အသက်(၆)နှစ် ပြည့်သွားပြီ ဖြစ်တဲ့ ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင် တို့ ရဲ့ သားငယ်လေး ပြေဓီရ (ခ) ဖိုးဓီ

Posted on

ပရိတ်တတ်ကြီးရေ….ပြည်သူချစ် အနုပညာရှင် တွေဖြစ်ကြတဲ့ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်ဟာဆိုရင် သရုပ်ဆောင်လောကမှာ အောင်မြင်မှုတွေရရှိထားတာဖြစ်ပြီး ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှု့ကိုလည်းအပြည့်အဝ ရရှိထားတာဖြစ်ပါတယ်။ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်ဟာဆိုရင် ကျရာ ဇာတ်ရုပ်တိုင်းကို ခံစားသက်ဝင်မှုအပြည့်နဲ့ပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့အတွက် အကယ်ဒမီထူးချွန်ဆုကြီးကိုလည်း ထိုက်ထိုက်တန်တန် ရရှိပိုင်ဆိုင်ထားကြတာပဲဖြစ်ပါတယ်နော်။ မအူဝဲကလှပလွန်းတဲ့သူမရဲ့ရုပ်ရည်အသွင်မပြင် ဟာဆိုရင် အသက်အရွယ်တစ်ခုရောက်နေပေမယ့်လည်း နုပျိုလှပနေပြီး Fashion ပိုင်းမှာဆိုရင်လည်းFashion Queen လို့တောင်တင်စားခေါ်ဝေါ် လို့ရပါသေးတယ်နော်။

အကယ်ဒမီအနုပညာရှင်တွေဖြစ်ကြတဲ့ ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင်တို့ စုံတွဲလေးကဒိတ်ဒိတ်ကြဲ အောင်မြင်မှု တွေနဲ့ပရိတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့အပြင် သားသား၊ မီးမီးလေးတွေနဲ့အတူ ကြည်နူးအားကျစရာမိသားစုဘဝလေးကို ပိုင်ဆိုင်၊ ဖြတ်သန်းနေကြတာပဲ ဖြစ်ပါတယ်။ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်က လတ်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေမှာဆိုရင်လည်း ပြည်သူလူထုနဲ့အတူအမှန်တရားဘက်က ရပ်တည်ပေးခဲ့ပြီးလူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့အတွက် ပုဒ်မ (၅၀၅-က)နဲ့ ဖမ်းဝရမ်းထုတ်ခံရပြီး သူတို့ရဲ့နေအိမ်မှာဖမ်းဆီးခံလိုက်ရတာပဲဖြစ်ပါတယ်နော်။

ဒီကနေ့ ဇွန်လ (၂၇) ရက်နေ့က ပြည်သူချစ်အနုပညာရှင် သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ သားငယ်လေး ဖိုးဓီ(ပြေဓီရ)ရဲ့ (၆နှစ်) ပြည့်မွေးနေ့ လေးပဲ ဖြစ်ပါတယ် ။မိဘနှစ်ပါးလုံးဖမ်းဆီးခံထားရတာကြောင့်အနားမှာရှိနေမပေးနိုင်တဲ့အတွက် ဖိုးဓီလေးအားငယ်နေမှာတော့အသေအချာပါပဲနော်။ ဒီကေန့မှာကျရောက်တဲ့ဖိုးဓီလေးရဲ့မွေးနေ့ကို မွေးနေ့လက်ဆောင်အဖြစ် ဖေဖေနဲ့မေမေအမြန်ဆုံးလွတ်မြောက်လာပြီး သားသားတို့နဲ့အမြန်ဆုံးပြန်လည်ဆုံတွေ့နိုင်ပြီး ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကိုပြန်လည်ပိုင်ဆိုင်နိုင်ပါစေလို့ Celebrity Platforms မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဖိုးဓီလေးရယ်။ဖတ်ရှုပေးတဲ့ Celebrity Platforms ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နော်။

Credit

zawgyi




Credit

Leave a Reply

Your email address will not be published. Required fields are marked *