းမယ်ဆိုရင်တော့
မြန်မာစစ်တပ်ကို ခိုင်ခိုင်မာမာ အရေးယူသွားမယ် လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဒီကနေ့သတိပေးလိုက်ပါတယ်။
နေပြည်တော်နဲ့ မန္တလေးမှာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေကို ကျည်အစစ်တွေနဲ့
စစ်မြေပြင်မှာတိုက်ခိုက်သလို ပစ်သတ်ခဲ့တဲ့ စစ်ရာဇ ဝတ်မှုတွေ အကြိမ်ကြိမ်ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို
အမေရိကန်ပြည်ထောင်စု အပြင်းထန်ဆုံး သတိပေးလိုက်တာ ဖြစ်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း
ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို အာဏာပြန်ပေးဖို့ တောင်းဆိုနေတဲ့
မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပါတယ်လို့ ဒီကနေ့မှာ ထပ်မံပြောဆို လိုက်ပါတယ်။
နိုင်ငံသူနိုင်ငံသားတွေဆီက ဆင်းသက်တဲ့ နိုင်ငံတော်အာဏာကို လက်နက်ကိုင်ပုန်ကန်ပြီး လုယူထားတဲ့
မြန်မာစစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့သူတွေဟာ မင်းမဲ့ စရိုက်ဆန်ဆန် ဆူပူသောင်းကျန်းနေသူတွေဖြစ်ပြီး
သွေးထွက်သံယိုဖြစ်စေမယ့် ထိပ်တိုက်ရင်ဆိုင်ရေးလမ်းပေါ် ရောက်လာနေတယ် လို့ စွပ်စွဲပုတ်ခတ်ထားပါတယ်။
တရားမဝင်တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဒီလိုပုတ်ခတ်မှုကို ကုလသမဂ္ဂလူ့ အခွင့်အရေးဆိုင်ရာ
အထူးကိုယ်စားလှယ်က သတိပေးလိုက်ပြီး အခုလူထုအုံကြွတော်လှန်မှုကြီးဟာ ၁၉၈၈ခုနှစ်နဲ့မတူတာမို့
လူထုကိုတိုက်ခိုက်သတ်ဖြတ်တဲ့ ရာဇဝတ်မှုကျူးလွန်တဲ့ သူတွေကို မှတ်တမ်း ယူပြီး
အရေးယူသွားမယ်လို့လည်း ထပ်ပြီးပြောထားပါတယ်။
Source – Kamayut Mediaceleupdatenews
zawgyi
ျမန္မာႏိုင္ငံမွာ ႏိုင္ငံေတာ္ အာဏာကို လက္နက္ကိုင္ ပုန္ကန္ၿပီး လုယူထားတဲ့
ျမန္မာစစ္တပ္ကို ဆန႔္က်င္တဲ့ ဒီကေန႔ (၂)ငါးလုံးျပည့္ ျပည္လုံးကြၽတ္အေထြေထြသပိတ္ႀကီး
ဆင္ႏႊဲေနခ်ိန္မွာ ျမန္မာျပည္သူေတြကို အၾကမ္းဖက္ၿဖိဳခြင္းမယ္ဆိုရင္ေတာ့
ျမန္မာစစ္တပ္ကို ခိုင္ခိုင္မာမာ အေရးယူသြားမယ္ လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီ ဘလင္ကန္က ဒီကေန႔သတိေပးလိုက္ပါတယ္။
ေနျပည္ေတာ္နဲ႔ မႏၲေလးမွာ ၿငိမ္းခ်မ္းစြာဆႏၵျပေနတဲ့ ျပည္သူေတြကို က်ည္အစစ္ေတြနဲ႔
စစ္ေျမျပင္မွာတိုက္ခိုက္သလို ပစ္သတ္ခဲ့တဲ့ စစ္ရာဇ ဝတ္မႈေတြ အႀကိမ္ႀကိမ္က်ဴးလြန္ေနတဲ့ ျမန္မာစစ္တပ္ကို
အေမရိကန္ျပည္ေထာင္စု အျပင္းထန္ဆုံး သတိေပးလိုက္တာ ျဖစ္ၿပီး အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ကလည္း
ဒီမိုကေရစီနည္းက် ေ႐ြးေကာက္တင္ေျမႇာက္ထားတဲ့အစိုးရကို အာဏာျပန္ေပးဖို႔ ေတာင္းဆိုေနတဲ့
ျမန္မာျပည္သူေတြနဲ႔အတူ ရပ္တည္ပါတယ္လို႔ ဒီကေန႔မွာ ထပ္မံေျပာဆိုလိုက္ပါတယ္။
ႏိုင္ငံသူႏိုင္ငံသားေတြဆီက ဆင္းသက္တဲ့ ႏိုင္ငံေတာ္အာဏာကို လက္နက္ကိုင္ပုန္ကန္ၿပီး လုယူထားတဲ့
ျမန္မာစစ္တပ္က ၿငိမ္းခ်မ္းစြာဆႏၵျပေနတဲ့သူေတြဟာ မင္းမဲ့ စ႐ိုက္ဆန္ဆန္ ဆူပူေသာင္းက်န္းေနသူေတြျဖစ္ၿပီး
ေသြးထြက္သံယိုျဖစ္ေစမယ့္ ထိပ္တိုက္ရင္ဆိုင္ေရးလမ္းေပၚ ေရာက္လာေနတယ္ လို႔ စြပ္စြဲပုတ္ခတ္ထားပါတယ္။
တရားမဝင္တဲ့ အာဏာသိမ္းစစ္ေကာင္စီရဲ႕ ဒီလိုပုတ္ခတ္မႈကို ကုလသမဂၢလူ႔ အခြင့္အေရးဆိုင္ရာ
အထူးကိုယ္စားလွယ္က သတိေပးလိုက္ၿပီး အခုလူထုအုံႂကြေတာ္လွန္မႈႀကီးဟာ ၁၉၈၈ခုႏွစ္နဲ႔မတူတာမို႔
လူထုကိုတိုက္ခိုက္သတ္ျဖတ္တဲ့ ရာဇဝတ္မႈက်ဴးလြန္တဲ့သူေတြကို မွတ္တမ္း ယူၿပီး
အေရးယူသြားမယ္လို႔လည္း ထပ္ၿပီးေျပာထားပါတယ္။
Source – Kamayut Mediaceleupdatenews