အလှူရှင် တွေ ကိုယ်စား မြစ်ကြီးနား က လိုအပ်နေ တဲ့ ပြည်သူတွေ အတွက် အဝတ်အထည် နဲ့ အလှူ ငွေများ လှူဒါန်းပေး ခဲ့တဲ့ ရေဗက္ကာဝင်း

Posted on

ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုကို အခိုင်အမာ ရရှိထားတဲ့ ရေဗက္ကာဝင်း ကတော့ ဒီရက်ပိုင်းတွေမှာ တောက်လျှောက် လှူဒါန်းမှုတွေ မျိုးစုံ ပြုလုပ်ပေးနေတာကို တွေ့မြင်ရပါတယ်။ ခုလတ်တလော အခြေအနေတွေကြောင့် စားဝတ် နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ဘေးရှောင် ပြည်သူတွေအတွက်လည်း အစားအသောက်များ နဲ့ လိုအပ်တာများ လှူဒါန်းကာ ရရာနေရာကနေ ပါဝင်ကူညီ အားဖြည့် ပေးနေတာဖြစ်ပါတယ်။

ဒီလိုကာလတွေမှာ ပြည်သူတွေဟာ အလုပ်အကိုင် များကို အလွယ်တကူ မလုပ်ကိုင် နိုင်တာကြောင့် စားဝတ်နေရေး အခက်အခဲတွေ ကို ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။ ဒီလိုအဆင်မပြေမှုတွေကို အနုပညာရှင်တွေ အပါအဝင် ပြည်သူ အချင်းချင်းကပဲ တတ်နိုင်သလောက် ကူညီဖေးမရင်း အပြန်အလှန် ကူညီနေကြတာလည်းဖြစ်ပါတယ်။ ပြည်သူတွေ ကလည်း လူမှုကွန်ယက် စာမျက်နှာမှာ အလှူပို့စ်လေး တင်လိုက်တာနဲ့ အင်တိုက်အားတိုက် ပါဝင် လှူဒါန်းကြတာကိုလည်း ကြည်နူးစွာ တွေ့ရပါတယ်။

ယနေ့မှာလည်း ရေဗက္ကာဝင်းက အလှူရှင် တွေ လှူဒါန်းတဲ့ အဝတ်အထည်များ၊ စားသောက်ကုန် များနဲ့ အလှူငွေများကို မြစ်ကြီးနားက လိုအပ်နေတဲ့ ပြည်သူတွေဆီကို ကိုယ်စား လှူဒါန်းပေးခဲ့ကြောင်းဖော်ပြထားပါတယ် ။ တကယ်ကို နေ့ရက်တိုင်း မွန်မြတ်တဲ့ အလှူလေးတွေ ပြုလုပ်နေတဲ့ ရေဗက္ကာဝင်းရဲ့ စိတ်ထားလေး ကတော့ လေးစားစရာ ပါပဲနော်။ ပရိသတ်ကြီးအတွက် ရေဗက္ကာဝင်း ရဲ့ အလှူပုံလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

Source & Photo Credit : Rebecca Win Facebook Account

zawgyi

ပရိသတ္ေတြရဲ႕ အားေပး ခ်စ္ခင္မႈကို အခိုင္အမာ ရရွိထားတဲ့ ေရဗကၠာဝင္း ကေတာ့ ဒီရက္ပိုင္းေတြမွာ ေတာက္ေလွ်ာက္ လႉဒါန္းမႈေတြ မ်ိဳးစုံ ျပဳလုပ္ေပးေနတာကို ေတြ႕ျမင္ရပါတယ္။ ခုလတ္တေလာ အေျခအေနေတြေၾကာင့္ စားဝတ္ ေနေရး အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတဲ့ စစ္ေဘးေရွာင္ ျပည္သူေတြအတြက္လည္း အစားအေသာက္မ်ား နဲ႔ လိုအပ္တာမ်ား လႉဒါန္းကာ ရရာေနရာကေန ပါဝင္ကူညီ အားျဖည့္ ေပးေနတာျဖစ္ပါတယ္။

ဒီလိုကာလေတြမွာ ျပည္သူေတြဟာ အလုပ္အကိုင္ မ်ားကို အလြယ္တကူ မလုပ္ကိုင္ ႏိုင္တာေၾကာင့္ စားဝတ္ေနေရး အခက္အခဲေတြ ကို ႀကဳံေတြ႕ေနရတာလည္း ျဖစ္ပါတယ္။ ဒီလိုအဆင္မေျပမႈေတြကို အႏုပညာရွင္ေတြ အပါအဝင္ ျပည္သူ အခ်င္းခ်င္းကပဲ တတ္ႏိုင္သေလာက္ ကူညီေဖးမရင္း အျပန္အလွန္ ကူညီေနၾကတာလည္းျဖစ္ပါတယ္။ ျပည္သူေတြ ကလည္း လူမႈကြန္ယက္ စာမ်က္ႏွာမွာ အလႉပို႔စ္ေလး တင္လိုက္တာနဲ႔ အင္တိုက္အားတိုက္ ပါဝင္ လႉဒါန္းၾကတာကိုလည္း ၾကည္ႏူးစြာ ေတြ႕ရပါတယ္။

ယေန႔မွာလည္း ေရဗကၠာဝင္းက အလႉရွင္ ေတြ လႉဒါန္းတဲ့ အဝတ္အထည္မ်ား၊ စားေသာက္ကုန္ မ်ားနဲ႔ အလႉေငြမ်ားကို ျမစ္ႀကီးနားက လိုအပ္ေနတဲ့ ျပည္သူေတြဆီကို ကိုယ္စား လႉဒါန္းေပးခဲ့ေၾကာင္းေဖာ္ျပထားပါတယ္ ။ တကယ္ကို ေန႔ရက္တိုင္း မြန္ျမတ္တဲ့ အလႉေလးေတြ ျပဳလုပ္ေနတဲ့ ေရဗကၠာဝင္းရဲ႕ စိတ္ထားေလး ကေတာ့ ေလးစားစရာ ပါပဲေနာ္။ ပရိသတ္ႀကီးအတြက္ ေရဗကၠာဝင္း ရဲ႕ အလႉပုံေလးေတြကို ေဝမွ်ေပးလိုက္ပါတယ္။

Source & Photo Credit : Rebecca Win Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *