ပရိသတ်ကြီးရေ မင်းသမီးချောလေး သင်ဇာဝင့်ကျော် ကတော့ အမြဲတမ်း ပျော်ပျော်နေတတ်ပြီး စိတ်သဘောထားပြည့်ဝတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။လက်ရှိမှာဆိုရင်လည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတဲ့ သင်ဇာက ပရိသတ်တွေအတွက် မရိုးနိုင်သော ဖန်တီးမှုတွေကို အမြဲတမ်းလိုလို တင်ဆက်ပေး နေတာပါ နော်။သင်ဇာက အနုပညာလောက မှာလည်း အောင်မြင်နေတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။
ပရိသတ်တွေကလည်း သင်ဇာ့ရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်မျှော် ကြည့်ရှုနေကြပြီး သူမကို တစ်ခဲနက် အားပေးဝန်းရံနေကြတာဖြစ်ပါတယ်။သင်ဇာက အလှအပနဲ့ပတ်သက်ရင်လည်း ခေါင်းအစခြေအဆုံးကို သေချာထိန်းသိမ်းပြီး လေ့ကျင့်ခန်းလည်း အမြဲလုပ်ဆောင်ပါတယ်နော်။သင်ဇာက လတ်တလောမှာဆိုရင်တော့ အမိုက်စားကကွက်လေးတွေနဲ့ ကထားတဲ့ ဗီဒီယိုဖိုင်လေးတွေ ကို သူမ ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေနေတာဖြစ်ပါတယ်။
အခုဆိုရင်လည်း သင်ဇာက နေ့လည်ခင်းလေးမှာ ထမင်းစားပြီး အိပ်ချင် နေမှာစိုးလို့ သူမရဲ့ပင်တိုင်မိတ်ကပ်ဆရာမတွေနဲ့အတူ Aerobic လေ့ကျင့်ခန်းလေးကို ပျော်ပျော်ပါးပါးလုပ်နေကြတာဖြစ်ပါတယ်။သူမရဲ့မိတ်ကပ်ဆရာမတွေကလည်း သင်ဇာလုပ်တဲ့အတိုင်း နောက်ကနေ သေသေချာချာလိုက်လုပ်ကြပြီး ပျော်ရွှင်နေကြတဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေး လိုက်ပါရစေနော်။
Source&Video Credit:Thin Zar Wint Kyaw’s Facebook Account