အအေး ပုလင်း၊ ဘီယာ ပုလင်း တွေ ထပ်ဖယ် ရင် အရေးယူတော့ မယ့် UEFA

Posted on

ယူရိုပြိုင်ပွဲမှာ အားကစားအရေးနဲ့ဆိုင်တဲ့ ပြဿနာတွေ ရှင်း ရသလို၊ အခြားအရှုပ်အထွေးတွေလည်း

ရှင်းကြရပါတယ်။ ယူရို 2020 ပွဲမှာတော့ အအေးပုလင်း၊ ဘီယာ ပုလင်းဖယ်တဲ့

ပြဿနာရှင်းနေရပါတယ်။ ထိပ်တန်းကစားသမား စီရော်နယ်ဒို မီးမွှေး လိုက် တဲ့ ကိုကာကိုလာပုလင်း

ဖယ်ရှားတဲ့ ကိစ္စဟာ အခုတော့ အဆုံးသတ်ပါတော့မယ်။

စီရော်နယ်ဒိုက ထင်ပေါ်တဲ့သူပီပီ အကွက်ဆန်းတွေလည်း ထွင် တတ်ပါတယ်။ ကျန်းမာရေး

သတိပေးချက်ဆိုပြီး ကိုကာကိုလာ အစားရေသောက် ဖို့ သတိပေး လိုက်ပေမယ့် သူ့နောက်မှာ

ဘီယာပုလင်းဖယ်တဲ့သူ၊ တမင်တကာကိုကာ ကိုလာသောက်ပြသူ၊ ကိုကာကိုလာပုလင်းနဲ့

အပြောင်အပျက်ပြောတဲ့သူတွေ ဆက်တိုက် ပေါ်ပေါက်လာခဲ့ပါတယ်။

တစ်ဖက်က ကိုကာကိုလာကုမ္ပဏီလည်း ရှယ်ယာဈေးတွေကျဆင်းခဲ့ရပါတယ်။

ယူရိုပွဲ စပွန်ဆာကိစ္စစီစဉ်သူတွေလည်း တဖြည်းဖြည်းခေါင်းကိုက်လာရပါတယ်။

အခုတော့ ငွေလမ်းခင်းတဲ့ ခေတ်မို့လို့ စပွန်ဆာကုမ္ပဏီတွေ မနစ်နာရအောင် UEFA က ဆုံးဖြတ်တော့မှာဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲက စားပွဲပေါ်မှာထားတဲ့ စပွန်ဆာကုမ္ပဏီရဲ့ ပစ္စည်းတွေကို မြင်ကွင်း ကနေ

ထပ်မံဖယ်ရှားမယ်ဆိုရင် ဒဏ်ကြေးတွေပေးဆောင်ရမယ်ဆိုပြီး UEFA ဘက်က

သတိပေးတားမြစ်လာပါတယ်။

“ယူရိုပြိုင်ပွဲဝင်အသင်းတွေကို သတိပေးချင်တာက မိတ်ဖက်ကုမ္ပဏီတွေဟာ

ပြိုင်ပွဲကျင်းပရေးနဲ့ လူငယ်၊ အမျိုးသမီးတွေအပါအဝင် ဥရောပတစ်ဝှမ်းလုံးက

ဘောလုံးဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကကျတဲ့အရာတွေဖြစ်ပါတယ်”ဆိုပြီး

သတိပေးစာထဲမှာ စပွန်ဆာကုမ္ပဏီတွေ အတွက် အသားပေးဖော်ပြထားပါတယ်။

UEFA က သူတို့အနေနဲ့ ကစားသမားတွေ ကို တိုက်ရိုက်အပြစ်ပေးသွားမှာမဟုတ်ဘဲ

သက်ဆိုင်ရာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွေက တစ်ဆင့်သာ အရေး ယူသွားမယ်လို့ ပြောဆိုခဲ့ပြီး

သူတိုနဲ့ ပြိုင်ပွဲဝင်အသင်းတွေကြားမှာ စည်းမျဉ်း စည်းကမ်း

လက်မှတ်ရေးထိုးထားမှုတွေရှိတယ် လို့လည်း သတိပေးပြော ဆိုခဲ့ပါတယ်။

စပွန်ဆာကုမ္ပဏီတွေကတော့ အခုအကျေနပ်ကြီးကျေနပ်နေနိုင် ပါတယ်။ပေါ်ပင်မှာပျော်ရွှင်ပြီး

ပုလင်းတွေဖယ်ချင်တဲ့ လုပ်ရပ်တွေ ရပ်တန့်ပြီး၊ စပွန်ဆာလက်ကမ်းကြိုဖို့ (သို့) စည်းကမ်းနဲ့ အညီ

သတင်းဂယက်ထစေဖို့ အအေးတွေ၊ဘီယာတွေ ဖောက်သောက်လာနိုင်တဲ့ အနေအထားမျိုးရှိလာနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *