အသက် (၁၈) နှစ်မှ (၂၆) နှစ် အတွင်း ကျွန် တော့် ရဲ့ ငွေရှာနည်း၊ ငွေစု နည်း !!!

Posted on

ငွေစုရတာဟာ ငွေရှာရတာထက် ပိုခက်ပါတယ် ငွေစုရတာ ဟာ ပညာပါပဲ

မိမိငွေကို သူများ လက်ထဲ ဘယ်တော့မှ မထားပါနဲ့

ချမ်းသာချင်ရင် စုဗူးနဲ့စုပါ သောက ရောက်ချင်ရင် စုမဲ စုပါ

စားသမျှ ချီးဖြစ်တယ်ဆိုတာ မမေ့ပါနဲ့ လူတန်းစေ့မနေနိုင်ခင်လူတန်းစေ့မစားချငိပါနဲ့ အဟာရ ဖြစ်အောင် ကျန်းမာအောင်ပဲ စားပါ

ထမင်းနှပ်မှန်အောင် စားရဖို့ ကြိုးစားနေတဲ့ အချိန် … \\အကောင်းဆုံးအလှကုန်တွေသုံးဖို့ မစဉ်းစားပါနဲ့

လူတစ်ယောက် အသက်ရှင်ဖို့ အရေးကြီးဆုံး လိုအပ်ချက်ထဲမှာ ( စား ၊ ဝတ် ၊ နေ ) ရေးပဲ ပါပါတယ်

မအောင်မြင်ခင် မလှချင်ပါနဲ့အုံး အောင်မြင် လာရင် လှလာပါလိမ့်မယ် … \\( မယုံရင် ယနေ့အောင်မြင်လာသူတွေရဲ့ အရင်ရုပ်ကို ပြန်လေ့လာကြည့်ပါ)

အိပ်တယ်ဆိုတာ သေခြင်းတစ်မျိုးပါပဲ အသက်(၆၀) မှာ သေသွားရင် သင်တကယ်အသက်ရှင်တာ အသက်(၄၀) ပဲရှိပါတယ် သင့်အသက်ရှင်အချိန်ရဲ့ (၃)ပုံ (၁)ပုံဟာ အိပ်ယာထဲမှာ ကုန်ဆုံးသွားတယ်ဆိုတာ သတိထားမိပြီလား

သူများ မနေနိုင်သလို နေနိုင်ချင်ရင် သူများမစားရသလို စားရချင်ရင် … သူများအိပ်နေတဲ့အချိန် သင်အိပ်နေသမျှတော့ သူများနဲ့ တန်းတူပဲ ဖြစ်နေအုံးမှာပါပဲ

သူများ ဖောက်တဲ့လမ်းကို မလျှောက်ပါနဲ့ ကိုယ်လမ်းကို ဖောက်ပြီး ကိုယ်လမ်းကို လျှောက်ပါ ဒါဆို ဘယ်တော့မှ ဘေးမရောက်ဘူးဆိုတာ မှတ်ထားပါ

ကိုယ်ဖောက်ထားတဲ့လမ်းကို သူများလျှောက်တဲ့ခါ ရန်မလုပ်ပါနဲ့ အရှက်မခွဲပါနဲ့ ဒါဟာ ဂုဏ်ယူစရာဆိုတာ သိထားပါ

စိတ်ဓာတ်ကို မြင့်မြင့်မားမားထားပါ စိတ်ထားဆိုတာ မြင့်မှမြတ် တာပါ

ဘာပဲ လုပ်လုပ် အဆင်ပြေချင်ရင် စေတနာလေးထားပြီးလုပ် အကျိုးအမြတ်ကို ရှေ့တန်းတင်နေသမျှ သင်ဘယ်တော့မှ မကြီးပွါးဘူးဆိုတာ စိတ်ချ

ာင် မြင်ရင် ရာစွန့်ရမယ် သေးငယ်တဲ့ လိုအင်ဆန္ဒတွေကြောင့် ကြီးမားတဲ့ ရည်မှန်းချက်တွေကို အပျက်စီးမခံပါနဲ့

အသေးဖွဲ့ကိစ္စလေးတွေ အဆင်မပြေတာကြောင့် စိတ်သောကအရောက်မခံနဲ့အချိန်ကုန်မခံနဲ့ စွန့်လွှတ်သင့်တာ ရဲရဲကြီး စွန့်လွှတ်တတ်ပါစေ …အိမ်မပိုင်သေးဘဲ ကားဝယ်မစီးပါနဲ့

ကားက ဘာနဲ့သွားသွား လိုရာခရီးရောက်ရင် ပြီးတာပါပဲ ( လူဇိမ်မခံနိုင်သေးခင် ဖင်စိမ်မခံချင်ပါနဲ့ )

နေစရာရှိရင် စားဖို့ပူစရာမလိုဘူး လူမသေငွေမရှားပါ

ကိုယ်ပိုင်ကားမစီးနိုင်သေးခင် IPhone ဝယ်မကိုင်ချင်ပါနဲ့ ( IPhone ၄လုံးဆို ကားတစ်စီးဝယ်လို့ရပြီနော် )

I phone မကိုင်နိုင်တာ ရှက်စရာမဟုတ်သလို IPhone က ဘဝတွက် မဖြစ်မနေ လိုအပ်တဲ့အရာ မဟုတ်ဘူးလေ

တနာ မစုဆောင်းနိုင်ခင်မှာ Branded တွေကိူ မကိုင်ချင်ပါနဲ့

ရတနာ ဆိုတာ ရှိ တန်ဆာ မရှိ ဝမ်းဆာ အချိန်မရွေး ငွေ ဖော်ရလွယ်တယ်ဆိုတာ မမေ့ပါနဲ့

မိဘကို လက်ဝတ်ရတနာ မဆင်မြန်းနိုင်သေးခင် ကိုယ်တိုင် မဝတ် ဆင်ပါနဲ့ ( သိပ်ကို ရှက်စရာကောင်းပါတယ် )

လူအထင်ကြီး ခံရဖို့ အပင်ပန်းခံ မကြိုးစားပါနဲ့ ( ကိုယ့်မရှိရင် ဘယ်သူမှ ဆန်တစ်လုံးလာမပေးပါဘူး )

လူတွေလေးစားအားကျပြီး အတုယူလာတဲ့အထိ ကြိုးစားပြလိုက်စမ်းပါ

လက်ညှိုးထိုးတာ သူ့အလုပ်

လက်မထောင်နိုင်အောင် ကြိုးစားရမှာ ကိုယ့်အလုပ်

သင့်မှာ အချိန်များကြီး ရှိပါသေးတယ် ( နောက်ဆုံး အချိန်ထိ ကြိုးစားပိုင်ခွင့်ရှိတယ် )

မိတ်ဆွေ အကောင်းဆုံးချိန်ဆိုတာ ဒီအချိန် ပါပဲ ချက်ချင်း ပြောင်းလဲ လိုက်ပါ

Credit

Leave a Reply

Your email address will not be published. Required fields are marked *