အသက်အန္တရာယ် က လွတ်မြောက်ဖို့ အတွက် အရိပ် မရှိ၊ ရေမရှိ တဲ့ တောထဲ ကို ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေရတဲ့ ပြည်သူများ

Posted on

ပြည်သူတွေကတော့ နေ့စဥ်နဲ့အမျှ လူထု လှုပ်ရှားမှုတွေ ပြုလုပ်ပြီး သူတို့ ရဲ့ရင်တွင်းဆန္ဒတွေကို ဖော်ထုတ်ပြသနေကြတာ ဖြစ်ပါတယ် ။ တစ်ချို့နေရာတွေမှာဆိုရင် တစ်မြို့လုံးနီးပါး တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေပေမယ့် တစ်ချို့မြို့လေးတွေ မှာတော့ ပြည်သူတွေခမျာ ဘေးလွတ်ရာကို ရှောင်တိမ်းနေရတာ ဖြစ်ပါတယ် ။ အခုလည်း အသက် အန္တရာယ်က လွတ်မြောက်ဖို့အတွက် ထွက်ပြေးနေရတဲ့ ရွာလေးတစ်ရွာက ပြည်သူတွေရဲ့အကြောင်းကို လူတစ်ဦးက ပြောပြထားပါတယ်။

စာထဲမှာတော့ ယာကြီးရွာမလို့ခေါ်တဲ့ အဲ့ဒီရွာလေးက လူသိနည်း တာကြောင့် ထိုင်းရောက် မြန်မာတွေကတစ်ဆင့် သူ့ဆီကို အကူအညီတောင်းခံလာလို့ အခုလိုတင်ပြပေးရတာဖြစ်ကြောင်း ရေးသားထားတာ ဖြစ်ပါတယ် ။ ဒီရွာလေးမှာနေထိုင်ကြတဲ့ ရွာသူရွာသားတွေကတော့ သူ တို့ကို စွပ်စွဲဖမ်းဆီးမှာ စိုးတာကြောင့် တောထဲကို ထွက်ပြေးနေတာ (၁၅) ရက်ခန့်ရှိနေပြီဖြစ်ကြောင်း ပြောထားတာလည်း ဖြစ်ပါတယ် ။

ရွာသူရွာသားတွေခမျာ ပူပြင်းလှတဲ့နွေရာသီမှာ အရိပ်မရှိ၊ ရေမရှိတဲ့ တောထဲကို ပြေးလာရင်းနဲ့ ဒုက္ခရောက်နေကြတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် နွေရာသီဖြစ်တာကြောင့် သောက်ရေသုံးရေ ပြတ်လပ်ခြင်း၊ အရေးပေါ် ဆေးဝါးလိုအပ်ခြင်း၊ မိသားစုအချင်းချင်း အဆက်အသွယ် မရရှိခြင်း၊တယ်လီဖုန်းလိုင်းများ ကြပ်တည်းခြင်း နဲ့ အင်တာနက် မရရှိခြင်းဆိုတဲ့ အခက်အခဲတွေကိုလည်း ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ် ။ သူတို့ရဲ့အသက်အန္တရာယ်အတွက် ပူပြင်းခြောက်သွေ့တဲ့တောထဲကို ရှောင်တိမ်းလာရတဲ့ ပြည်သူတွေရဲ့ပုံရိပ်တွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source & Photo Credit-Ye Min’s FB Acc

Leave a Reply

Your email address will not be published. Required fields are marked *