အလှ မယ် ဟန်တီ သို့ … ပရိတ်သက် တစ် ဦး ပို့ပေး လိုက်တဲ့ “စာ” …

Posted on

အလှမယ် ဟန်တီသို့ …

ဒီစာကို ချစ်ခြင်းမုန်းခြင်းကင်းစွာဖြင့်ရေး ပါတယ်။ အဲဒီအတွက် personal attack မဟုတ်ဘူး ဆိုတာ အရင်သိစေအပ်ပါတယ်။

ညီမ အနေနဲ့ ဘယ်ဘက်ကနေနေ ၊ ဘာရေးရေး မရေးရေး ညီမရဲ့ rights လို့ပြောတယ်နော် ၊ အဲ့စကားက ညီမသာ ဈေးထဲက ဟင်းရွက်ကန်စွန်းရောင်းတဲ့သူဆိုရင်တော့ မှန်တာပေါ့။

အခုညီမက မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်လေ ညီမရဲ့အသံဟာ မြန်မာနိုင်ငံ ရဲ့ အသံဖြစ်တယ်၊ ညီမရဲ့ ရပ်တည်မှု ဖေးမမှုဟာ နိုင်ငံရဲ့ခွန်အားဖြစ်တယ်။

အခုအချိန်မှာ ဈေးထဲက ဟင်းရွက်ကန်စွန်းသည်တောင် ကိုယ့်နိုင်ငံအတွက် မကြောက်မရွံ့မားမား မတ်မတ်ရပ်တည်တယ်။ အမှားဘက်က မရပ်တည်ဘူး ကြားနေမလုပ်ဘူး အမှန်ကို ဖော်ထုတ်ပြောရဲကြတယ်။

ညီမကတော့ နိုင်ငံကိုယ်စားပြုအလှမယ်ဖြစ်ပြီး ရေငုံနှုတ်ပိတ်နေပြီးမှ ဒါ ကျမရဲ့ right မို့ ကျ မပြောချင် ပြောမယ် မပြောချင်မပြောဘူး ဒါကျမအခွင့်အရေးလို့ ပြောတာ ညီမမရှက်ဘူးလား ? ညီမသွားပြိုင်တုန်းက vote ပေးထားတဲ့ ဝန်းရံပေးထားတဲ့ ပြည်သူတွေကို အားမနာဘူးလား ?

ညီမ vote လိုချင်နေတုန်းက ပြည်သူကိုဘယ်လိုတောင်းခဲ့လဲ ? အခုပြည်သူက ညီမတို့ အလှမယ်တွေ ရဲ့ အသံကို လိုအပ်နေချိန်မှာ ခုလိုပြောထွက်တာ ညီမကိုယ်ညီမ လိပ်ပြာလုံရဲ့လား ?

အကိုကတော့ ဒီနေ့ကစပြီး ညီမကို မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ်အဖြစ်လုံးဝ အသိအမှတ် မပြုနိုင်တော့ပါဘူး

ဒါ ညီမပြောတဲ့ အကို့ rights ပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *