အသက် (၇) နှစ် အရွယ် သမီးငယ် ခင်မျိုးချစ် အတွက် အသက် ကယ်ဖို့ ကြိုးစား ခဲ့တဲ့ ဆရာဝန်ရေး တဲ့ စာ

Posted on

ဆေးရုံကို အသက်မပါဘဲ ရောက်လာခဲ့တဲ့ အသက် ၇ နှစ်အရွယ် သမီးငယ် ခင်မျိုးချစ် အတွက် အသက် ကယ်ဖို့ ကြိုးစားခဲ့တဲ့ ဆရာဝန်က လူမှုကွန်ရက် တွင် ရေးသားမျှဝေထားသောစာကို ပြည်သူများ သိရှိစေရန် ပြန်လည်မျှဝေပါတယ်။”ခွဲစိတ်ဆရာဝန်ဘဝ ဒုတိယအကြိမ် မျက်ရည်ကျရသောနေ့ ခုမှအသက် ရ နှစ်လေးပဲရှိသေးတဲ့ကလေးလေးကို ဘယ်လိုနှလုံးသားနဲ့များပစ်သက်ရက်တာလဲဗျာ အိမ်ထဲမှာနေနေတဲ့ ကလေးလေးကို ဝင်ပစ် သတ်ရက်လောက်အောင်ကို လူစိတ်မဲ့နေကြပြီ။

အသက်မပါလာတဲ့ကလေးလေး ကိုယ့်ဆီရောက်လာတဲ့အချိန် လူရိုင်းလို့ လူမိုက်လို့ ကိုယ့် ဆရာတွေက ကိုယ့်ကို သတ်မှတ်ခဲံ ခဲ့ရတဲ့ ခွဲစိတ်ဆရာဝန်လူကြမ်းကြီး လူတွေမမြင် အောင် မျက်ရည်စတွေထိန်းခဲ့ပေမယ့်မအောင်မြင်ခဲ့ဘူး။လူ့အသိ စိတ်ပျောက်နေတဲ့ လက်နက်ကိုင်တွေရှိနေတဲ့တိုင်းပြည် မတရားမှုကို မတရား ပါဘူးလို့ သိပါရက်နဲ့ တရားတဲ့ဘက်မှာ ရပ်တည်ဝံ့တဲ့သူတွေ မရှိနေတဲ့တိုင်းပြည် ကိုယ့်တစ်ကိုယ်စာ ကိုယ့်မိသားစု

ကိုယ့် အသိုင်းအဝိုင်းလေး အဆင်ပြေရင်ပြီးရောဆိုတဲ့ လူတန်းစားတေများတဲ့တိုင်းပြည်မှာမှ လူလာဖြစ်ရတဲ့ ကလေးလေး သမီးလေး မင်းလူလာဖြစ်ရတာ မင်းအတွက်မတန်ဘူး။အကြောက်တရားကြီးတဲ့ ကိုယ့်အတွက်သာသိတဲ့ ငါနဲ့ငါ့မိသားစု အသိုင်းအဝိုင်း ဘေးကင်းပီးရောဆိုတဲ့ ကိုယ်ချင်း စာတရားနည်းပါးလွန်းတဲ့ လူ့အသိုင် းအဝိုင်း ပတ် ဝန်းကျင်မှာ သမီးလေး ဘယ်တော့ မှ လူလာမဖြစ်ပါနဲ့တော့ ကလေးလေးရေ ဘာမှလုပ်မပေးလိုက်နိုင်တာအတွက် ခွင့်လွှတ်ပါကွယ် အေးငြိမ်းရာနေရာမှာ အေးအေးချမ်းချမ်း အနားယူ နေပါတော့။

crd

zawgyi

ေဆး႐ုံကို အသက္မပါဘဲ ေရာက္လာခဲ့တဲ့ အသက္ ၇ ႏွစ္အ႐ြယ္ သမီးငယ္ ခင္မ်ိဳးခ်စ္ အတြက္ အသက္ ကယ္ဖို႔ ႀကိဳးစားခဲ့တဲ့ ဆရာဝန္က လူမႈကြန္ရက္ တြင္ ေရးသားမွ်ေဝထားေသာစာကို ျပည္သူမ်ား သိရွိေစရန္ ျပန္လည္မွ်ေဝပါတယ္။”ခြဲစိတ္ဆရာဝန္ဘဝ ဒုတိယအႀကိမ္ မ်က္ရည္က်ရေသာေန႔ ခုမွအသက္ ရ ႏွစ္ေလးပဲရွိေသးတဲ့ကေလးေလးကို ဘယ္လိုႏွလုံးသားနဲ႔မ်ားပစ္သက္ရက္တာလဲဗ်ာ အိမ္ထဲမွာေနေနတဲ့ ကေလးေလးကို ဝင္ပစ္ သတ္ရက္ေလာက္ေအာင္ကို လူစိတ္မဲ့ေနၾကၿပီ။

အသက္မပါလာတဲ့ကေလးေလး ကိုယ့္ဆီေရာက္လာတဲ့အခ်ိန္ လူ႐ိုင္းလို႔ လူမိုက္လို႔ ကိုယ့္ ဆရာေတြက ကိုယ့္ကို သတ္မွတ္ခဲံ ခဲ့ရတဲ့ ခြဲစိတ္ဆရာဝန္လူၾကမ္းႀကီး လူေတြမျမင္ ေအာင္ မ်က္ရည္စေတြထိန္းခဲ့ေပမယ့္မေအာင္ျမင္ခဲ့ဘူး။လူ႔အသိ စိတ္ေပ်ာက္ေနတဲ့ လက္နက္ကိုင္ေတြရွိေနတဲ့တိုင္းျပည္ မတရားမႈကို မတရား ပါဘူးလို႔ သိပါရက္နဲ႔ တရားတဲ့ဘက္မွာ ရပ္တည္ဝံ့တဲ့သူေတြ မရွိေနတဲ့တိုင္းျပည္ ကိုယ့္တစ္ကိုယ္စာ ကိုယ့္မိသားစု

ကိုယ့္ အသိုင္းအဝိုင္းေလး အဆင္ေျပရင္ၿပီးေရာဆိုတဲ့ လူတန္းစားေတမ်ားတဲ့တိုင္းျပည္မွာမွ လူလာျဖစ္ရတဲ့ ကေလးေလး သမီးေလး မင္းလူလာျဖစ္ရတာ မင္းအတြက္မတန္ဘူး။အေၾကာက္တရားႀကီးတဲ့ ကိုယ့္အတြက္သာသိတဲ့ ငါနဲ႔ငါ့မိသားစု အသိုင္းအဝိုင္း ေဘးကင္းပီးေရာဆိုတဲ့ ကိုယ္ခ်င္း စာတရားနည္းပါးလြန္းတဲ့ လူ႔အသိုင္ းအဝိုင္း ပတ္ ဝန္းက်င္မွာ သမီးေလး ဘယ္ေတာ့ မွ လူလာမျဖစ္ပါနဲ႔ေတာ့ ကေလးေလးေရ ဘာမွလုပ္မေပးလိုက္ႏိုင္တာအတြက္ ခြင့္လႊတ္ပါကြယ္ ေအးၿငိမ္းရာေနရာမွာ ေအးေအးခ်မ္းခ်မ္း အနားယူ ေနပါေတာ့။

crd

Leave a Reply

Your email address will not be published. Required fields are marked *