တစ်ခေတ်တစ်ခါက ရုပ်ရှင်လောကမှာ နာမည်ကြီးခဲ့တဲ့ မင်းသမီး ချောလေး ဂန္တဝင်က အခုထိတိုင် ပရိသတ်တွေ ရဲ့ရင်ထဲ မှာ ခိုအောင်းနေသေးတဲ့ သူလေးပါ။ အရွယ်တစ်ခုကို ရောက်ရှိလာပြီသလို အရင်ကထက်လည်း ပိုပြီးလှလာတဲ့ ဂန္တဝင်က အနုပညာ အလုပ်တွေထက် လူမှုရေး၊ ဘာသာရေးများကို ပိုမိုလုပ်ကိုင်ဖြစ်နေပါတယ်။
အနုပညာအလုပ်တွေကို မလုပ်ဖြစ်တော့ပေမယ့် ပရိသတ်တွေ နဲ့ ရင်းနှီးမှုရှိအောင် သူမရဲ့နေ့စဉ်လှုပ်ရှားမှုပုံလေးတွေကို သူမရဲ့ ကိုယ်ပိုင်အကောင့်မှာ မကြာခဏတင်ပေးတတ်သူလေးပါ။ ဂန္တဝင်ကို အများအားဖြင့် လုံလုံခြုံခြံုရိုးရိုးရှင်းရှင်းလေးတွေနဲ့သာ အမြင်များ ပေမယ့် ဒီတစ်ခါမှာတော့ ခေတ်ရေစီးကြောင်းအလိုက် ပြောင်းလဲလာတဲ့ ဖက်ရှင် အလန်းစားနဲ့ ဂေါ်နေတာကို တွေ့ရပါတယ်။
သာယာလှပတဲ့ နေရာလေးကို သွားရောက် လည်ပတ်ရင်း ရေဆော့ ကစားကာ အပန်းဖြေပျော်ရွှင်နေတဲ့ ဂန္တဝင်ကို ရေကူးဝတ်စုံအမိုက်စားလေးနဲ့ လန်းနေတာကို တွေ့ရပါတယ်။ ဂန္တဝင်က” တောင်တွေကာရံထားတဲ့ ရေကန်အလယ်မှာ” ဆိုကာ အရမ်းကို မိမိုက်လှပနေတဲ့ ပုံလေးတွေကို ချပြလိုက်ပါတယ်။
Photo :Gantawin Facebook
Crd- #Burmese Crush #
zawgyi
Crd- #Burmese Crush #