အသက်အန္တရာယ် ရှိနိုင်ပေမယ့် ဘယ်သူ့ခွင့်ပြုချက်မှ မပါဘဲ မှန်တယ်ထင် လို့ လုပ်နေတာ ဆိုပြီး သူ့ရဲ့ လက်ရှိ အခြေအနေတွေကို ပြောပြလာတဲ့ ပိုင်တံခွန်

Posted on

ပရိသတ်ကြီးရေ.. မော်လ်ဒယ်သရုပ်ဆောင်တစ်ဦးအဖြစ် ပြည်ပနိုင်ငံတွေအထိပါ အောင်မြင်မှု တွေအခိုင်အမာရရှိထားတဲ့ ပိုင်တံခွန်ကတော့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ကာ အားလုံးနဲ့အတူရပ်တည်နေသူပဲ ဖြစ်ပါတယ်..။ ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းက တော်လှန်ရေး တိုက်ပွဲကြီးမှာ ရှေ့ဆုံးကနေ မားမားမတ်မတ်နဲ့ တက်ကြွစွာပါဝင်ပြီး လူထုလှုပ်ရှားမှုတွေ ကိုယ်တိုင်ကိုယ်ကျလုပ်ဆောင်နေတဲ့ ပိုင်တံခွန်ကတော့ ဖြိုခွင်းမှုတွေကြောင့် လတ်တလောမှာ ရှောင်တိမ်း နေရတာလည်း ဖြစ်ပါတယ်..။ ဘယ်သူ့ခွင့်ပြုချက်မှ မပါဘဲမှန်တယ်ထင်လို့ လုပ်ဆောင်နေတာဖြစ်ပြီး အသက် အန္တရာယ်ရှိနိုင်ပေမယ့်လည်း နိုင်ငံသားတစ်ယောက်အနေနဲ့ တတ်နိုင်တဲ့ ဘက်ကနေ အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေတဲ့အကြောင်းလေးတွေကိုလည်း ပြောပြလာပါတယ်..။

ပိုင်တံခွန်ကတော့ သူနဲ့ပတ်သက်တဲ့သတင်းတွေကို အလွယ်တကူမယုံကြဖို့နဲ့ အိမ်ထဲမှ ာမုန်းတီးစိတ်တွေ နဲ့ တစ်ချိန်လုံးမနေဘဲ ရှေ့ဆက်ဖို့အားအင်တွေအတွက် ကိုယ်ပိုင်အချိန်နဲ့ ပျော်ရွှင်မှုတွေကိုလည်း ပြန်ပေးရမယ်ဆိူပြီးတော့လည်း ပြောပြထားပါသေးတယ်..။ “အမြဲတမ်းလည်းပြောတယ် ကျနော့် page က မတင်ရင် ဘာသတင်းမှ မယုံဖို့ နိုင်ငံ့ဒုက္ခရောက်နေချိန်မှာ မလိုအပ်တာတွေ page မှာ မမြင်စေချင်လို့

လက်ရှိဖြစ်နေတဲ့ နိုင်ငံ့အရေးနဲ့ ပတ်သက်ပြီး ကျနော်လုပ်ပေးနိုင်တဲ့ဘက်က ကြိုးစားလုပ်ပေးတယ် နိုင်ငံရေးနားလည်လို့မဟုတ်ဘူး နိုင်ငံသားတယောက်အနေနဲ့ လုပ်တာ ဘယ်သူ့ခွင့်ပြုချက်မှ မပါပဲ ကိုမှန်တယ်ထင်လို့လုပ်တာ အခန့်မသင့်ရင် အသတ်တောင်ခံရနိုင်တယ် သူများနိုင်ငံမှာ နေနေတာမဟုတ်ဘူး နိုင်ငံရေး မကောင်းတာနဲ့ ပဲ အိမ်ထဲနေပြီး ဒေါသထွက်လိုက် နာကျည်းလိုက် မုန်းတီးလိုက်နဲ့ တချိန်လုံး အဲ့စိတ်နဲ့ နေနေလို့မရဘူးလေခင်မျာ ကိုယ်ရဲ့ ကိုယ်ပိုင်အချိန်နဲ့ ပျော်ရွှင်မှုဆိုတာကို ပြန်ပေးရသေးတယ် ဒါမှလည်း ရှေ့ဆက်ဖို့ အတွက် energy ဆိုတာဖြစ်လာမှာ..” ဆိုပြီး ပိုင်တံခွန်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားပြောပြထားတာပါ..။

Photo Credit – Paing Takhon’s Fb Acc

zawgyi

ပရိသတ္ႀကီးေရ.. ေမာ္လ္ဒယ္သ႐ုပ္ေဆာင္တစ္ဦးအျဖစ္ ျပည္ပႏိုင္ငံေတြအထိပါ ေအာင္ျမင္မႈ ေတြအခိုင္အမာရရွိထားတဲ့ ပိုင္တံခြန္ကေတာ့ လက္ရွိအေျခအေနေတြနဲ႔ ပတ္သက္ၿပီး ျပည္သူေတြနဲ႔အတူ ပူးေပါင္းပါဝင္ကာ အားလုံးနဲ႔အတူရပ္တည္ေနသူပဲ ျဖစ္ပါတယ္..။ ေဖေဖာ္ဝါရီလ(၁)ရက္ေန႔ကတည္းက ေတာ္လွန္ေရး တိုက္ပြဲႀကီးမွာ ေရွ႕ဆုံးကေန မားမားမတ္မတ္နဲ႔ တက္ႂကြစြာပါဝင္ၿပီး လူထုလႈပ္ရွားမႈေတြ ကိုယ္တိုင္ကိုယ္က်လုပ္ေဆာင္ေနတဲ့ ပိုင္တံခြန္ကေတာ့ ၿဖိဳခြင္းမႈေတြေၾကာင့္ လတ္တေလာမွာ ေရွာင္တိမ္း ေနရတာလည္း ျဖစ္ပါတယ္..။ ဘယ္သူ႔ခြင့္ျပဳခ်က္မွ မပါဘဲမွန္တယ္ထင္လို႔ လုပ္ေဆာင္ေနတာျဖစ္ၿပီး အသက္ အႏၲရာယ္ရွိႏိုင္ေပမယ့္လည္း ႏိုင္ငံသားတစ္ေယာက္အေနနဲ႔ တတ္ႏိုင္တဲ့ ဘက္ကေန အေကာင္းဆုံး ႀကိဳးစားလုပ္ေဆာင္ေနတဲ့အေၾကာင္းေလးေတြကိုလည္း ေျပာျပလာပါတယ္..။

ပိုင္တံခြန္ကေတာ့ သူနဲ႔ပတ္သက္တဲ့သတင္းေတြကို အလြယ္တကူမယုံၾကဖို႔နဲ႔ အိမ္ထဲမွ ာမုန္းတီးစိတ္ေတြ နဲ႔ တစ္ခ်ိန္လုံးမေနဘဲ ေရွ႕ဆက္ဖို႔အားအင္ေတြအတြက္ ကိုယ္ပိုင္အခ်ိန္နဲ႔ ေပ်ာ္႐ႊင္မႈေတြကိုလည္း ျပန္ေပးရမယ္ဆိူၿပီးေတာ့လည္း ေျပာျပထားပါေသးတယ္..။ “အၿမဲတမ္းလည္းေျပာတယ္ က်ေနာ့္ page က မတင္ရင္ ဘာသတင္းမွ မယုံဖို႔ ႏိုင္ငံ့ဒုကၡေရာက္ေနခ်ိန္မွာ မလိုအပ္တာေတြ page မွာ မျမင္ေစခ်င္လို႔

လက္ရွိျဖစ္ေနတဲ့ ႏိုင္ငံ့အေရးနဲ႔ ပတ္သက္ၿပီး က်ေနာ္လုပ္ေပးႏိုင္တဲ့ဘက္က ႀကိဳးစားလုပ္ေပးတယ္ ႏိုင္ငံေရးနားလည္လို႔မဟုတ္ဘူး ႏိုင္ငံသားတေယာက္အေနနဲ႔ လုပ္တာ ဘယ္သူ႔ခြင့္ျပဳခ်က္မွ မပါပဲ ကိုမွန္တယ္ထင္လို႔လုပ္တာ အခန႔္မသင့္ရင္ အသတ္ေတာင္ခံရႏိုင္တယ္ သူမ်ားႏိုင္ငံမွာ ေနေနတာမဟုတ္ဘူး ႏိုင္ငံေရး မေကာင္းတာနဲ႔ ပဲ အိမ္ထဲေနၿပီး ေဒါသထြက္လိုက္ နာက်ည္းလိုက္ မုန္းတီးလိုက္နဲ႔ တခ်ိန္လုံး အဲ့စိတ္နဲ႔ ေနေနလို႔မရဘူးေလခင္မ်ာ ကိုယ္ရဲ႕ ကိုယ္ပိုင္အခ်ိန္နဲ႔ ေပ်ာ္႐ႊင္မႈဆိုတာကို ျပန္ေပးရေသးတယ္ ဒါမွလည္း ေရွ႕ဆက္ဖို႔ အတြက္ energy ဆိုတာျဖစ္လာမွာ..” ဆိုၿပီး ပိုင္တံခြန္က သူ႔ရဲ႕ေဖ့စ္ဘြတ္စာမ်က္ႏွာကေန ေရးသားေျပာျပထားတာပါ..။

Photo Credit – Paing Takhon’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *