အလာစကာ ဆွေး နွေး ပွဲ အပြီး အဆိုး ဆုံး အခြေအနေ ဖြစ်သွား သော အမေရိကန် နှင့် တရုတ် ဆက်ဆံရေး…

Posted on

အမေရိကန် တရုတ် ဒုတိယနေ့ ဆွေးနွေးပွဲ အဖြေက ပထမနေ့ထက်တောင် အခြေအနေ ဆိုးနေသေးတယ်..

အမေရိကန်နိုင်ငံ အလာစကာမှာ ကျင်းပခဲ့တဲ့ တရုတ် အမေရိကန် အဆင့်မြင့်အရာ ရှိဆွေးနွေးပွဲဟာ ပြီးဆုံးသွားပါပြီ။

ဆွေးနွေးပွဲရလဒ်က ဘယ်လိုဆိုတာ ပြောစရာကိုမလိုလောက်အောင် ဖြစ်ပျက်ခဲ့တာကတော့ အစည်းဝေးပွဲအပြီးမှာ

တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာ အသင့်စောင့်ဆိုင်းသတင်းယူနေတဲ့မီဒီယာကို ကြေငြာချက်တစ်စောင်တစ်လေ မထုတ်ခဲ့တဲ့အပြင် မေးသမျှမေးခွန်းကိုလဲ တစ်ခွန်းမျှဖြေမသွားခဲ့ပါဘူး။

တံခါးဝကထွက်လာတာနဲ့ ယန်နဲ့ ဝမ်ယီရဲ့ ဦးခေါင်းထဲမှာ လေယာဉ်ပေါ်အမြန်တက်ပြီး တရုတ်ကိုပြန်ဖို့သာစိတ်ကူးထားပုံရတယ်။

ပုံမှန်အချိန်ဆိုရင် နှစ်ဖက် ပူးတွဲကြေငြာချက် လိုမျိုးတွေ ရှိခဲ့ပေမဲ့ တရုတ်ကတော့ မျက်နာ ပြောင်တိုက်ပြီးတော့ကို ဝဇီပိတ်ပြီးထွက်သွားလေရဲ့။

အမေရိကန်ကတော့ ကြေငြာချက်ထုတ်တယ်။

အခုစည်းဝေးပွဲမှာ တရုတ်ရဲ့ လားရာ ရည်မှန်းချက် လုပ်ဆောင်မှုတွေ ကို ကွက်ကွက်ကွင်းကွင်း သိလိုက် ရပြီမို့

ဝါရှင်တန်ပြန်ရောက်ရင် သမတကြီးကို တင်ပြပြီး လိုအပ်တာတွေ ပြင်ဆင်မယ်လို့ ပြောခဲ့တယ်။

အမေရိကန်နဲ့ တရုတ် ဆက်ဆံရေးဟာ အဆိုးဆုံးအနေထား မှာ ရောက်နေပါပြီ။

ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ တရုတ်ရဲ့ အလိုကြီး ထင်ရာစိုင်း ဗိုလ်ကျတော့မဲ့ အရိပ်ယောင်တွေဟာ ပီပြင်လာနေတာမို့ တစ်ကမ္ဘာလုံးက စုစည်းပြီး ပြန်လည်ခုခံသွားကြတော့မှာမလွဲမသွေပါ။

တရုတ်ပိုးကြောင့် နာမည်ပျက်ပြီးနေတဲ့အချိန်မှာ ယခုလို တရုတ်သည်သာ အင်အားအကြီးဆုံး ဆိုတဲ့နေရာကို ရတဲ့နည်းနဲ့ယူဖို့လုပ်လာတာဟာဖြင့် အချိန်လွဲနေတယ်လို့ မြင်ပါတယ်။

ဂျိုးဘိုင်ဒန် အနေနဲ့ အမေရိကန်ရဲ့ဂုဏ်သိက္ခာကို ဆွဲတင်တော့မှာ အသေအချာပါပဲ။

မြန်မာပြည်သူတွေစိတ်အေးချမ်းသာစွာ နေရမဲ့ရက်တွေအမြန်ဆုံးရောက်ပါစေ။

CRD

Leave a Reply

Your email address will not be published. Required fields are marked *