အလှူရေစက် လက် နဲ့မကွာ လှူနေ ရရင် ပီတိ ဖြစ်နေတဲ့ အကြောင်း ပြောပြ လာ တဲ့ ဘေဘီမောင်

Posted on

သရုပ်ဆောင်ကောင်းသလို စကားပြောလည်း ပွင့်လင်း တာကြောင့် ပရိသတ်တွေ တစ်ခဲနက်အားပေးချစ်ခင်နေကြတဲ့ အနုပညာရှင်မင်းသမီးတွေထဲမှာ ဘေဘီမောင်ကလည်း အပါအဝင်ပါပဲ..။

ဘေဘီမောင်ကတော့ အောင်မြင်မှုတွေ နဲ့ အနုပညာ လမ်းကြောင်းမှာ လျှောက်လှမ်း ရပ်တည်နေသလို အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်ကုသိုလ်ယူတတ်တာလည်း တွေ့ရပါတယ်..။

ဘေဘီမောင်ကတော့ လက်ရှိအခြေအနေတွေမှာ လိုအပ် နေတဲ့ ပြည်သူတွေ အတွက် တတ်နိုင်သလောက် လှူဒါန်းမှု​တွေနဲ့ ဖေးမကူညီနေသလို အလှူအတန်းတွေလုပ်နေရရင် ပီတိဖြစ်ရတာတွေကိုလည်း ပြောပြလာပါတယ်..။

ဒီကနေ့မှာ သံဃာတော်တွေကို ဆွမ်းကပ်လှူကာ တစ်ပါးချင်းစီ အတွက် ဝတ္တုငွေတွေလည်း ကိုယ်တိုင်ကပ်လှူကာ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကိုလည်း ဝေမျှထားပါသေးတယ်..။

“လှူရတန်းရရင် ပီတိဖြစ်သောကျမ🙏🏻

အလှူရေစက် လက်နဲ့မကွာ🙏🏻🙏🏻🙏🏻..” ဆိုပြီး အလှူပုံရိပ်တွေကို ဘေဘီမောင်က ပြန်လည် မျှဝေထားတာ ဖြစ်ပါတယ်..။

အလှူအတန်းတွေကို မကြာခဏပြုလုပ်ရင်း ကောင်းမှု ကုသိုလ်ယူတတ်တဲ့ ဘေဘီမောင်ရဲ့ အလှူတွေကို ပရိသတ်တွေအားလုံးက သာဓုခေါ်ကာ ဆုတောင်းပေးထားကြတာကိုလည်း Comment တွေမှာ တွေ့ရပါတယ်..။

Photo Credit – Baby Maung’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *