အာဏာရှင် ကို ဆန့်ကျင် ကြောင်း သီချင်း တပုဒ် နဲ့ ဖော်ထုတ် လိုက် တဲ့ ရဲရင့်အောင်

Posted on

(ရုပ်သံဖိုင်ကို အောက်တွင်ကြည့်ရှုပါရန်)

လက်ရှိ မြန်မာနိုင်ငံကို စစ်တပ်မှ အာဏာ သိမ်းလိုက်တဲ့ အပေါ် ပြည်သူများ က နည်းမျိုးစုံနဲ့ ဆန့်ကျင်နေကြသလို အဆိုတော် ရဲရင့်အောင်ကလည်း အာဏာရှင်ကို ဆန့်ကျင်ကြောင်း သီချင်းတပုဒ်နဲ့ ဖော်ထုတ်ခဲ့ပါတယ်။

“စစ်အာဏာရှင် အစိုးရကို နည်းမျိုးစုံ နဲ့ ဆန့်ကျင်ကြပါ။ ကျနော် ရဲရင့်အောင်နဲ့ BG18 Record Label က Artist တွေ အားလုံးပေါင်းပြီး သီချင်းတပုဒ်နဲ့ အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဖော်ထုတ်ပါတယ်” လို့ အဆိုတော် ရဲရင့်အောင်က ပြောပါတယ်။

သီချင်းနာမည်ကိုတော့ “ငဲ့” လို့ ပေး ထားကာ Music Video ပုံစံနဲ့ တင်ဆက်ထားတာဖြစ်ပြီး ဒီထဲမှာတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းတဲ့အကြောင်း မြဝတီရုပ်သံလိုင်းမှာ ကြေညာခဲ့တဲ့ သတင်းအပိုင်းအစ၊ ည ၈ နာရီမှာ ပြည်သူများ သံပုံးတီးတဲ့ ရုပ်သံများကို ထည့်သွင်း ပြသထားပါတယ်။

သီချင်းစာသားတွေထဲမှာ “လူငယ်တွေ က တိုင်းပြည်အနာဂတ် အမှားတွေကို မြင်ပြီး အမှန်တွေကို ပြောဖို့ ငါတို့အားလုံး ကြောက်နေကြမှာ မဟုတ်” ဆိုတဲ့ အကြောင်းအရာတွေ ပါရှိပါတယ်။

“အခြား အနုပညာရှင် ညီအစ်ကို မောင်နှမများကိုလည်း အနုပညာများ ဖန်တီးပြီး အာဏာရှင်ကို ဆန့်ကျင်ဖို့ ဖိတ်ခေါ်ပါတယ်။ ဂီတ၊ စာပေ၊ ပန်းချီ၊ ရုပ်ရှင် ကဏ္ဍများအားလုံး ပါဝင်ကြပါ။ ပြည်သူသည်သာ အခရာ၊ အနုပညာသည် ပြည်သူ့အတွက်ပါ”လို့ ရဲရင့်အောင်က ပြောပါတယ်။

သူတို့လို တခြားသော ဂီတ၊ စာပေ၊ ပန်းချီ၊ ရုပ်ရှင် ကဏ္ဍများမှ ညီအစ်ကို မောင်နှမ များကိုလည်း အနုပညာများ ဖန်တီးပြီး အာဏာရှင် ကို ဆန့်ကျင်ဖို့ ဖိတ်ခေါ်ထားပါတယ်။ အနုပညာလက်ရာများကို ဖန်တီးပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ တင်တဲ့အခါမှာလည်း #ArtForPeople #ActByArt စတဲ့ Hash tag များနဲ့ တင်ပေးကြပါဖို့ အသိပေးထားပါတယ်။

ဒီလို အလားတူစွာပဲ အဆိုတော် G Fatt ကလည်း ဖေဖော်ဝ ါရီလ ၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နဲ့ ပတ်သက်တဲ့ သီချင်းတပုဒ် တင်ထားပါသေးတယ်။

ငဲ့

စစ်အာဏာရှင် အစိုးရကို နည်းမျိုးစုံနဲ့ ဆန့်ကျင်ကြပါ ကျွန်တော် Yair Yint Aung နဲ့ BG18 Record Label က artist တွေအားလုံးပေါင်းပြီး သီချင်းတစ်ပုဒ်နဲ့ အာဏာရှင် ကို ဆန့်ကျင်ကြောင်း ဖော်ထုတ်ပါတယ်

အခြား အနုပညာရှင် ညီအစ်ကို မောင်နှမများကိုလည်း အနုပညာများ ဖန်တီးပြီး အာဏာရှင်ကို ဆန့်ကျင်ဖို့ ဖိတ် ခေါ်ပါတယ် ဂီတ၊ စာပေ၊ ပန်းချီ၊ ရုပ်ရှင် ကဏ္ဍများ အားလုံး ပါဝင်ကြပါ

ပြည်သူသည်သာ အခရာ အနုပညာသည် ပြည်သူ့အတွက်ပါ မိမိတို့ အနုပညာလက်ရာတွေကို တင်တဲ့အခါ

#ArtForPeople

#ActByArt စတဲ့ hash tag တွေနဲ့ တင်ပေးကြပါ

Leave a Reply

Your email address will not be published. Required fields are marked *