အလုပ်တွေ နားထား ရပေမယ့် ခက်ခဲနေသူ အတွက် ဆေးဖိုးလေး မရမက လှူဒါန်းပေးတဲ့ စူးရှထက်

Posted on

မလွယ်ဘူးထင်ရင် ကိုယ့်ထက်ပိုခက်တဲ့ဘဝတွေကို ကြည့်ပါ ဆိုတဲ့ စကား အတိုင်း မော်ဒယ်စူးရှထက်ဟာ သူမကိုယ်တိုင် ဝင်ငွေမရှိတဲ့ကာလဖြစ်သည့်တိုင် ဆေးဖိုးလိုအပ်နေသူတစ်ယောက်အတွက် ငွေကျပ်ငါးသောင်း လှူဒါန်းပေးခဲ့ပါတယ်။ အမြဲတမ်း ကာလဒါနလေးတွေ လုပ်တတ်သလို မိဘတွေကိုလည်း အနုပညာကြေးလေး နဲ့ ထောက်ပံ့ပေးတဲ့ သမီးလိမ္မာလေးပါ။ ဘုရားတရားလည်းကိုင်းရှိုင်းသလို အလှုအတန်းလည်းလက်မနှေးတတ်ပါဘူး။ မြန်မာ့နွေဦးတော်လှန်ရေးမှာလည်း ပါဝင်ခဲ့သူမို့ ပရိသတ်တွေက အရင်ကထက် ပိုချစ်ပြီး ပိုအားပေး ခဲ့ကြပါတယ်။

လက်ရှိလှူနေတာတွေဟာ ပိုလျှံနေလို့မဟုတ်ဘဲ ဒုက္ခရောက်နေသူတွေ ကို မြင်ပြီး စာနာတဲ့စိတ်နဲ့လှူဒါန်းနေတာဖြစ်တယ်လို့လည်း ပြောခဲ့ဖူးပါသေးတယ်။ ကိုဗစ်ကာလတွေမှာ နိုင်သလောက်လှူဒါန်းသလို လက်ရှိအကျပ်အတည်းအချိန်တွေမှာလည်း ကိုယ်တတ်နိုင်တဲ့ဖက်က တတ်နိုင် သလောက်လေး အမြဲတမ်းလှူပေးခဲ့တဲ့စူးရဲ့ စိတ်စေတနာက တကယ်ကို လေးစားစရာကောင်းလွန်းပါတယ်။ ငွေလိုလို့ စီးနေတဲ့ကားကိုတောင်ရောင်းပစ်ခဲ့ရပေမယ့် လှူနေတာတွေကိုတော့ ရပ်မသွားခဲ့ပါဘူး။

သူမရဲ့ဒါနလေးကို ” ကိုယ်တတ်နိုင်တာလေးနဲ့ ဆေးဖိုး အလှူလေး🥰🥰🥰 ” ဆိုပြီး လှူခဲ့တဲ့မှတ်တမ်းပုံလေးနဲ့ မြင်ရသူတွေမုဒိတာပွား သာဓုခေါ်နိုင်အောင် လူမှုကွန်ယက်မှာ ဝေမျှပေးခဲ့ပါတယ်။ စေတနာထားပြီးအမြဲလှူပေးတဲ့စူးကို ချစ်ခင်တဲ့ပရိသတ်တွေက သာဓုခေါ်ဆိုပေး ခဲ့ကြပါတယ်။ အများကြီးလှူချင်တဲ့ ဆန္ဒတွေပြည့်အောင် အလုပ်တွေအများကြီးပိုလုပ်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်စူးရေ။

Photo Credit – Zar Chi’s FB Acc

zawgyi

မလြယ္ဘူးထင္ရင္ ကိုယ့္ထက္ပိုခက္တဲ့ဘဝေတြကို ၾကည့္ပါ ဆိုတဲ့ စကား အတိုင္း ေမာ္ဒယ္စူးရွထက္ဟာ သူမကိုယ္တိုင္ ဝင္ေငြမရွိတဲ့ကာလျဖစ္သည့္တိုင္ ေဆးဖိုးလိုအပ္ေနသူတစ္ေယာက္အတြက္ ေငြက်ပ္ငါးေသာင္း လႉဒါန္းေပးခဲ့ပါတယ္။ အၿမဲတမ္း ကာလဒါနေလးေတြ လုပ္တတ္သလို မိဘေတြကိုလည္း အႏုပညာေၾကးေလး နဲ႔ ေထာက္ပံ့ေပးတဲ့ သမီးလိမၼာေလးပါ။ ဘုရားတရားလည္းကိုင္းရႈိင္းသလို အလႈအတန္းလည္းလက္မေႏွးတတ္ပါဘူး။ ျမန္မာ့ေႏြဦးေတာ္လွန္ေရးမွာလည္း ပါဝင္ခဲ့သူမို႔ ပရိသတ္ေတြက အရင္ကထက္ ပိုခ်စ္ၿပီး ပိုအားေပး ခဲ့ၾကပါတယ္။

လက္ရွိလႉေနတာေတြဟာ ပိုလွ်ံေနလို႔မဟုတ္ဘဲ ဒုကၡေရာက္ေနသူေတြ ကို ျမင္ၿပီး စာနာတဲ့စိတ္နဲ႔လႉဒါန္းေနတာျဖစ္တယ္လို႔လည္း ေျပာခဲ့ဖူးပါေသးတယ္။ ကိုဗစ္ကာလေတြမွာ ႏိုင္သေလာက္လႉဒါန္းသလို လက္ရွိအက်ပ္အတည္းအခ်ိန္ေတြမွာလည္း ကိုယ္တတ္ႏိုင္တဲ့ဖက္က တတ္ႏိုင္ သေလာက္ေလး အၿမဲတမ္းလႉေပးခဲ့တဲ့စူးရဲ႕ စိတ္ေစတနာက တကယ္ကို ေလးစားစရာေကာင္းလြန္းပါတယ္။ ေငြလိုလို႔ စီးေနတဲ့ကားကိုေတာင္ေရာင္းပစ္ခဲ့ရေပမယ့္ လႉေနတာေတြကိုေတာ့ ရပ္မသြားခဲ့ပါဘူး။

သူမရဲ႕ဒါနေလးကို ” ကိုယ္တတ္ႏိုင္တာေလးနဲ႔ ေဆးဖိုး အလႉေလး🥰🥰🥰 ” ဆိုၿပီး လႉခဲ့တဲ့မွတ္တမ္းပုံေလးနဲ႔ ျမင္ရသူေတြမုဒိတာပြား သာဓုေခၚႏိုင္ေအာင္ လူမႈကြန္ယက္မွာ ေဝမွ်ေပးခဲ့ပါတယ္။ ေစတနာထားၿပီးအၿမဲလႉေပးတဲ့စူးကို ခ်စ္ခင္တဲ့ပရိသတ္ေတြက သာဓုေခၚဆိုေပး ခဲ့ၾကပါတယ္။ အမ်ားႀကီးလႉခ်င္တဲ့ ဆႏၵေတြျပည့္ေအာင္ အလုပ္ေတြအမ်ားႀကီးပိုလုပ္ရပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္စူးေရ။

Photo Credit – Zar Chi’s FB Acc

Leave a Reply

Your email address will not be published. Required fields are marked *