အာဆီယံ ကြေညာချက် နဲ့ ပတ် သက်ပြီး အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ပြောပြီ

Posted on

အာဆီယံ ကြေညာချက် ကို အမျိုးသားညီညွတ်ရေး အစိုးရက ကြိုဆိုတယ် လို့ပြော

မြန်မာနိုင်ငံ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီက ဦးဆောင် ဖွဲ့စည်းထားတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ မြန်မာ့အရေး အာဆီယံ အထူး အစည်းအဝေးမှာ အာဆီယံ ခေါင်းဆောင်တွေ အချက် ငါးချက် သဘောတူနိုင်ခဲ့တဲ့အပေါ် ကြိုဆိုလိုက်ပါတယ်။

အခုလို မြန်မာနိုင်ငံအတွင်း အကျပ် အတည်း အခြေအနေကို ဖြေရှင်းဖို့အတွက် သဘောတူနိုင်ခဲ့တာဟာ အားတက်ဖွယ်ရာသတင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လတ်တလော ဖွဲ့စည်းထားတဲ့ NUG အနေနဲ့ မြန်မာပြည်သူတွေ ဒီမိုကရေစီ နဲ့ လွတ်လပ်မှု ပြန်ရရေးအတွက် အာဆီယံဘက်က ချလိုက်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ အညီ ပြတ်ပြတ်သားသား ဆက်လက် လုပ်ဆောင်မှုတွေ လုပ်ဖို့ စောင့်မျှော်နေတယ်လို့လည်း NUG ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဖြစ်ပြီး NUG ရဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးလည်း ဖြစ်သူ ဒေါက်တာ ဆာဆာက ထုတ်ပြန်ချက်ထဲမှာ ပြောဆို ထားပါတယ်။

မနေ့ကတော့ မြန်မာနိုင်ငံ ဆိုင်ရာ အစည်းအဝေးပွဲမှာ “တရားမဝင်တဲ့ စစ် အာဏာရှင်” ကို မထည့်သွင်းသင့်ဘူးလို့ ဒေါက်တာဆာဆာက ထုတ်ပြန်ချက် ထုတ်ခဲ့ပါတယ်။

ဒါပေမဲ့ အာဆီယံထိပ်သီး အစည်းအဝေးမှာ အာဏာသိမ်းစစ်တပ်ရဲ့ ခေါင်းဆောင်ကို ဖိတ်ခေါ်ခဲ့ပြီး အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို မဖိတ်ကြားတဲ့ အတွက် အာဆီယံဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

မြန်မာနိုင်ငံတွင်းနဲ့ အရှေ့တောင် အာရှက လူထုအခြေပြုအဖွဲ့တွေ ကလည်းမနေ့က အိတ်ဖွင့်ပေးစာတစ်စောင်ပေးပို့ ထုတ်ပြန်ပြီး ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။

crd

zawgyi

အာဆီယံ ေၾကညာခ်က္ ကို အမ်ိဳးသားညီၫြတ္ေရး အစိုးရက ႀကိဳဆိုတယ္ လို႔ေျပာ

ျမန္မာႏိုင္ငံ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳ ေကာ္မတီက ဦးေဆာင္ ဖြဲ႕စည္းထားတဲ့ အမ်ိဳးသား ညီၫြတ္ေရးအစိုးရ (NUG) အေနနဲ႔ ျမန္မာ့အေရး အာဆီယံ အထူး အစည္းအေဝးမွာ အာဆီယံ ေခါင္းေဆာင္ေတြ အခ်က္ ငါးခ်က္ သေဘာတူႏိုင္ခဲ့တဲ့အေပၚ ႀကိဳဆိုလိုက္ပါတယ္။

အခုလို ျမန္မာႏိုင္ငံအတြင္း အက်ပ္ အတည္း အေျခအေနကို ေျဖရွင္းဖို႔အတြက္ သေဘာတူႏိုင္ခဲ့တာဟာ အားတက္ဖြယ္ရာသတင္း ျဖစ္တယ္လို႔လည္း ဆိုပါတယ္။

လတ္တေလာ ဖြဲ႕စည္းထားတဲ့ NUG အေနနဲ႔ ျမန္မာျပည္သူေတြ ဒီမိုကေရစီ နဲ႔ လြတ္လပ္မႈ ျပန္ရေရးအတြက္ အာဆီယံဘက္က ခ်လိုက္တဲ့ ဆုံးျဖတ္ခ်က္ေတြနဲ႔ အညီ ျပတ္ျပတ္သားသား ဆက္လက္ လုပ္ေဆာင္မႈေတြ လုပ္ဖို႔ ေစာင့္ေမွ်ာ္ေနတယ္လို႔လည္း NUG ရဲ႕ ေျပာေရး ဆိုခြင့္ရွိသူ ျဖစ္ၿပီး NUG ရဲ႕ အျပည္ျပည္ဆိုင္ရာပူးေပါင္း ေဆာင္႐ြက္ေရးဝန္ႀကီးလည္း ျဖစ္သူ ေဒါက္တာ ဆာဆာက ထုတ္ျပန္ခ်က္ထဲမွာ ေျပာဆို ထားပါတယ္။

မေန႔ကေတာ့ ျမန္မာႏိုင္ငံ ဆိုင္ရာ အစည္းအေဝးပြဲမွာ “တရားမဝင္တဲ့ စစ္ အာဏာရွင္” ကို မထည့္သြင္းသင့္ဘူးလို႔ ေဒါက္တာဆာဆာက ထုတ္ျပန္ခ်က္ ထုတ္ခဲ့ပါတယ္။

ဒါေပမဲ့ အာဆီယံထိပ္သီး အစည္းအေဝးမွာ အာဏာသိမ္းစစ္တပ္ရဲ႕ ေခါင္းေဆာင္ကို ဖိတ္ေခၚခဲ့ၿပီး အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG ကို မဖိတ္ၾကားတဲ့ အတြက္ အာဆီယံဟာ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

ျမန္မာႏိုင္ငံတြင္းနဲ႔ အေရွ႕ေတာင္ အာရွက လူထုအေျချပဳအဖြဲ႕ေတြ ကလည္းမေန႔က အိတ္ဖြင့္ေပးစာတစ္ေစာင္ေပးပို႔ ထုတ္ျပန္ၿပီး ေဝဖန္ကန္႔ကြက္ခဲ့ၾကပါတယ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *