တစ်ချို့လူတွေဟာ အသက်ကြီးလာမှ ငယ်ရွယ်စဉ်က မလုပ်လိုက်ရတဲ့ အရာတွေအတွက် “နောင်တ”တွေ ရတတ် ကြပါတယ်။ အခုဖော်ပြထားတဲ့အချက်တွေကို မလုပ်လိုက်ရဘဲ့ အသက်အရွယ်ကြီးလာတဲ့အခါကျမှ “နောင်တ”တွေ မရအောင် အခုအချိန်ကစပြီးတော့ လုပ်ထားဖို့ လိုပါတယ်။
၁။ ခရီးမသွားတာ
ငယ်ရွယ်တဲ့အချိန်၊ သွားနိုင်လာနိုင်တဲ့ အချိန်မှာ ခရီးတွေထွက်ပြီး နေရာသစ်တွေ ကို မသွားခဲ့ရတာ နောင်တရပါတယ်။ သူများထက် ပိုလုပ်မှ သူများထက် ပိုရမယ်ဆိုတဲ့ အတွေးကြီးရှိနေတာကြောင့် အလုပ်ထဲမှာပဲ နှစ်ထားမိခဲ့ပါတယ်။ ဒါပေမဲ့ ရင့်ကျင်လာတဲ့အချိန်မှ မသွားခဲ့ရတာကို နောင်တရပါလိမ့်မယ်။
၂။ လုံလောက်တဲ့ပျော်ရွင်မှု
ပထမတစ်ချက်လိုပါပဲ။ ငွေနဲ့ အလုပ်ကိုသာ ကြည့်ပြီး သူများလို ပျော်ရွှင်မှု မရခဲ့ တာပါ။ ငယ်ငယ်တုန်းက အကြောင်းတွေ ပြန်ပြောတဲ့အခါ သူငယ်ချင်းတွေနဲ့ လုပ်ခဲ့ရတဲ့ ပျော်ရွှင်မှုမျိုး၊ စွန့်စားမှုမျိုး၊ ကြည်နူးမှုမျိုး မရှိတာ ဝမ်းနည်းစရာပါ။
၃။ သူငယ်ချင်း
အချစ်ဆုံး သူငယ်ချင်းတွေ၊ သူငယ်ချင်းဟောင်းတွေ နဲ့ အဆက်အသွယ်ဖြတ် ခဲ့မိတာကို ကြီးလာမှ နောင်တရတတ်ပါတယ်။
၄။ ခံစားချက်
ခံစားချက်အစစ်ကို အမှန်တိုင်း မပြခဲ့ရတာကို နောင်တရ တတ်ပါတယ်။ လူတွေဟာ သူတို့ကို မာကြောတဲ့လူလို့ ထင်စေချင်တာကြောင့် ငိုရမယ့် အချိန်မှာ မငိုခဲ့ပါဘူး။ တောင်းပန်ရမယ့် အချိန်မှာ မတောင်းပန် ခဲ့ကြပါဘူး။ ဒီလို အပြုအမူကြောင့် မိသားစုနဲ့၊ အချစ်ဆုံးလူနဲ့ စတဲ့အရာတွေ နဲ့ နီးလျက်နဲ့ ဝေးနေကြရတတ်ပါတယ်။
၅။ အလုပ်
မကြိုက်တဲ့အလုပ်၊ ကိုယ်နဲ့ မကိုက်တဲ့အလုပ်မှန်း သိပေမဲ့ သက်သာ သလိုနေခဲ့ရာက အသက်ကြီးမှ ခွာလို့ မရမှန်းသိတဲ့အခါ နောင်တရတတ်ပါတယ်။
Credit: Original Writer
Sharing By: #One Daily Media