အလှူရှင်တွေ နဲ့ ပူးပေါင်းပြီး ပြည်သူတွေ အတွက် စားဝတ် နေရေး အခက်အခဲတွေ ကို တတ်နိုင်သလောက် ကူညီ လှူဒါန်း ခဲ့တဲ့ ရေဗက္ကာဝင်း

Posted on

ဂီတလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့ အဆိုတော် ရေဗက္ကာဝင်း ကတော့ လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေဆက်တိုက်ပြုလုပ်ကာ ပြည်သူတွေဘက်ကနေ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။ ငွေအား လူအားတွေနဲ့ အဖက်ဖက်ကနေ တတ်နိုင်သလောက် ပြည်သူတွေ အတွက် အားဖြည့် ပါဝင်ပေးနေတဲ့ ရေဗက္ကာဝင်းကတော့ နေ့တိုင်းလိုလို လှူဒါန်းမှုတွေ ပြုလုပ်နေတာကိုလည်း ပရိသတ်တွေမကြာခဏဆိုသလို မြင်တွေ့ရမှာပါ..။ ပြည်သူ တစ်ယောက်အနေနဲ့ ကျရာတာဝန်ထမ်းနေတဲ့ ရေဗက္ကာဝင်း ကတော့ ဒီကနေ့မှာလည်း စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူ အချို့အတွက် စားသောက်ကုန်တွေလှူဒါန်းပြီး ကောင်းမှု ကုသိုလ်လေးတွေ ပြုလုပ်ခဲ့ပြန်ပါတယ်..။

စေတနာရှင်မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ မြောက်ဒဂုံနဲ့ ရန်ကင်း၊ တောင်ဥက္ကလာ တို့မှာ အိမ်ထောင်(၁၅၀)စာအတွက် ဆန်၊ ဆီနဲ့ အခြားစားသောက်ကုန်တွေကို လိုက်လံပေးဝေ လှူဒါန်းခဲ့တာဖြစ်ပြီး မန္တလေးကနာရေးတွေအတွက်လည်း အလှူငွေတွေ ထည့်ဝင်လှူဒါန်းခဲ့ပါသေးတယ်..။ “ဒီနေ့ စေတနာရှင် များဖြစ်ကြတဲ့ Shingni Nbat အနုပညာပိုးသဘက်(မြစ်ကြီးနား) ပထမမြန်မာနှစ်ခြင်းအသင်းတော် (ဆန်ဖရန်စ္စစ်ကို)၊

မနဒီဝါ ၊ မThidar Dwyer (LA) တို့နဲ့အတူပေါင်းပြီး စားဝတ်နေရေးအခက်အခဲ ဖြစ်နေတဲ့ ပြည်သူတွေ အတွက် ဆန် ဆီ ကြက်သွန်နီ ကြက်သွန်ဖြူ ငြုပ်သီးခွဲခြမ်းမှုန့် ကုလားပဲ ပဲမှုန့် အကျက် ပမှုန့်အစိမ်း ခေါက်ဆွဲခြောက်ထုပ် အိမ်ထောင် ၁၅၀စာ မြောက်ဒဂုံနဲ့ ရန်ကင်း၊ တ/ဥက္ကလာတို့မှာ ကုသိုလ်ဖြစ်ပါဝင်လှူဒါန်းခဲ့ပါတယ်💜 မန္တလေးနာရေး အတွက်လည်း မPyae Phyo Khine နဲ့အတူ ကူငွေပါဝင်ဖြစ်ခဲ့ပါတယ်…” ဆိုပြီး အလှူရှင်တွေရဲ့ ထည့်ဝင်လှူဒါန်းမှုတွေကိုပြောပြထားပြီး အလှူပုံရိပ်တွေကိုလည်း အသိပေးဝေမျှထားတာပဲ ဖြစ်ပါတယ်..။သာဓုခေါ်စရာကောင်းလွန်းတဲ့ ရေဗက္ကာဝင်း နဲ့ သူမတို့သူငယ်ချင်းတွေရဲ့ အလှူ ကိုလည်း ပရိသတ်တွေက သာဓုခေါ်ဆုတောင်းပေးနေကြတာလည်း Comment တွေမှာ တွေ့ရပါတယ်..။

Photo Credit – Rebecca Win’s Fb Acc

zawgyi

ဂီတေလာကမွာ ေအာင္ျမင္မႈေတြအခိုင္အမာရရွိထားတဲ့ အဆိုေတာ္ ေရဗကၠာဝင္း ကေတာ့ လတ္တေလာျဖစ္ေပၚေနတဲ့အေျခအေနေတြနဲ႔ ပတ္သက္ၿပီး လႈပ္ရွားမႈေတြဆက္တိုက္ျပဳလုပ္ကာ ျပည္သူေတြဘက္ကေန ရပ္တည္ေနသူပဲ ျဖစ္ပါတယ္..။ ေငြအား လူအားေတြနဲ႔ အဖက္ဖက္ကေန တတ္ႏိုင္သေလာက္ ျပည္သူေတြ အတြက္ အားျဖည့္ ပါဝင္ေပးေနတဲ့ ေရဗကၠာဝင္းကေတာ့ ေန႔တိုင္းလိုလို လႉဒါန္းမႈေတြ ျပဳလုပ္ေနတာကိုလည္း ပရိသတ္ေတြမၾကာခဏဆိုသလို ျမင္ေတြ႕ရမွာပါ..။ ျပည္သူ တစ္ေယာက္အေနနဲ႔ က်ရာတာဝန္ထမ္းေနတဲ့ ေရဗကၠာဝင္း ကေတာ့ ဒီကေန႔မွာလည္း စားဝတ္ေနေရးခက္ခဲေနၾကတဲ့ ျပည္သူ အခ်ိဳ႕အတြက္ စားေသာက္ကုန္ေတြလႉဒါန္းၿပီး ေကာင္းမႈ ကုသိုလ္ေလးေတြ ျပဳလုပ္ခဲ့ျပန္ပါတယ္..။

ေစတနာရွင္မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔အတူ ေျမာက္ဒဂုံနဲ႔ ရန္ကင္း၊ ေတာင္ဥကၠလာ တို႔မွာ အိမ္ေထာင္(၁၅၀)စာအတြက္ ဆန္၊ ဆီနဲ႔ အျခားစားေသာက္ကုန္ေတြကို လိုက္လံေပးေဝ လႉဒါန္းခဲ့တာျဖစ္ၿပီး မႏၲေလးကနာေရးေတြအတြက္လည္း အလႉေငြေတြ ထည့္ဝင္လႉဒါန္းခဲ့ပါေသးတယ္..။ “ဒီေန႔ ေစတနာရွင္ မ်ားျဖစ္ၾကတဲ့ Shingni Nbat အႏုပညာပိုးသဘက္(ျမစ္ႀကီးနား) ပထမျမန္မာႏွစ္ျခင္းအသင္းေတာ္ (ဆန္ဖရန္စၥစ္ကို)၊

မနဒီဝါ ၊ မThidar Dwyer (LA) တို႔နဲ႔အတူေပါင္းၿပီး စားဝတ္ေနေရးအခက္အခဲ ျဖစ္ေနတဲ့ ျပည္သူေတြ အတြက္ ဆန္ ဆီ ၾကက္သြန္နီ ၾကက္သြန္ျဖဴ ျငဳပ္သီးခြဲျခမ္းမႈန႔္ ကုလားပဲ ပဲမႈန႔္ အက်က္ ပမႈန႔္အစိမ္း ေခါက္ဆြဲေျခာက္ထုပ္ အိမ္ေထာင္ ၁၅၀စာ ေျမာက္ဒဂုံနဲ႔ ရန္ကင္း၊ တ/ဥကၠလာတို႔မွာ ကုသိုလ္ျဖစ္ပါဝင္လႉဒါန္းခဲ့ပါတယ္💜 မႏၲေလးနာေရး အတြက္လည္း မPyae Phyo Khine နဲ႔အတူ ကူေငြပါဝင္ျဖစ္ခဲ့ပါတယ္…” ဆိုၿပီး အလႉရွင္ေတြရဲ႕ ထည့္ဝင္လႉဒါန္းမႈေတြကိုေျပာျပထားၿပီး အလႉပုံရိပ္ေတြကိုလည္း အသိေပးေဝမွ်ထားတာပဲ ျဖစ္ပါတယ္..။သာဓုေခၚစရာေကာင္းလြန္းတဲ့ ေရဗကၠာဝင္း နဲ႔ သူမတို႔သူငယ္ခ်င္းေတြရဲ႕ အလႉ ကိုလည္း ပရိသတ္ေတြက သာဓုေခၚဆုေတာင္းေပးေနၾကတာလည္း Comment ေတြမွာ ေတြ႕ရပါတယ္..။

Photo Credit – Rebecca Win’s Fb Acc

Leave a Reply

Your email address will not be published.