အသည်း တယားယား ဖြစ်အောင် အမူအရာလေး တွေ လုပ်ပြနေ တဲ့ မေဂရေ့စ် (VIDEO)

Posted on

မေဂရေ့စ်ဟာ Music Video တော်တော် များများ မှာလည်း သရုပ်ဆောင် ခဲ့ပြီး အချိန်တိုအတွင်း ပရိသတ်တွေ လက်ခံအားပေးလာကြ တာလည်း ဖြစ်ပါတယ်။ ပုရိသတွေကလည်း သူမရဲ့ လှုပ်ရှားမှုတိုင်းကို အမြဲစောင့်ကြည့် အားပေးနေကြတာပဲ ဖြစ်ပါတယ်။ မေဂရေ့စ်ဟာ လတ်တလော Stay Home ကာလ မှာတော့ အိမ်မှာ နေနေတာပဲ ဖြစ်ပြီး Tik Tok လေးတွေ စတင်ကစားဖြစ်နေပြီပဲ ဖြစ်ပါတယ်။

မနေ့ည ကလည်း သူမရဲ့ Tik Tok အကောင့် မှာ ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် တစ်ဆင့် ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။ဘိုဆန်တဲ့ မျက်နှာကြောင့် နိုင်ငံ ခြားသူလေးလို့ ထင်မှတ်မှား ရလောက်အောင် ကြွေချင်စရာကောင်းသူလေးကတော့ မော်ဒယ် မေဂရေ့စ်ပယ်ရီပဲ ဖြစ်ပါတယ်။

သူမဟာ ဩစတေးလျနိုင်ငံကနေ ဘွဲ့ရခဲ့တာပဲ ဖြစ်ပြီး ယနေ့ချိန် မှာတော့ မြန်မာနိုင်ငံကို ပြန်လာကာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာပါ။ မကြာခဏဆိုသလို လည်း ညီမဖြစ်သူ Jessica Berry နဲ့လည်း သီချင်းလေးတွေ သီဆိုတတ်ပါသေးတယ်။

Source and Photo Crd- May Grace Perry’s Facebook and Tik Tok Account

Leave a Reply

Your email address will not be published. Required fields are marked *