အသက်(၃၀)ပြည့် ခါနီးလေး မှာ ပရိသတ်‌တွေ စိတ်၀င်စားကြတဲ့ သူမဘ၀ နဲ့ ပက်သက်တဲ့ အကြောင်းအရာတွေကို ဖွင့်ချလာတဲ့ ဘေဘီမောင်

Posted on

ပရိသတ်ကြီးရေ…… မင်းသမီးချောလေး ဘေဘီမောင်ကတော့ အောင်မြင်နေတဲ့ သရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ချစ်ခင်မှုတွေကို အပြည့်အဝ ရရှိနေတဲ့သူလေးပဲဖြစ်ပါတယ်နော်။ သူမဟာမော်လ်ဒယ်တစ်ယောက်အနေနဲ့ အနုပညာလောကထဲကိုစတင်၀င်ရောက် လာခဲ့တာဖြစ်ပြီး ကြိုးစားအားထုတ်မှုတွေကြောင့် ပရိသတ်အသိအမှတ်ပြုတဲ့ မင်းသမီး တစ်လက်လည်းဖြစ်နေပြီ ဖြစ်ပါတယ်……။

ဘေဘီမောင်ဟာ အချစ်ရေးမှာလည်းကံကောင်းတဲ့သူ တစ်ဦးဖြစ်ပြီးတော့ အဆိုတော်သားဂန်း နဲ့လည်း ပျော်ရွှင်ကြည်နူးစရာ relationshipလေးကိုတည်ဆောက်ထားကြတာဖြစ်ပါတယ်။ ဘေဘီမောင်ဟာ အခုလက်ရှိမှာဆိုရင်လည်း အနုပညာအလုပ်တွေအပြင် စီးပွားရေးဘက်ကိုလည်း ဦးစားပေးပြီး လုပ်ကိုင်နေတာဖြစ်ပြီး ကိုယ်ပိုင်ဖက်ရှင်ဆိုင် ဖွင့်လှစ်ထားတာလည်းဖြစ်သလို Live salesပြုလုပ်ပြီးတော့လည်း အထည်တွေရောင်းချနေတာဖြစ်ပါတယ်နော်…..။

မိသားစုအတွက်အမြဲလိုလို ကြိုးစားရုန်းကန်နေတဲ့ ဘေဘီမောင်ဟာ မကြာသေးမီကတော့သူမရဲ့ Facebookစာမျက်နှာလေးမှာ “ကျမ အရမ်းချစ်တတ်တဲ့မိန်းမကျမ မိဘအပေါ်အရမ်းသိတတ်တဲ့မိန်းမကျမ အရမ်းသဘောကောင်းတဲ့မိန်းမကျမ အရမ်းအလှူတန်းလုပ်တတ်တဲ့ မိန်းမကျမအရမ်းရိုးရှင်းပီးပွင့်လင်းတဲ့ မိန်းမ၃၀ပြည့်ရန် ၁လအလိုမှာမှတ်တမ်းတင်ခဲ့သည်အမှတ်တရ အမွှေပေါ့…..” ဆိုပြီး သူမနဲ့ပက်သက်တဲ့အကြောင်းအရာလေးတွေကို ရေးသားလာခဲ့ပါတယ်။ ကဲ…..ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက် ပါတယ်နော်။

Baby Maung’s Facebook acc

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *