အလှူအတန်းကို ဗန်းပြပြီး ငရဲမကြောက် လိမ်လည်နေကြသူတွေ အကြောင်း ချပြလာတဲ့ စမိုင်းလ်

Posted on

စမိုင်းလ်ကတော့ လူလေးလှသလို စိတ်ထားလေးလည်းကောင်းမွန်ပြီး သူတစ်ပါးကို ကူညီချင်စိတ် အပြည့်အဝရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အဆင်းရော အချင်းပါပြည့်စုံတဲ့ စမိုင်းလ်ကို လူကြီး၊ လူငယ်ပရိသတ်တွေမရွေး ချစ်ခင်အားပေးကြပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အားပေးမှုကို ရရှိနေတာပဲ ဖြစ်ပါတယ်။ အလှူ ရေစက် လက်နဲ့မကွာ လှူဒါန်းတဲ့ စမိုင်းလ်တို့မိသားစုက လက်ရှိမှာလည်း နှစ်ဦးအလှူအဖြစ် အလှူအတန်းတွေများစွာကို ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

အမြဲတမ်း အလှူအတန်းတွေပြုလုပ်တတ်ပေမယ့် မသမာသူတွေရဲ့ အသုံးချခြင်းခံရလေ့ ရှိတဲ့ စမိုင်းလ်က ဒီကနေ့မှာတော့ သူမတို့ရဲ့ နာမည်ကို အသုံးပြုပြီး လိမ်လည်သူတွေအကြောင်းကို ပြောလာပါတယ်။ စမိုင်းလ်က သူမရဲ့ နာမည်ကို အသုံးပြုပြီး Group ထောင်လိမ်လည်သူတွေရဲ့ Screenshot တွေကို ထုတ်ပြပြီး “အလိမ်အညာတွေကြောက်စရာကြီးမယုံကြပါနဲ့နော် report လေးထုပေးကြပါ🙏🏼😩” ဆိုပြီး သူမနဲ့ မသက်ဆိုင်ကြောင်း ပြောလာပါတယ်။

စမိုင်းလ်ကတော့ အလှူအတန်းတွေများစွာကိုလည်း ပြုလုပ်သလို မသမာသူတွေရဲ့ နာမည်အလွဲ သုံးစားပြုလုပ်ခြင်းကိုလည်း မကြာခဏခံရလေ့ရှိသူတစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အလိမ်အညာတွေပေါများတဲ့ခေတ်ကြီးထဲမှာ ဘယ်အရာကိုမဆို ချင့်ချိန်ပြီးမှ ယုံကြဖို့ တိုက်တွန်းပါရစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

crd

zawgyi

စမိုင္းလ္ကေတာ့ လူေလးလွသလို စိတ္ထားေလးလည္းေကာင္းမြန္ၿပီး သူတစ္ပါးကို ကူညီခ်င္စိတ္ အျပည့္အဝရွိသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ အဆင္းေရာ အခ်င္းပါျပည့္စုံတဲ့ စမိုင္းလ္ကို လူႀကီး၊ လူငယ္ပရိသတ္ေတြမေ႐ြး ခ်စ္ခင္အားေပးၾကၿပီး တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ အားေပးမႈကို ရရွိေနတာပဲ ျဖစ္ပါတယ္။ အလႉ ေရစက္ လက္နဲ႔မကြာ လႉဒါန္းတဲ့ စမိုင္းလ္တို႔မိသားစုက လက္ရွိမွာလည္း ႏွစ္ဦးအလႉအျဖစ္ အလႉအတန္းေတြမ်ားစြာကို ျပဳလုပ္ေနတာပဲ ျဖစ္ပါတယ္။

အၿမဲတမ္း အလႉအတန္းေတြျပဳလုပ္တတ္ေပမယ့္ မသမာသူေတြရဲ႕ အသုံးခ်ျခင္းခံရေလ့ ရွိတဲ့ စမိုင္းလ္က ဒီကေန႔မွာေတာ့ သူမတို႔ရဲ႕ နာမည္ကို အသုံးျပဳၿပီး လိမ္လည္သူေတြအေၾကာင္းကို ေျပာလာပါတယ္။ စမိုင္းလ္က သူမရဲ႕ နာမည္ကို အသုံးျပဳၿပီး Group ေထာင္လိမ္လည္သူေတြရဲ႕ Screenshot ေတြကို ထုတ္ျပၿပီး “အလိမ္အညာေတြေၾကာက္စရာႀကီးမယုံၾကပါနဲ႔ေနာ္ report ေလးထုေပးၾကပါ🙏🏼😩” ဆိုၿပီး သူမနဲ႔ မသက္ဆိုင္ေၾကာင္း ေျပာလာပါတယ္။

စမိုင္းလ္ကေတာ့ အလႉအတန္းေတြမ်ားစြာကိုလည္း ျပဳလုပ္သလို မသမာသူေတြရဲ႕ နာမည္အလြဲ သုံးစားျပဳလုပ္ျခင္းကိုလည္း မၾကာခဏခံရေလ့ရွိသူတစ္ေယာက္ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း အလိမ္အညာေတြေပါမ်ားတဲ့ေခတ္ႀကီးထဲမွာ ဘယ္အရာကိုမဆို ခ်င့္ခ်ိန္ၿပီးမွ ယုံၾကဖို႔ တိုက္တြန္းပါရေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *