အလှူရှင် တစ်ဦး ရဲ့ မနက်စာ ထမင်းဘူး လေးကို လမ်းပေါ် ထိုင် ပြီး ဒိုင်းကာ တွေ ရဲ့ နောက်မှာ ဖြစ်သလို စားရင်း တိုက်ပွဲဝင် နေတဲ့ လူငယ်လေးများ

Posted on

အလှူရှင် တစ်ဦးရဲ့ မနက်စာ ထမင်းဘူး လေး ကို လမ်းပေါ်ထိုင်ပြီး ဒိုင်းကာ တွေ ရဲ့ နောက်မှာ ဖြစ်သလို စားရင်း တိုက်ပွဲဝင်နေတဲ့ လူငယ်လေးများအပူချိန် 37°C အောက်မှာ အလှူရှင် တစ်ဦးရဲ့ မ နက်စာ ထမင်းဘူး လေးကို လမ်းပေါ်ထိုင်ပြီး ဒိုင်းကာတွေရဲ့ နောက်မှာ ဖြစ်သလို စားရတာ ပျော်စရာ မကောင်း ပါဘူး။ အခန့် မသင့်ရင် ခေါင်းပွင့် သွားနိုင်တယ်၊ မျက်လုံးတွေ အစုံလိုက် ကျွတ် ထွ က် သွားနိုင်တယ်၊ ခြေတွေ၊ လက်တွေ ဆုံးရှုံးပြီးတစ်သက်လုံး ဒုက္ခိတ ဘဝနဲ့ ကြုံသွားရ နိုင် ပါတယ်။ အခု ဒီပုံလေးထဲက Gen-Z လေးလည်းပျော်လို့ လုပ်နေတယ် မထင်ပါနဲ့။

နိုင်ငံတနံတလျှားမှာ အသက်ပေး သွားခဲ့ကြ သူတွေဆို ရင်လ ည်း အပျော် သက်သက် သေပွဲ ဝင်ခဲ့ကြ တာမျိုး တစ်ယောက်မှ မရှိခဲ့ဘူး။ အားလုံးဟာ ခေတ်ဝန်ကိုထမ်း၊ ခေတ်လမ်းကို လျှောက်ပြီး ကိုယ့်အသိ စိတ်ဓာတ်နဲ့ကိုယ် ကိုယ်လုပ်နိုင်တာကို ကိုယ်လုပ် နေခဲ့ကြတာ ဖြစ်ပါတယ်။ ဒါဟာ အမှန်တရား တခုဖြစ်တယ် ဆိုတာ ကိုလည်း ကျွန်တော်တို့ အား လုံး သဘောတူ လက်ခံ ထားပြီးဖြစ် ပါတယ်။အ ခု လမ်းပေါ်က ဒိုင်းကာတွေရဲ့ နောက်မှာ မနက်စာကို ဖြစ်သလို စားနေ ရတဲ့ ဟောဒီ Gen-Z လေးတွက် ကျွန်တော့်မှာ စိုးရိမ်မကင်း ဖြစ်ရတယ်

သူ့ အသက်သူ့ အရွယ်နဲ့ ခေတ်ဝန် ကိုထမ်းပြီး ခေတ်လမ်းပေါ် လျှောက်နေ ပုံကို အရမ်းလေး စားမိတ ယ်။ ဦးခေါင်းကိုလည်း ညွှတ်ကိုင်း ပေးမိတယ်။ စိတ်ထဲမှာ အားလုံး ဘေးကင်း ပါစေလို့လည်းဆုတောင်းနေမိတယ်။ အရွယ်နဲ့ မလိုက်အောင် ခေ တ်လမ်း ပေါ်လျှောက် နေတဲ့ ဟောဒီ ညီငယ်လေးနဲ့အတူ အသက်နဲ့ ခန္ဓာကို အရင်း အနှီး ပြုပေးခဲ့ကြတဲ့ ဒီမိုကရေစီ သူရဲကောင်းတွေ အပေါ် ငဲ့ညှာ သောအားဖြင့် ကျွန်တော်တို့ အားမလျှော့ဖို့ ကျေး ဇူးပြုပြီး နောက်မဆုတ်ကြဖို့ မေတ္တာ ရပ်ခံလိုပါတယ်။ အရေးတော်ပုံ အောင်ရမည်။

crd

zawgyi

အလႉရွင္ တစ္ဦးရဲ႕ မနက္စာ ထမင္းဘူး ေလး ကို လမ္းေပၚထိုင္ၿပီး ဒိုင္းကာ ေတြ ရဲ႕ ေနာက္မွာ ျဖစ္သလို စားရင္း တိုက္ပြဲဝင္ေနတဲ့ လူငယ္ေလးမ်ားအပူခ်ိန္ 37°C ေအာက္မွာ အလႉရွင္ တစ္ဦးရဲ႕ မ နက္စာ ထမင္းဘူး ေလးကို လမ္းေပၚထိုင္ၿပီး ဒိုင္းကာေတြရဲ႕ ေနာက္မွာ ျဖစ္သလို စားရတာ ေပ်ာ္စရာ မေကာင္း ပါဘူး။ အခန႔္ မသင့္ရင္ ေခါင္းပြင့္ သြားႏိုင္တယ္၊ မ်က္လုံးေတြ အစုံလိုက္ ကြၽတ္ ထြ က္ သြားႏိုင္တယ္၊ ေျခေတြ၊ လက္ေတြ ဆုံးရႈံးၿပီးတစ္သက္လုံး ဒုကၡိတ ဘဝနဲ႔ ႀကဳံသြားရ ႏိုင္ ပါတယ္။ အခု ဒီပုံေလးထဲက Gen-Z ေလးလည္းေပ်ာ္လို႔ လုပ္ေနတယ္ မထင္ပါနဲ႔။

ႏိုင္ငံတနံတလွ်ားမွာ အသက္ေပး သြားခဲ့ၾက သူေတြဆို ရင္လ ည္း အေပ်ာ္ သက္သက္ ေသပြဲ ဝင္ခဲ့ၾက တာမ်ိဳး တစ္ေယာက္မွ မရွိခဲ့ဘူး။ အားလုံးဟာ ေခတ္ဝန္ကိုထမ္း၊ ေခတ္လမ္းကို ေလွ်ာက္ၿပီး ကိုယ့္အသိ စိတ္ဓာတ္နဲ႔ကိုယ္ ကိုယ္လုပ္ႏိုင္တာကို ကိုယ္လုပ္ ေနခဲ့ၾကတာ ျဖစ္ပါတယ္။ ဒါဟာ အမွန္တရား တခုျဖစ္တယ္ ဆိုတာ ကိုလည္း ကြၽန္ေတာ္တို႔ အား လုံး သေဘာတူ လက္ခံ ထားၿပီးျဖစ္ ပါတယ္။အ ခု လမ္းေပၚက ဒိုင္းကာေတြရဲ႕ ေနာက္မွာ မနက္စာကို ျဖစ္သလို စားေန ရတဲ့ ေဟာဒီ Gen-Z ေလးတြက္ ကြၽန္ေတာ့္မွာ စိုးရိမ္မကင္း ျဖစ္ရတယ္

သူ႔ အသက္သူ႔ အ႐ြယ္နဲ႔ ေခတ္ဝန္ ကိုထမ္းၿပီး ေခတ္လမ္းေပၚ ေလွ်ာက္ေန ပုံကို အရမ္းေလး စားမိတ ယ္။ ဦးေခါင္းကိုလည္း ၫႊတ္ကိုင္း ေပးမိတယ္။ စိတ္ထဲမွာ အားလုံး ေဘးကင္း ပါေစလို႔လည္းဆုေတာင္းေနမိတယ္။ အ႐ြယ္နဲ႔ မလိုက္ေအာင္ ေခ တ္လမ္း ေပၚေလွ်ာက္ ေနတဲ့ ေဟာဒီ ညီငယ္ေလးနဲ႔အတူ အသက္နဲ႔ ခႏၶာကို အရင္း အႏွီး ျပဳေပးခဲ့ၾကတဲ့ ဒီမိုကေရစီ သူရဲေကာင္းေတြ အေပၚ ငဲ့ညႇာ ေသာအားျဖင့္ ကြၽန္ေတာ္တို႔ အားမေလွ်ာ့ဖို႔ ေက်း ဇူးျပဳၿပီး ေနာက္မဆုတ္ၾကဖို႔ ေမတၱာ ရပ္ခံလိုပါတယ္။ အေရးေတာ္ပုံ ေအာင္ရမည္။

crd

Leave a Reply

Your email address will not be published. Required fields are marked *