အလှူရှင်က ပေးလိုက်တဲ့ ထမင်းဘူးတွေကို သူတို့မစားဘဲ ပင်ပန်းနေ တဲ့ ပြည်သူတွေ ကို ကိုယ်ချင်းစာ စိတ်အပြည့် နဲ့ ပြန်လိုက် ဝေပေးနေတဲ့ ကလေးငယ်(၂)ဦး

Posted on

ယခုလိုကာလမှာတော့ ကလေး၊ လူကြီးမရွေး အရွယ်စုံ၊ အလွှာစုံက တတ်နိုင်တဲ့ နေရာကနေ စွမ်းစွမ်းတမံပါဝင်လှုပ်ရှားနေကြတာပဲဖြစ်ပါတယ်။အခုဖြစ်ပေါ်နေတဲ့ အခြေအနေကတော့ တစ်လကျော်ကြာသွားပြီဖြစ်ပေမယ့် တစ်နေ့ထက်တစ်နေ့ ပိုအားကောင်းနေဆဲဖြစ်ပါတယ်။ပြည်သူလူထု ကလည်း အားမာန်အပြည့် နဲ့ ရင်ဆိုင်နေကြပြီး အရင်ကထက်ပိုကောင်းလာတဲ့ အကာအကွယ်တွေ၊ နည်းဗျူဟာတွေနဲ့ ရဲရင့်စွာ ရင်ဆိုင်နေကြတာဖြစ်ပါတယ်။အခုရက်ပိုင်းတွေမှာဆိုရင် လူထုလှုပ်ရှားမှုအတွင်းမှာ ထပ်မံကျဆုံးလာတဲ့ သူရဲကောင်းတွေရှိတာကြောင့် ပြည်သူလူထု ကတော့ သူတို့တွေအတွက်ပါ ပိုကြိုးစားနေကြတာဖြစ်ပါတယ်။

အခုချိန်ထိလည်း လမ်းပေါ်မှာလှုပ်ရှားနေကြတဲ့ ပြည်သူ လူထုအတွက် စားရေး၊သောက်ရေး၊ သွားလာရေး မခက်ခဲရအောင်လို့ တစ်ထောင့်တစ်နေရာကနေ ကူညီနေကြတဲ့သူတွေလည်းရှိပါတယ်။ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားနေရမယ့်ကလေးငယ်လေးတွေကအစ သူတို့တတ်နိုင်တဲ့အားလေးတွေနဲ့ လူကြီးတွေကို ကူညီပေးနေကြတာဖြစ်ပါတယ်။တစ်ရက်က ဆိုရင် အလှူရှင်တစ်ဦးက ပြည်သူလူထုအတွက် ထမင်းဘူးတွေ လိုက်ဝေရင်း ကလေးငယ်လေးနှစ်ယောက်ကိုတွေ့တော့ ထမင်းဘူးလေးပေးလိုက်တာဖြစ်ပါတယ်။ ကလေးတွေကတော့”သားတို့ မဆာသေးဘူး၊ ဆာနေတဲ့ ပင်ပန်းနေတဲ့သူတွေကို အရင်ကျွေးလိုက်ပါဗျ”ဆိုပြီး သိတတ်စွာနဲ့ လူကြီးတွေကို ဦးစားပေးလိုက်တာဖြစ်ပါတယ်။

အလှူရှင်ကလည်း ထမင်းဘူးတွေ အလုံအလောက်ပါတယ် ဆိုပြီး သူတို့မိသားစု စားဖို့အတွက်ပါ အပိုတွေ ထည့်ပေးလိုက်တာဖြစ်ပါတယ်။ဒါပေမယ့်လည်း ကလေးနှစ်ယောက်ကတော့ ထမင်းဘူးလေးတွေ ကိုင်ပြီး လူထုလှုပ်ရှားမှုမှာပါဝင်နေကြတဲ့ ပြည်သူတွေကို “ထမင်းစားပြီးပြီလားခင်ဗျာ”လို့ မေးပြီး လိုက်ဝေနေသေးတာ ဖြစ်ပါတယ်။ ကလေးတွေရဲ့စိတ်ထားလေးက အရမ်းဖြူစင်ပြီး အသက်ငယ်ငယ်လေးနဲ့တောင် သိတတ်နေတာဖြစ်ပါတယ်။အခုချိန်မှာ အချင်းချင်းရိုင်းပင်းကူညီရမယ်ဆိုတာကို ကလေးတွေကအစ သိနားလည်နေတာကြောင့် အရမ်းပီတိဖြစ်စရာကောင်းတဲ့ အခြေအနေလေး ပဲဖြစ်ပါတယ်။

Source&Photo Credit: Original Uploder

zawgyi

ယခုလိုကာလမွာေတာ့ ကေလး၊ လူႀကီးမေ႐ြး အ႐ြယ္စုံ၊ အလႊာစုံက တတ္ႏိုင္တဲ့ ေနရာကေန စြမ္းစြမ္းတမံပါဝင္လႈပ္ရွားေနၾကတာပဲျဖစ္ပါတယ္။အခုျဖစ္ေပၚေနတဲ့ အေျခအေနကေတာ့ တစ္လေက်ာ္ၾကာသြားၿပီျဖစ္ေပမယ့္ တစ္ေန႔ထက္တစ္ေန႔ ပိုအားေကာင္းေနဆဲျဖစ္ပါတယ္။ျပည္သူလူထု ကလည္း အားမာန္အျပည့္ နဲ႔ ရင္ဆိုင္ေနၾကၿပီး အရင္ကထက္ပိုေကာင္းလာတဲ့ အကာအကြယ္ေတြ၊ နည္းဗ်ဴဟာေတြနဲ႔ ရဲရင့္စြာ ရင္ဆိုင္ေနၾကတာျဖစ္ပါတယ္။အခုရက္ပိုင္းေတြမွာဆိုရင္ လူထုလႈပ္ရွားမႈအတြင္းမွာ ထပ္မံက်ဆုံးလာတဲ့ သူရဲေကာင္းေတြရွိတာေၾကာင့္ ျပည္သူလူထု ကေတာ့ သူတို႔ေတြအတြက္ပါ ပိုႀကိဳးစားေနၾကတာျဖစ္ပါတယ္။

အခုခ်ိန္ထိလည္း လမ္းေပၚမွာလႈပ္ရွားေနၾကတဲ့ ျပည္သူ လူထုအတြက္ စားေရး၊ေသာက္ေရး၊ သြားလာေရး မခက္ခဲရေအာင္လို႔ တစ္ေထာင့္တစ္ေနရာကေန ကူညီေနၾကတဲ့သူေတြလည္းရွိပါတယ္။ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ကစားေနရမယ့္ကေလးငယ္ေလးေတြကအစ သူတို႔တတ္ႏိုင္တဲ့အားေလးေတြနဲ႔ လူႀကီးေတြကို ကူညီေပးေနၾကတာျဖစ္ပါတယ္။တစ္ရက္က ဆိုရင္ အလႉရွင္တစ္ဦးက ျပည္သူလူထုအတြက္ ထမင္းဘူးေတြ လိုက္ေဝရင္း ကေလးငယ္ေလးႏွစ္ေယာက္ကိုေတြ႕ေတာ့ ထမင္းဘူးေလးေပးလိုက္တာျဖစ္ပါတယ္။ ကေလးေတြကေတာ့”သားတို႔ မဆာေသးဘူး၊ ဆာေနတဲ့ ပင္ပန္းေနတဲ့သူေတြကို အရင္ေကြၽးလိုက္ပါဗ်”ဆိုၿပီး သိတတ္စြာနဲ႔ လူႀကီးေတြကို ဦးစားေပးလိုက္တာျဖစ္ပါတယ္။

အလႉရွင္ကလည္း ထမင္းဘူးေတြ အလုံအေလာက္ပါတယ္ ဆိုၿပီး သူတို႔မိသားစု စားဖို႔အတြက္ပါ အပိုေတြ ထည့္ေပးလိုက္တာျဖစ္ပါတယ္။ဒါေပမယ့္လည္း ကေလးႏွစ္ေယာက္ကေတာ့ ထမင္းဘူးေလးေတြ ကိုင္ၿပီး လူထုလႈပ္ရွားမႈမွာပါဝင္ေနၾကတဲ့ ျပည္သူေတြကို “ထမင္းစားၿပီးၿပီလားခင္ဗ်ာ”လို႔ ေမးၿပီး လိုက္ေဝေနေသးတာ ျဖစ္ပါတယ္။ ကေလးေတြရဲ႕စိတ္ထားေလးက အရမ္းျဖဴစင္ၿပီး အသက္ငယ္ငယ္ေလးနဲ႔ေတာင္ သိတတ္ေနတာျဖစ္ပါတယ္။အခုခ်ိန္မွာ အခ်င္းခ်င္း႐ိုင္းပင္းကူညီရမယ္ဆိုတာကို ကေလးေတြကအစ သိနားလည္ေနတာေၾကာင့္ အရမ္းပီတိျဖစ္စရာေကာင္းတဲ့ အေျခအေနေလး ပဲျဖစ္ပါတယ္။

Source&Photo Credit: Original Uploder

Leave a Reply

Your email address will not be published. Required fields are marked *