“အရေး တော်ပုံ မအောင် မမြင် မချင်း ကျမ တို့အိမ် ကနေ ကျွေးမွေး မယ့်” – ထားဝယ်မြို့က အလှူရှင်

Posted on

စစ်အာဏာရှင်စနစ် ပြုတ်ကျတဲ့အထိ ထမင်း ဟင်း အလှူ ပြုလုပ်သွားမယ် လို့ အလှူရှင်မိသားစုက ပြောပါတယ်။

ဒီလှူဒါန်းကျွေးမွေးတာကို မြို့တွင်း ရပ်ကွက်က နေအိမ်တခု မှာ ပြီးခဲ့တဲ့

ဖေဖော်ဝါရီ ၁၇ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး မနက် ၈ နာရီကနေ ည ၈နာရီအထိ

ထမင်းဟင်း အပါအဝင် ထားဝယ်မုန့်လက်သုပ်၊ ငပိရည် ကျိုမုန့်ဖတ်၊ ထမင်းကြော်၊ ခေါက်ဆွဲကြော်

စတာတွေကို နေ့စဉ်ကျွေးနေတာလို့ အလှူရှင် ဦးနေဝင်း မိသားစုက ပြောပါတယ်။

“အာဏာရှင်စနစ် လုံးဝမလိုချင်တာကြောင့် အရေးတော်ပုံမအောင် မမြင်မချင်း ကျမတို့ အိမ်ကနေ ကျွေးမွေးမယ်။

နယ်ကနေ ဆန္ဒပြတဲ့သူတွေ စားရေးသောက်ရေး အဆင်မပြေတာ ကြားလို့ အခုလို့ လှူဒါန်းဖို့ စီစဉ်တာ။

အရေးတော်ပုံကြီး အောင်မြင်တဲ့အထိ ကျွေးမွေးပါ့မယ်လို့ ကတိ ပြုပါတယ်” လို့ ပြောပါတယ်။

အခုလို ကျွေးမွေးနိုင်ဖို့ သူတို့မိသားစုအပြင် သူငယ်ချင်းတွေ အပါအဝင် အလှူ ငွေ ဝိုင်းဝန်း ထည့်ဝင်ကြတယ်လို့

အလှူရှင် အမျိုးသမီးက ပြောပါတယ်။

တနင်္သာရီတိုင်းမှာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြပွဲတွေကို ထားဝယ်၊ သရက်ချောင်း၊

လောင်းလုံးနဲ့ ရေဖြူ ၄ မြို့နယ် ပူးပေါင်းပြီး ထားဝယ်မြို့မှာ နေ့စဉ်အင်အား သိန်းချီ ဆင်နွှဲနေကြတာပါ။

Source: DVBceleupdatenews

Leave a Reply

Your email address will not be published. Required fields are marked *